Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Woo-jung
8.8
Hospital Playlist Season 2 (2021)
Hospital Playlist Season 2 (2021)Hospital Playlist ဆိုတာနဲ့ ဘာပြေးမြင်မိလဲ?ကျွန်တော်ကတော့ "နွေးထွေးမှု" ပဲ ပြေးမြင်မိတယ်။နွေးထွေးမှုထဲမှာမှ လူသားဆန်တဲ့ နွေးထွေးမှု၊ လူသားဆန်တဲ့ ချစ်ခြင်းတရား။နွေးထွေးမှုဆိုတာ ဘာကို ပြောပါသလဲ?ကိုယ်အဆင်မပြေတဲ့အချိန် ကိုယ်အခက်ကြုံနေချိန်မှာ ကိုယ်နဲ့အတူ ရပ်တည်ပေးတဲ့လူရှိလို့ ရလာတဲ့ ခံစားမှုက နွေးထွေးမှုပါပဲ။ကိုယ်အဆင်ပြေတဲ့အချိန် ကိုယ်အောင်မြင်တဲ့အချိန်မှာ ကိုယ်နဲ့အတူ ပျော်ရွှင်မှုကို မျှဝေခံစားပေးတာက နွေးထွေးမှုပါပဲ။ဘဝ ဆိုတဲ့လမ်းက ကြမ်းပါတယ်။ ကြမ်းတမ်းတဲ့ ဘဝလမ်းမှာ နွေးထွေးမှုလေးတွေနဲ့ လျှောက်လှမ်းရရင်တော့ ဘယ်လောက်ခက်ခဲပါစေ ရင်ဆိုင်နိုင်ကြမှာပါပဲ။သက်ဆုံးတိုင်လျှောက်ရမယ့်ဘဝမှာ နွေးထွေးမှုတွေနဲ့ ကမ်းလင့်ပေးတဲ့ လက်အစုံကို လူတိုင်း လိုချင်ကြတာပေါ့။ဒီလိုကမ်းလင့်တတ်တဲ့ လက်အစုံကို လူတိုင်း မရနိုင်ပါဘူး။ ရတဲ့လူတွေက ကံကောင်းတဲ့လူတွေပါပဲ။လူမှန်ရင် ရုပ်ပိုင်းဆိုင်ရာချည်း ဖွဲ့စည်းထားတာ မဟုတ်တဲ့အတွက် ဘဝဆိုတဲ့ ခရီးလမ်းကို လျှောက်လှမ်းချိန်မှာ စိတ်ဓာတ်ခွန်အား ပြည့်ဝနေဖို့လည်း လိုပါတယ်။ဒီလို စိတ်ဓာတ်ခွန်အားမျိုးကို မေတ္တာတရားကနေပဲ ရနိုင်ပါတယ်။ဒီဇာတ်လမ်းကတော့ သူငယ်ချင်းတွေရဲ့မိသားစုဆန်တဲ့ မေတ္တာတရားမျိုးကို အမွှမ်းတင် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။မေတ္တာတရားက ...
8.8
TMDb:
8.8/10
23 votes
tv
Hospital Playlist Season 2 (2021)
2021
Hospital Playlist Season 1 (2020)
Hospital Playlist (2020)==================Korea Drama List မှာ Rating 10/10 ထိရရှိထားပါတယ်။#Unicodeဒီတစ်ခါ ဇာတ်လမ်းတွဲလေးကတော့ March 12 ရက်နေ့ကမှ Netflix မှာစတင်ပြသခဲ့တဲ့ Series အသစ်လေးဖြစ်ပါတယ်။အပိုင်း(၁၂)ပိုင်းရှိပြီး အပတ်စဥ် ကြဿပတေးနေ့တိုင်းထွက်လာမှာဖြစ်ပြီး သောကြာညတိုင်း cm ကနေတင်ပေးသွားပါမယ်။ဒီ TV Series လေးကအရင်ကထွက်ရှိခဲ့တဲ့ ဆရာဝန်ကားတွေနဲ့ မတူတဲ့ ဆရာဝန်ကားလေးပါပဲ။ တကယ့်ဘဝတွေနဲ့ ပိုနီးစပ်ပါတယ်။ဆေးကျောင်းအတူတူ တက်ခဲ့ကြတဲ့ ဆရာဝန် သူငယ်ချင်း ၅ ယောက်ရဲ့ ဇာတ်လမ်းပါ။တစ်ယောက်က ပျော်တတ်တယ်။တစ်ယောက်က အူကြောင်ကြောင်။တစ်ယောက်က စာအုပ်ကြီးသမား။တစ်ယောက်ကတော့ ခံစားလွယ်တယ်။တစ်ယောက်ကတော့ လိုရင်းတိုရှင်းသမား။ အပြင်မှာလည်း ဒီလိုဆရာဝန်မျိုးတွေ အစုံပါပဲ။ ထွေလာမှာ ပါတဲ့ ဒိုင်ယာလော့တစ်ခုကို သဘောကျစရာပါ။ဆရာဝန်တွေ ပြောနေကျစကားတွေကို သိလား????? "မသေချာပါဘူးခင်ဗျာ" တို့ . "မသိသေးပါဘူး" တို့ဆိုတာလေ . ဒါမှမဟုတ် "စောင့်ကြည့်ရဦးမယ်" ဆိုတာမျိုးလေ။ဘာလို့လဲဆိုတော့ သူတို့ပြောတဲ့စကားကို သူတို့ ...
Hospital Playlist Season 1 (2020)
2020
7.8
Reply 1988
Reply 1988 Review Reply စီးရီးတွေထဲမှာ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲပါ။ Reply စီးရီးတွေက စုစုပေါင်း ၃ ခု ရှိပါတယ်။ Reply 1997, Reply 1994 နဲ့ Reply 1988 တို့ပါ။ ပထမနှစ်ကားကတော့ Channel Myanmar မှာ တင်ခဲ့ပြီးပါပြီ။ ဒါကတော့ Reply စီးရီးတွဲတွေရဲ့ နောက်ဆုံးတွဲပါ။ ၁၉၉၀ ဝန်းကျင်နားတဝိုက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲတွေကို ဘာလို့ လူကြိုက်များရတာလဲဆိုတော့ .... ၂၀၀၀ အလွန် ခေတ်တွေထက်စာရင် လူသားပိုဆန်ခဲ့ကြလို့ပါပဲ။ ဒီဂျစ်တယ် နည်းပညာ ခေတ်မစားခင် အချိန်ကာလက ဖြစ်တဲ့အတွက် လူလူချင်း ပိုပြီး ရင်းနှီးခင်မင်ခဲ့ကြပါတယ်။ ဒါတွေဟာ ပြန်တွေးကြည့်ရင် လွမ်းမောစရာတွေပါပဲ။ ယခင် Reply ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့အချက်ကတော့ အချစ်ဇာတ်လမ်းကို အနည်းငယ်သာ ထည့်ထားပြီးတော့ ဆိုးလ်မြို့ ဆန်းမွန်ဒုံ ရပ်ကွက်က မိသားစု ၅ စု ရဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရိုက်ပြထားတာပါ။ မိသားစုအကြောင်းကို အလေးထား ...
7.8
TMDb:
7.8/10
32 votes
tv
Reply 1988
2015
8
Reply 1997 {Complete}
Reply စီးရီးတွေကတော့ ကိုရီးယားဒရာမာလောကမှာ နာမည်ကြီး စီးရီးတွေပဲ ဖြစ်ပါတယ်။ ၁၉၉၀ နားတဝိုက်မှာ မွေးဖွားခဲ့တဲ့သူတွေရဲ့ ဘဝဖြတ်သန်းပုံတွေကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ရဲ့ အငွေ့အသက်တွေက နွေးထွေးမှု ပိုရှိတယ်လို့ ခံစားရပါတယ်။ နည်းပညာတွေ အရမ်းမဖွံ့ဖြိုးခဲ့သေးတဲ့ အချိန်ဖြစ်ခဲ့တော့ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ပိုမိုနွေးထွေးခဲ့ကြပါတယ်။ ပိုမိုရင်းနှီးခဲ့ကြပါတယ်။ ဒီဇာတ်လမ်းမှာ အခြေတည်ထားတာကတော့ "သူငယ်ချင်း" ဆိုတဲ့ စကားရပ်ပါပဲ။ Reply 1997 ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ဘူဆန်မြို့က သူငယ်ချင်း ၆ ယောက်ရဲ့ ၁၈ နှစ် အရွယ်ဘဝတွေကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ၂၀၁၂ ခုနှစ် မှာတော့ ၃၃ နှစ် အရွယ်ကို ရောက်ရှိနေကြပြီပဲ ဖြစ်ပါတယ်။ သူငယ်ချင်းဟောင်းတွေ ပြန်လည်တွေ့ဆုံပြီး ညစာစားပွဲ ပြုလုပ်တဲ့အချိန်မှာ စုံတွဲတစ်တွဲက သူတို့လက်ထပ်ကြတော့မယ့်အကြောင်း ကြော်ငြာကြတဲ့အချိန်မှာ ..... ကဲ ...... ၉၀ ခုနှစ် အလွန်တွေကို သတိရတမ်းတစိတ်တွေနဲ့ ပြန်သွားလိုက်ကြရအောင်ပါဗျာ။ ဘာသာပြန်ထားသူတွေကတော့ August, Phue Nge Nge Thein, Naw Phoo, Dolly, Pyae Shan Tun ...
8
TMDb:
8/10
23 votes
tv
Reply 1997 {Complete}
2012
8.3
Prison Playbook (2017)
Prison Playbook (2017)=================IMDb Rating - 8.3/10#UnicodePrison Playbook လို့ ဆိုလိုက်တာနဲ့ Reply စီးရီးတွဲတွေနဲ့ Hospital Playlist ကို တန်းမြင်မိကြမှာပါ။ဒီဇာတ်လမ်းတွဲတွေကတော့ ကိုရီးယားဒရာမာတွေမှာ အတော် ကောင်းမွန်တဲ့ ဇာတ်လမ်းတွဲတွေ ဖြစ်တာမို့ဒီတစ်ခေါက်တော့ Prison Playbook ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဒီဇာတ်လမ်းတွဲတွေရဲ့ဒါရိုက်တာ နဲ့ ဇာတ်ညွှန်းရေးဆရာက အတွဲလိုက် လက်ရာကောင်းတွေ ထုတ်လွှင့်ပြသနိုင်ခဲ့ကြတာပါ။Hospital Playlist တုန်းက သဘောကျခဲ့တဲ့ ပရိသတ်တွေအနေနဲ့ ဒီကားကို သဘောကျမိမှာ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ပရိုဘေ့စ်ဘောသမားတစ်ယောက်ဖြစ်တဲ့ ကင်ဂျယ်ဟော့ ဟာ သူ့ညီမကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့သူကိုဆုံးမရာကနေ ခြေလွန်လက်လွန်ဖြစ်သွားခဲ့ပါတယ်။ ဒါကို တရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပေမယ့်ပြည်သူလူထုနဲ့ ပရိသတ်ကြီးကတော့ မကျေနပ်ခဲ့ကြပါဘူး။ အယူခံဝင်ဖို့ ကြိုးစားတဲ့ အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ကြရမှာပါ။ ထောင်ထဲဝင်ရတိုင်းလည်း လူဆိုးတော့ မဟုတ်ပါဘူး။ လူဆိုးသူခိုးတွေအပေါဆုံးနေရာကလည်း ထောင်ပါပဲ။ ...
8.3
TMDb:
8.3/10
3,002 votes
tv
Prison Playbook (2017)
2017