ကျွန်တော်တို့ CM ကနေ ဒီတစ်ခါမှာတော့ ၂၀၂၃ ခုနှစ်ထွက်
IMDB 5.1 ရထားတဲ့ Ampire V ဆိုတဲ့ ရုရှားသွေးစုပ်ဖုတ်ကောင်ဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ရုရှားမင်းသားကြီး Igor Zhizhikin,
တက်သစ်စမင်းသား Pavel Tabakov နဲ့ မင်းသမီးချော Marina Zudina တို့က
အဓိကပါဝင်ထားကြပါတယ်။
လူ့ဘဝကြီးရဲ့အဓိပ္ပာယ်ကို မေးခွန်းထုတ်နေတဲ့ အညတရရိုမန်ဟာ ဘဝကိုရည်ရွယ်ချက်မရှိဖြတ်သန်းနေပါတယ်။
တစ်ရက်မှာ မျှော်လင့်မထားပဲ သွေးစုပ်ဖုတ်ကောင်တစ်ကောင်အကိုက်ခံလိုက်ရပြီ သူ့နေရာကို
သွေးစုပ်ဖုတ်ကောင်အဖြစ်ဆက်ခံဖို့ ဖြစ်လာပါတယ် ။ သွေးစုပ်ဖုတ်ကောင်ဖြစ်လာတဲ့အခါ
ရိုမန်ဟာ သွေးစုပ်ဖုတ်ကောင်တစ်ယောက်ရဲ့ နေထိုင်ပုံစံကိုလေ့လာရတယ်။
အရင်ကသူသိခဲ့တဲ့ သာမန်သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတွေအစား အာဏာ၊ ပိုက်ဆံ၊ ကြွယ်ဝမှုတွေနဲ့ ပတ်ရစ်ထားတဲ့
သွေးစုပ်ဖုတ်ကောင်လောကကြီးကို ထိတွေ့ခွင့်ရလာပါတယ် ။ လူ့သမိုင်းကြောင်းတစ်လျှောက်မှာ
သွေးစုပ်ဖုတ်ကောင်တွေပါဝင်ခဲ့ပုံသိလာပြီးနောက် ရိုမန်ဟာ ဒီစနစ်ကြီးရဲ့အောက်မှာ
မိမိရဲ့ ခံယူချက်နဲ့ဖြစ်တည်မှုကို မေးခွန်းထုတ်ရင်း စနစ်ကိုကိုယ်ကျိုးအတွက်အမြတ်ထုတ်နေတဲ့
အခြားသွေးစုပ်ဖုတ်ကောင်တွေကို ရှင်းလင်းဖို့ ဖြစ်လာပါတယ်။
File size… 1.4 GB / 846 MB
Quality…WEB DL 1080p HEVC/ 720p
Format…mkv/ mp4
Duration….1h 56m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Morizz
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။