Exit print mode Print Data A+ A- Undo all

Home on the Range (2004)

Bust a Moo
Home on the Range (2004)Home on the Range (2004)

Synopsis:

442

 

Disney ရဲ့ ဇာတ်​ကား​ဟောင်း​လေး တစ်ကားဖြစ်တဲ့ Home​on the Range ဆိုတဲ့​ ဟာသ animation ရုပ်ရှင်​လေးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့ old but gold ဇာတ်​ကား​ဖြစ်​ပြီး ရုပ်ရှင်​ရဲ့​အမည်​Home​ on the Range​ က အမေရိကန်​တောင်​ပိုင်း​ဒေသ​ရဲ့ ဂန္တဝင်​သီချင်း​ကနေ ယူထားတာဖြစ်ပါတယ်။ အမေရိကရဲ့ Wild Wild West လို့ခေါ်တဲ့ အနောက်​ဘက်​ဒေသ​ရဲ့ ကောင်း​ဘွိုင်​ခေတ်​မှာ အခြေ​ပြု​ထားတာဖြစ်ပေမဲ့ အဓိက​ဇာတ်​ကောင်​တွေက ကောင်း​ဘွိုင်​တွေ မဟုတ်​ဘဲ နွား​မတွေပါ။

ဇာတ်လမ်း​အကျဥ်း​ကတော့ နီဘရာစကားပြည်နယ်တစ်နေရာမှာ ကောင်း​ကင်​ဘုံ​စား​ကျက်​မြေ ဆိုတဲ့ ယာတောလေးတစ်ခုရှိပြီး အဲဒီခြံမှာနေတဲ့ တိရစ္ဆာန်​တွေ​ကို ခြံရှင်ဖြစ်သူ မစ္စ​ပါးလ်က မိသားစု​ဝင်တွေလို သဘော​ထား​ပြီး အတူပျော်ရွှင်စွာ နေထိုင်​ကြပါ​တယ်။ ဒါပေမဲ့​ ပြည်နယ်​တဝိုက်မှာ အလာမီဒါဆလင်း ဆိုတဲ့​ နာမည်​ကျော်​နွားခိုးသမား လက်​ချက်​ကြောင့် ခြံရှင်လယ်သမား အတော်များများ​ ဒုက္ခ​ရောက်​နေကြ​ပါတယ်။

အလာမီဒါဆလင်း​ရဲ့ ပယောဂ​ကြောင့်​ မစ္စ​ပါး​လ်ရဲ့ ကောင်း​ကင်ဘုံ​စား​ကျက်မြေ ခြံ​လေးလည်း ဘဏ်ကြွေးနဲ့ အသိမ်း​ခံရတော့မှာဖြစ်ပါတယ်။ ဒါကြောင့်​ ခြံထဲက နွား​မသုံးကောင်ဖြစ်တဲ့ မက်​ဂီ၊ ဂရေ့စ်နဲ့ ကယ်​လို​ဝေး တို့​သုံး​ကောင်​က လူဆိုး​ကြီးဆလင်းကို ဖမ်းဆီး​ပြီး ရတဲ့​ဆုငွေ​နဲ့ ခြံ​ကိုပြန်ရွေးမယ်လို့ ဆုံးဖြတ်​လိုက်ပြီး သုံးကောင်သား ဗရုတ်သုတ်ခ​ စွန့်​စား​ခန်း​တွေဖွင့်ကြပုံကို ကြည့်​ရှု​ရမှာပါ။

ပျော်ရွှင်​ကြည်​နူး​စရာ​ကောင်း​သလို မိသားစု၊ မိတ်ဆွေ​တို့အကြား သံယောဇဉ်​တွေကိုလည်း ဟာသ​ရုပ်ရှင်​ဖြစ်ပေမဲ့ လှလှ​ပပ ထည့်သွင်းပေးထားတဲ့အပြင် ဒစ္စနေထုံးစံအတိုင်း happy ending လည်း​ဖြစ်တာမလို့ rating နည်း​တာတွေခဏမေ့ထားပြီး အချိန်​တစ်နာရီ စွန်းစွန်းပဲ ကြာတဲ့ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်လို့ နောင်​တရမယ်လို့ မထင်​ပါဘူး။

 

File size…(1.7 GB)/(915 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:16:00
Genre… Animation, Family 
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Wolfenheim 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $110 000 000,00
Revenue
USD $145 358 062,00
Popularity
43.18
Status
Released
ID IMDb.com
13700
ID Themoviedb.org
13700
TMDb Rating
6.049
TMDb votes
1975