Exit print mode Print Data A+ A- Undo all

Faultline (2024)

Family ties. Dark secrets. Deadly consequences.
Faultline (2024)Faultline (2024)

Synopsis:

442

Imdb rating – 6.0/10 ထွက်​ရှိထားတာ မကြာသေးတဲ့ ဒီဇာတ်ကားက Drama/Mystery အမျိုးအစား​ဖြစ်​ပြီး ဒါရိုက်တာ​ Anna Cooley ရိုက်​ကူး​ပေး​ထားတာ ဖြစ်​ပါတယ်​။

ဇာတ်​ကောင်​ အနည်းငယ်​သာ အသုံးပြု​ထားပြီး ဒရာမာနဲ့ အက်​ရှင်ပိုင်းထက် Mystery​ ဖက်ကို​ အားပြု​ထား​ပါတယ်​။ ဇာတ်လမ်း​အကျဥ်း​ကတော့ Paige Tennant ဟာ အောင်မြင်​တဲ့ ရှေ့​နေအမျိုးသမီးဖြစ်ပြီး ကုမ္ပဏီ​ကြီးတစ်ခုမှာ ဥပဒေ​အကြံပေးအဖြစ် လုပ်​ကိုင်နေသူဖြစ်ပါတယ်။ တစ်​နေ့မှာ​ ဖီးနစ်ဂိုးလ် လို့​ခေါ်​တဲ့ ရွှေ​တူးဖော်​ရေးကုမ္ပဏီ ပိုင်ဆိုင်​တဲ့ သတ္တု​တွင်း​တစ်​ခု ပြို​ကျသွား​တဲ့အခါ Paige အလုပ်​လုပ်​နေ​တဲ့ ကုမ္ပဏီ​ကြီး​နဲ့ ဖီးနစ်ဂိုးလ်​ ကုမ္ပဏီ​တို့ ပူးပေါင်း​ဖို့ အကြောင်း​ဖန်​လာပါတယ်။ တကယ်​တော့ Paige ရဲ့ အမေဖြစ်သူက ဖီးနစ်ဂိုးလ်​မှာ ဝန်ထမ်း​လုပ်ဖူးပြီး ကိုယ့်ကိုယ်ကို​ အဆုံး​စီရင်​ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်​ Paige လည်း​ လုပ်​ငန်း​ကိစ္စ​ညှိဖို့ ဖီးနစ်ဂိုးလ်​ကုမ္ပဏီ အခြေစိုက်​တဲ့ မြို့​လေး​တစ်​ဖြစ်​လည်း​ သူကလေးဘဝက နေခဲ့​ဖူးတဲ့ မြို့​လေးကို ပြန်​လာခဲ့ပါတယ်။ အဲဒီ​မြို့​မှာ Paige ရဲ့ ညီမဖြစ်သူ Jesse လည်း ရှိတဲ့​အတွက်​ ညီအစ်မ​နှစ်ယောက်​ ပြန်​ဆုံ​မိကြပါတော့တယ်။

တစ်ချိန်​တည်း​မှာ​ သူတို့​ညီအစ်မ​ရဲ့ အမေဖြစ်သူ Eve​ Tennant သေဆုံး​မှုဟာ သွေးရိုးသားရိုး မဟုတ်​ကြောင်း​ သိလိုက်ရ​ချိန်​မှာတော့ နှစ်​ဦး​သား အဖြစ်​မှန်​ကို စုံစမ်း​ကြပါတော့တယ်။ ဇာတ်လမ်း​အေးပြီး စုံ​ထောက်​ခြင်း​နဲ့ လျှို့ဝှက်​ဆန်းကြယ်​ခြင်းဖက်ကို အား​ပြုထားတဲ့အပြင် ဒရာမာ​ elements တွေ​ပါ ထည့်သွင်း​ထား​လို့ ကြည့်လေ့ကြည့်ထ မရှိသူတွေအတွက် ပျင်း​စရာ​ကောင်း​ပါလိမ့်မယ်​။ ဒရာမာ​နဲ့ စုံထောက်​ဆန်​ဆန်​ ဇာတ်လမ်း​မျိုး​ နှစ်​သက်​ရင်တော့ ကြည့်ရှုနိုင်ပါတယ်။

File size…(778 MB)/(450 MB)
Quality….Webrip HEVC 1080p / 720p
Format…mp4/ mkv
Duration….01:48:00
Genre…Drama, Thriller, Crime 
Subtitle….Myanmar Subtitle (Hardsub)
Encoder….Swan Min Htet
Translated by Wolfenheim



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
1.0350000000000001
Status
Released
ID IMDb.com
1174521
ID Themoviedb.org
1174521
TMDb Rating
4
TMDb votes
1