Er-Lang God of the New Legend of Deification ( 2023 )


Synopsis:
တရုတ်ဒဏ္ဍာရီပုံပြင်တွေထဲမှာ မျက်စိသုံးလုံးပါတဲ့
အာ့လန်နတ်မင်းကို တွေ့ဖူးကြမယ်ထင်ပါတယ်။
ဒီရုပ်ရှင်လေးကတော့ အာ့လန်တစ်ယောက် နတ်မင်းမဖြစ်ခင်က
သာမန်လူသားဘဝနဲ့ ဖြတ်သန်းခဲ့တဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့-
ယန်ကျန်ဟာ အဖေနဲ့ညီမလေးနဲ့အတူ ကြီးပြင်းလာခဲ့ပြီး အမေက ဘယ်သူလဲဆိုတာ
သိချင်နေတဲ့ အသက် ၂၀ အရွယ် လူငယ်လေးတစ်ယောက် ဖြစ်ပါတယ်။
တစ်နေ့မှာ ရွာထဲက ကလေးခိုးသွားတဲ့ မိစ္ဆာတစ်ကောင်နောက်လိုက်ခဲ့ပြီး
သူက လူတစ်ပိုင်း နတ်တစ်ပိုင်းဖြစ်ကြောင်း သိခဲ့ရပါတယ်။
သူက အတင်းအကြပ်မေးတဲ့အတွက် သူ့အဖေကလည်း မတတ်နိုင်တော့ဘဲ
ယန်ကျန်ရဲ့ အမေက နတ်သမီးတစ်ပါးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ က
မီးမိစ္ဆာကြီး ချုံမင်ကို နှိမ်နင်းဖို့အတွက်
မက်မွန်တောင်အောက်မှာ အပိတ်ခံထားရကြောင်း သိခဲ့ပါတယ်။
အမေ့ကို ကယ်ဖို့အတွက် တားမြစ်စည်းထဲ ဝင်သွားတဲ့
ယန်ကျန်ကို ဘယ်လို စိန်ခေါ်မှုမျိုးတွေက စောင့်နေမလဲ……
သူတို့ သားအမိတစ်တွေ ပြန်ဆုံစည်းရပါ့မလား……
မိစ္ဆာကြီး ချုံမင်ကရော ဘယ်လို အန္တရာယ်မျိုးတွေ ရှိနေမလဲ……
ဆိုတာကို ရုပ်ရှင်ကိုပဲ ဆက်ကြည့်လိုက်ရအောင်နော်။
Filesize : 1.07 GB / 600 MB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mkv
Genres : Action , Fantasy
Runtime : 1h 10 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Moon
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။