လေယာဉ်အနုကြမ်းစီးတယ်ဆိုတာ တော်ရုံတန်ရုံမလွယ်ကူတဲ့အတွက်
အဲ့လိုလုပ်တဲ့လူတွေနည်းသလို ထွက်ရှိထားတဲ့ရုပ်ရှင်တွေကလည်း
နည်းပါးပါတယ်။အဲ့ဒီနည်းပါးတဲ့ထဲကမှ ၁၉၉၃ ခုနှစ် နိုက်ဂျီးရီးယား
နိုင်ငံမှာဖြစ်ခဲ့တဲ့လေယာဥ်အနုကြမ်းစီးမှုကို အခြေခံပြီးပြန်လည်
ရိုက်ကူးထားတဲ့ Hijack ’93 လို့ခေါ်တဲ့ဖြစ်ရပ်မှန်နိုက်ဂျီးရီးယား
ဇာတ်ကားတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
နိုက်ဂျီးရီးယားတွေကသိတဲ့အတိုင်း တစ်ခါတစ်လေမှာနိုင်ငံတကာနဲ့
ရင်ဘောင်တန်းနိုင်တဲ့ဇာတ်ကားတွေရိုက်ကူးနိုင်တဲ့အတွက်
ဒီကားလည်းနိုင်ငံတကာအဆင့်မှီလား ကောင်းလားဆိုတာကိုတော့
ကြည့်ရှုသူပရိသတ်တွေပဲ ဆုံးဖြတ်သင့်ပါတယ်။
ဒီ ၁၉၉၃ ခုနှစ်မှာဖြစ်ခဲ့တဲ့လေယာဉ်အနုကြမ်းစီးမှု ဘယ်ကနေ
စတာလဲပြောရရင်တော့ အခုထက်ထိမပြီးဆုံးသေးတဲ့စစ်အာဏာရှင်
အစိုးရရဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေအောက်မှာ မခံမရပ်နိုင်ဖြစ်လာတဲ့
တော်လှန်ရေးတပ်ဖွဲ့တွေကနေစတာပါပဲ။
တစ်နိုင်ငံလုံးဖြစ်ချင်ရာဖြစ် လူနည်းစုကောင်းစားရေးပဲလုပ်နေတဲ့
အစိုးရကိုဖြုတ်ချပြီး ဒီမိုကရေစီစနစ်နဲ့ရွေးချယ်ထားတဲ့သမ္မတကို
အာဏာပြန်ပေးဖို့တောင်းဆိုဖို့အတွက် နိုက်ဂျီးရီးယားနိုင်ငံသား
လူငယ် ၄ ယောက်က လေယာဉ်တစ်စီးကိုအနုကြမ်းစီးခဲ့ပါ
တော့တယ်။အစီအစဉ်တွေကတော့ကောင်းကောင်းချထားပေမဲ့
တကယ်တမ်းအကောင်အထည်ဖော်တဲ့အခါမှာအခက်အခဲတွေ
ရှိလာတဲ့အခါမှာတော့ ခရီးသည်တွေအပြည့်ဓားစာခံအနေနဲ့
အဖမ်းခံထားရတဲ့လေယာဉ်တစ်စီး တော်လှန်ရေးလူငယ် ၄ ယောက်နဲ့
နိုက်ဂျီးရီးယားအစိုးရတို့ကြားမှာ ဘယ်လိုညှိနှိုင်းမှုတွေ လုပ်ဆောင်မှုတွေ
လုပ်ကြမလဲဆိုတဲ့စိတ်ဝင်စားစရာအဖြစ်အပျက်တွေကို ရုပ်ရှင်အနေနဲ့
ပြန်လည်ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။
File size… (1.50GB) / (746MB )
Quality… WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration….1h 27m
Genre ….. Drama , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။