Exit print mode Print Data A+ A- Undo all

How to Lose a Guy in 10 Days (2003)

One of them is lying. So is the other.
How to Lose a Guy in 10 Days (2003)How to Lose a Guy in 10 Days (2003)

Synopsis:

How to Lose a Guy in 10 Days (2003)

~ IMDb – 6.5/10, Rotten Tomatoes – 42% ~

442

Kate Hudson နဲ့ Matthew McConaughey တို့လို နာမည်ကျော်ထဲက နာမည်ကျော်သရုပ်ဆောင်တွေ ဇာတ်ဆောင်လုပ်ထားတဲ့ ရိုမန့်တစ်ဟာသကားပေါ့။ ဘာထူးခြားလဲဆိုရင်တော့ အခုထိ မကြည့်ဖြစ်သေးရင်တော့ မရတာကြာတဲ့အရသာတစ်ခုပြန်ရလိမ့်မယ်။ ဟိုးတုန်းက ကျွန်တော်တို့ကြည့်ဖူးခဲ့တဲ့ ဟောလိဝုဒ်အချစ်ရိုမန့်တစ်ကားတွေက တခြားကထွက်တဲ့ရိုမန့်တစ်ကားတွေနဲ့ မတူတဲ့အရသာတစ်ခုရှိတယ်။ အဲဒီလိုအရသာမျိုးကို ၂၀၀၀ခုနှစ်ပတ်လည်နားက ကားတွေမှာတော့ ကျွန်တော်တို့ရခဲ့ကြပေမဲ့ ဒီဘက်ခေတ်မှာတော့ အဲဒီလိုပုံစံတွေ ပြန်ရိုက်ရင်တောင် အဲဒီအရသာပါမလာတော့တာ သတ်လတ်ပိုင်းတော်တော်များများတော့ သိကြမှာပါ။ How to Lose a Guy in 10 Days (2003)က ထူးထူးခြားခြားကောင်းနေတဲ့ ရုပ်ရှင်တော့ မဟုတ်ပေမဲ့ အဲဒီလိုအရသာမျိုးကို ပြန်ပေးနိုင်တဲ့ ကြည့်ကောင်းတဲ့ဇာတ်လမ်းဆိုတော့ ကြည့်ကိုကြည့်သင့်တယ်လို့ ပြောရမှာပါပဲ။ Kate Hudson ရဲ့အလှတွေကိုလည်း ပြန်လည်ခံစားရမယ့် ရုပ်ရှင်လည်းဟုတ်တယ်။

ဇာတ်လမ်းနောက်ခံကတော့ ကြော်ငြာလောကနဲ့ မဂ္ဂဇင်းလောကပေါ့။ မင်းသားက ကြော်ငြာသမား၊ မင်းသမီးက အမျိုးသမီးမဂ္ဂဇင်းက ဆောင်းပါးရှင်။ မင်းသမီးက How to ဆောင်းပါးတွေကို ကိုင်ထားတဲ့သူ။ How to ဆောင်းပါးဆိုတာက How to Flirt with Your Crush (ခွက်ရှ်နဲ့အီနည်း) How to Clean a Toilet the Right Way (နည်းမှန်လမ်းမှန် အိမ်သာတိုက်နည်း) တို့လို နည်းပေးလမ်းပြဆောင်းပါးတွေပေါ့။ ဒီတစ်ခါ မင်းသမီးလက်တွေ့ကွင်းဆင်းပြီး ရေးဖို့ ရွေးလိုက်တဲ့ဆောင်းပါးက How to Lose a Guy in 10 Days (၁၀ရက်အတွင်း ဘဲဖြတ်နည်း) ဒီတော့ မင်းသမီးက မရှိတဲ့ဘဲကို အရင်မဖြတ်ခင် ဘဲအရင်ရဖို့ ပါတီတစ်ခုမှာဖန်တယ်။ အဲဒီပါတီမှာရှိနေတဲ့ မင်းသားက သူလိုချင်တဲ့ ကြော်ငြာရဖို့ သူ့အလုပ်ရှင်နဲ့သူ့ပြိုင်ဘက်တွေနဲ့ အလောင်းအစားလုပ်လိုက်တယ်။ သူက ဘယ်မိန်းမကိုမဆို သူ့ကိုချစ်လာအောင် လုပ်နိုင်တယ်အာချောင်ထားတာ။ နောက်၁၀ရက်နေ သူတို့အလုပ်ကလုပ်မယ့် ကြော်ငြာပွဲရှိတယ်။ အဲဒီမတိုင်ခင် သူက မိန်းမတစ်ယောက်က သူ့ကိုချစ်မိသွားအောင်လုပ်ရမှာ။ ဒီတော့ ၁၀ရက်အတွင်း ဘဲဖြတ်ဖို့ ဘဲအရင်ရှာနေတဲ့မင်းသမီးနဲ့ ၁၀ရက်အတွင်း မိန်းမတစ်ယောက်ရဲ့အချစ်ကိုရဖို့လုပ်မယ့်မင်းသားနဲ့ အဲဒီပါတီမှာ တစ်ယောက်ကိုတစ်ယောက် ပစ်မှတ်လုပ်လိုက်ကြတယ်။ ပြီးတော့ သူတို့တွဲဖြစ်သွားတယ်။

How to Lose a Guy in 10 Days ဟာ ၁၀ရက်ဆိုတဲ့ အချိန်အတွင်း တစ်ယောက်ကချစ်လာအောင်၊ တစ်ယောက်ကစိတ်ကုန်အောင် အပြိုင်အဆိုင်လုပ်ကြတဲ့အကြောင်းကို ဟာသတွေအပြည့်နဲ့ ရိုက်ပြထားတဲ့ဇာတ်လမ်းပါပဲ။ ဟောလိဝုဒ်ရဲ့ ရိုမန့်တစ်ဟာသအရသာဟောင်းကို အပြည့်အဝရမယ့် ရုပ်ရှင်ဆိုလည်း မမှားဘူး။ ခေတ်ကြီးနဲ့ ခဏလောက်ဖြစ်ဖြစ် ကတ္တားခြားသွားအောင် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် အချစ်ဟာသကားပေါ့။

(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.9GB, 1.3GB
Quality – BluRay 1080p HEVC, 720p
IMDb Rating – 6.5/10
Format – mp4
Duration – 1H 56Min
Genre – Feel-Good Romance, Romantic Comedy, Comedy, Romance
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Donald Petrie
Stars
Adam Goldberg, Annie Parisse, Bebe Neuwirth, Kate Hudson, Kathryn Hahn, Matthew McConaughey, Michael Michele, Robert Klein, Shalom Harlow, Thomas Lennon
Release Date
2003
Rated
PG-13
Runtime
1h 56m
Awards
1 win & 8 nominations
Country
United States
Budget
USD $50 000 000,00
Revenue
USD $177 371 441,00
Popularity
7.658836
Status
Released
ID IMDb.com
tt0251127
IMDB Rating
6.5
IMDB votes
282000
ID Themoviedb.org
9919
TMDb Rating
6.3
TMDb votes
956