Exit print mode Print Data A+ A- Undo all

Ghost Cat Anzu (2024)

Ghost Cat Anzu (2024)Ghost Cat Anzu (2024)

Synopsis:

မနှစ်ကထွက်ရှိထားတဲ့ တစ်ကားတည်း Anime ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါရစေ။

Karin ဆိုတဲ့ ၁၁ နှစ်အရွယ် ကောင်မလေးဟာ ဖခင်ဖြစ်သူက ငွေတိုးချေးရင်း ပြန်မဆပ်နိုင်ပဲ အသေထွက်ပြေးနေရလို့

442

သားအဖနှစ်ယောက်သား နယ်မြို့လေးက အဘိုးရှိရာ ဘုရားကျောင်းကို ရောက်ချလာပါတယ်။

နောက်ကျတော့ အဘိုးလက်ကိုအပ်ပြီး ဖအေဖြစ်သူက လွတ်ရာကျွတ်ရာကို ထွက်သွားပြန်တော့မယ်။

အဲဒီမှာ Karin တစ်ယောက် အမေဖြစ်သူကလည်း ဆုံး အဖေကလည်း ပစ်ထားသွားတော့ အဘိုးနဲ့ ဘုရားကျောင်းမှာနေတုန်း

လူအရွယ်လောက်ရှိပြီး လူစကားပြောတတ်တဲ့ ကြောင်ကြီး Anzu နဲ့ တွေ့ရပါတော့တယ်။

အဲဒီမှာ ဒီကြောင်ကြီးက ဘာကြီးတုန်း၊ Karin တစ်ယောက် မိတဆိုးဖတဆိုးလေး ဖြစ်နေတော့ ဘယ်လိုတွေ ဆိုးပေမလဲ၊

အမေဖြစ်သူ နှစ်ပတ်လည်ကို ရောက်မလာတဲ့ ဖအေကြောင့် စိတ်ဆိုးဆိုးနဲ့ ပုံပြောင်း ကြောင်သရဲကြီး Anzu နဲ့ အတူတူ ဘယ်လိုတွေ စွန့်စားခန်းထွက်ကြမလဲဆိုတာ

ပေါ့ပေါ့ပါးပါ ကြည့်ရှုခံစားရမယ့် Anime ကားကောင်းလေး ဖြစ်ပါတယ်ဗျာ။

ဂျပန် Anime ထုံးစံအတိုင်း ဒီထဲမှာလည်း ဒဏ္ဍာရီလာ သတ္တဝါလေးတွေ ထည့်သွင်းထားတာပါ။

Ghost Cat (Bakeneko) ဆိုတာက ပုံသဏ္ဍာန်ပြောင်းနိုင်တဲ့ ကြောင်လိုလူလို မကောင်းဆိုးဝါးတစ်ကောင်တစ်မျိုးပေါ့။

ဒီထဲမှာတော့ ဂါဖီးလ်လိုရုပ်ကြီးနဲ့ ချစ်စရာကောင်းအောင် တင်ဆက်ထားပါတယ်။

Motion နေရာ Animation လေးတွေ အပြစ်နည်းနည်းဆိုချင်စရာ ရှိပေမဲ့ Background တွေက ခဲပန်းချီလေးလို လှနေတာရယ်

ဇာတ်လမ်းလေးက မပျင်းရပဲ ခပ်မြူးမြူးနဲ့ သွက်တာကြောင့် အပျင်းပြေစေမှာတော့ သေချာပါတယ်။

စိတ်ကူးယဉ် ဇာတ်ကောင်လေးတွေ စိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမဲ့ ၁၀ နှစ်ကျော် ကလေးတစ်ယောက်ရဲ့ မိဘအပေါ် ဆုံးရှုံးမှုတွေ ပူဆွေးရမှုတွေ

အကူအညီလိုတတ်ကြတာတွေကို ရှုထောင့်လေးတစ်ခုကနေ ပညာပေးထားတာဆိုရင်လည်း မှားမယ်လို့ မထင်ပါဘူးဗျာ..။

 

File size… 1.4 GB, 569 MB
Quality… WEB-DL 1080p / 720p
Format… mp4
Duration…. 1h 37m
Genre ….. Drama, Family, Fantasy
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated… by Thura Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
17.928
Status
Released
ID IMDb.com
tt28036831
IMDB Rating
6.5
ID Themoviedb.org
1030588
TMDb Rating
6.8
TMDb votes
12