Exit print mode Print Data A+ A- Undo all

Curious Caterer: Foiled Plans (2024)

Save Room For Mystery
Curious Caterer: Foiled Plans (2024)Curious Caterer: Foiled Plans (2024)

Synopsis:

 

ဒီတစ်ခါမှာ​တော့…

442

ကြည့်ရှုသူပရိတ်သတ်ကြီးကို…rating 7/10 အထိ

ရရှိထားတဲ့ Curious Caterer Failed Plans ဆိုတဲ့

၂၀၂၄ ခုနှစ်ကမှထွက်ရှိထားတဲ့ စုံ​ထောက်ဇာတ်ကား​

ကောင်း​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးချင်ပါတယ်

ဒီဇာတ်ကားကိုဒါရိုက်တာ Paul Ziller ကပုံ​ဖော်

ရိုက်ကူးထားပြီး မင်းသား Riley Davis , Lochlyn Munro ,

Vincent Gale , Ted Cole ,Andrew Kavadas တို့နဲ့

နာမည်​ကျော်မင်းသမီး​တွေဖြစ်ကြတဲ့ Jaleese Green ,

Nikki Deloach တို့ကပါ၀င်အားဖြည့်သရုပ်​ဆောင်

ထားကြပါတယ်

ဒီဇာတ်လမ်းမှာ အထူးသီးသန့်ဧည့်သည်​တော်​တွေပဲ

ဖိတ်ကြားထားတဲ့ ပရဟိတရန်ပုံ​ငွေပွဲမှာ ဟိုက်ဒ်ရဲတိုက်ရဲ့

ပိုင်ရှင် အဲလက်စ်တာအသတ်ခံရ​သော​ကြောင့်

စုံစမ်းစစ်​ဆေး​ဖော်ထုတ်ကြပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်

ဒီဇာတ်ကားကဇာတ်ညွှန်း​ရေးဆရာ​တွေရဲ့…

မြှပ်ကွက်လှည့်ကွက်​တွေ​​ကြောင့် ကြည့်ရှုသူပရိတ်သတ်ကို

ထိုင်ရာက​နေမထချင်​လောက်​အောင် စွဲ​ဆောင်ထားနိုင်မှာ

အ​သေအချာပါပဲ လူသတ်တရားခံက​ရောဘယ်သူဖြစ်မလဲ

သူ့ရဲ့လက်​ထောက် အမ်မာဆိုတဲ့​ကောင်မ​​လေးလား

​ရန်ပုံ​ငွေပွဲကျင်းပတဲ့ညမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ​

မီ​ဟေဗန်အကျဥ်း​ထောင်က​နေ ထောင်​ဖောက်ပြီး

ထွက်​ပြေးလာတဲ့ အန်မတ်ဒ်​ရှောဆိုတဲ့ ရာဇ၀တ်သား

တစ်​ယောက်လား သူနဲ့က​ရော အဲလက်စ်တာနဲ့အတိတ်မှာ

ဘယ်လိုပတ်သက်မှု​တွေရှိခဲ့ကြတာလဲ ဒါမှမဟုတ် အဲလက်စ်တာက

လူ​ရှေ့မှာ​ပြောဆိုပြီး နည်းပြရာထူးက​နေ အနား​ပေးလိုက်​တော့မယ့်

ပီယာ့ဆိုတဲ့နည်းပြဆရာလား ဒါမှမဟုတ် အဲလက်စ်တာ

ကိုယ်တိုင်ခန့်ထားတဲ့ မီ​ဟေဗန်အကျဥ်း​ထောင်မှာ ​ထောင်ကျဖူးတဲ့

ချာလီဆိုတဲ့​ထောင်ထွက်တစ်​​ယောက်လား ဒါမှမဟုတ် ဖိတ်ကြားထားတဲ့

ဧည့်သည်​တော်​တွေထဲမှာမပါ၀င်ဘဲ​ရောက်လာခဲ့တဲ့ ဂျာ့ဆိုတဲ့သူလား

အဲလက်စ်တာကိုသတ်ချင်တယ်လို့ မကြာခဏကြုံးဝါး​နေတဲ့

သူ့ရဲ့​ငွေထိန်း က​လောက်စ်ဆိုတဲ့ သူလား

လူသတ်သမားကဘယ်သူဖြစ်မလဲဆိုတာကို

ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ​

ကြည့်ရှု​ဖော်ထုတ်​ပေးလိုက်ပါဦး ဒီ​ဇာတ်ကား Crime ,

Mystery & Drama အမျိုးအစားကိုမှ ကြည့်ရှုရတာ

ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူ​တွေ လက်မလွတ်စတမ်းကြည့်ရှုရမယ့်

ဇာတ်ကားတစ်ကားဖြစ်ပါတယ်

 

 

File size…1.46GB / 647MB
Quality…WEB-Rip 1080p 5.1CH / 720p
Format…mp4
Duration….1h 46m
Genre …..Crime , Drama , Mystery
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Eh Phaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
15.321
Status
Released
ID IMDb.com
tt30796260
IMDB Rating
7.0
ID Themoviedb.org
1255418
TMDb Rating
7.3
TMDb votes
3