Channel Myanmar

Door Lock (2018)

Door Lock    

N/A 102 min Thriller

5.9
IMDB: 5.9/10 11 votes

, , , , , , , , ,

N/A

South Korea

636856

Report error

ဂင်ဂျောင်းမီဆိုတဲ့ အမျိုးသမီးဟာ နယ်မြို့ကနေ

ဆိုးလ်ကိုအလုပ်လာရောက်လုပ်ကိုင်နေတဲ့သူတစ်ဦးပါ

အလုပ်ကြိုးစားသူဖြစ်ပေမယ့် အားနာပြီးကြောက်တတ်တဲ့သူဖြစ်လို့

အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လူလည်ကြမှုကိုလည်း

အမြဲခံရလေ့ရှိပါတယ် အဲ့ဒီလို ကြောက်ရွံ့အားငယ်တတ်တဲ့

ဂင်ဂျောင်းမီ တစ်ယောက် သူနေထိုင်ရာတိုက်ခန်းဟာ

ထူးဆန်းပြီးထိတ်လန့်ဖို့ကောင်းနေတယ်ဆိုတာ

သိလာရတဲ့အခါ ဖြေရှင်းဖို့ ကြိုးစားရပါတော့တယ်

ဒီ Door Lock 2018 ဇာတ်ကားဟာ

လျှို့ဝှက်သည်းဖို ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး တစိမ့်စိမ့်နဲ့တွေးပြီး

ကျောစိမ့်လာစေမယ့် ဇာတ်ကားတစ်ကားပါ လူတိုင်းအတွက်တော့

ကိုယ်နေထိုင်တဲ့ အိမ်ဆိုတာ ကိုယ့်အတွက်

အကောင်းဆုံးနားခိုရာပါ မိဘအိမ်မဟုတ်ဘဲ

ရပ်ဝေးမှာအလုပ်လုပ်နေရရင်တောင် ကိုယ်ငှားနေတဲ့ အဆောင်

ဒါမှမဟုတ် တိုက်ခန်းဟာ တစ်နေ့တာပင်ပန်းနွမ်းနယ်သမျှကို

အတိုးချအနားယူနိုင်တဲ့ နေရာလေးပါ ဒါပေမယ့်

အဲ့ဒီနေရာက ထူးဆန်းပြီး ကြောက်ဖို့ကောင်းနေမယ် ဆိုရင်တော့……

( မိသားစုနဲ့ နေတဲ့သူတွေအတွက်တော့ မသိပေမယ့်

တစ်ယောက်တည်းနေတဲ့သူတွေအတွက်ကတော့

ဒီဇာတ်ကားကြည့်ပြီးရင် မအိပ်ခင် တံခါးလော့ကို

သုံးခေါက်လောက်စစ်မိကြမယ်လို့ ထင်ပါတယ်)

ရုပ်ရှင်ကို ဘာသာပြန်ပေးပြီး

အညွှန်းရေးပေးသူကတော့

Aung TayZa ဖြစ်ပါတယ်



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Door Lock (2018)
Door Lock (2018)
Door Lock (2018)
Door Lock (2018)


No downloads available

Genres



Related movies