Hasee Toh Phasee (2014)
***********************
ဒီဇာတ်ကားလေးကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိထားတဲ့
ပရိတ်သတ်အသဲစွဲ မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ ဆစ်ဒါးသ်မယ်လိုတရာ၊ ပရီနီသီးချိုပရာနဲ့ အာဒါးရှရ်မာတို့ရဲ့
Romance/Comedy အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကား
ဖြစ်ပြီး IMDb rating (6.8) နဲ့ Rotten Tomatoes (80%)ထိရရှိထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့…
နစ်ခေးလ်က တက်သစ်စစီးပွားရေးသမားတစ်ယောက်ဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူငယ်တစ်ယောက်ပါ။
သူ့မှာ ကာရစ်ရှ်မာဆိုတဲ့ တွေ့တိုင်းရစ်တဲ့ ရစ်စိန်ချစ်သူလေးတစ်ယောက်ရှိပါတယ်။
နစ်ခေးလ်က ကာရစ်ရှ်မာ ဘယ်လောက် ရစ်ရစ် မပြတ်နိုင်ခဲ့ပါဘူး။
လူကလဲရုပ်ချော စီးပွားရေးသမားလဲဖြစ်ဆိုတော့ နစ်ခေးလ်ကို ကာရစ်ရှ်မာက အမြဲသဝန်တိုပြီး အမြင်ကမကြည်ပါဘူး။
နစ်ခေးလ်ကတော့ မိန်းကလေးတစ်ယောက်ဆို တစ်ယောက်ပဲတွဲမယ်လို့ သံဓိဌာန်ချထားတဲ့လူပါ။
ဒါပေမယ့် သူတို့ရဲ့ ချစ်သူသက်တမ်း ၇ နှစ်တာကာလက သံယောဇဉ်တွေက သူတို့နှစ်ယောက်ကို အဆုံးမှာရွှေလက်တွဲသွားစေမလား….
တစ်ယောက်ဆိုတစ်ယောက်ပဲဆိုတဲ့ နစ်ခေးလ်အတွက်ရော နောက်တစ်ယောက်ပေါ်လာဦးမလား…
ကာရစ်ရှ်မာဆိုတဲ့ ရစ်စိန်လေးကရော နစ်ခေးလ်နဲ့ အပ်စပ်ရဲ့လားဆိုတာ….။
“ကမ္ဘာမှာတန်ဖိုးအကြီးဆုံးအရာ မေတ္တာမဟုတ်ဘူးလား”
တစ်ယောက်ကိုတစ်ယောက်မေတ္တာနဲ့နှောင်ကြိုးဖွဲ့သီကြမယ့်ချစ်သူတွေဆိုတာ ဘယ်လိုမျိုးလဲဆိုတာ လိုက်ပါခံစားကြည့်ကြပါဦး။
(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik Sanနဲ့ KKKZ တို့မှ တင်ဆက်ထားပါတယ်။)
File size…(3 GB)/(1.3 GB)
Quality….BluRay 1080p /720p
Format…mp4
Duration….02:21:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Thaik San & KKKZ
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။