အက်ဒီဆင်နဲ့ဆေ့ခ်ျဆိုတဲ့ ကလေးနှစ်ယောက်ရဲ့ စွန့်စားခန်းအကြောင်း ရိုက်ထားတဲ့ကားပါ။
အက်ဒီဆင်နဲ့ဆေ့ခ်ျဟာ အလွန်ခင်တဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်ပြီးတော့
ငွေကြေးချို့တဲ့တဲ့ မိသားစုအသီးသီးကနေ ပေါက်ဖွားလာခဲ့တဲ့ ကလေးများဖြစ်ပါတယ်
တစ်ရက်မှာတော့ အက်ဒီဆင်ဟာ စတက်ပယ်စင်တာမှာ
ကျင်းပတဲ့ ပြိုင်ပွဲတစ်ခုအကြောင်းကို တီဗီကနေ ကြားသိလိုက်ရပါတယ်
ပြိုင်ပွဲကတော့ ထရပ်ကားတစ်စီးကို အကြာဆုံးထိထားနိုင်တဲ့လူကို
ဒေါ်လာ ၁၀၀၀ ပေးတဲ့ပြိုင်ပွဲပါ ပြိုင်ပွဲကျင်းပမယ့်နေရာကတော့
သူတို့အိမ်နဲ့ ၁၄ မိုင်ဝေးတဲ့ စတက်ပယ်စင်တာမှာပါ
နှစ်ယောက်ပေါင်းမှ ၂ ဒေါ်လာနဲ့ ၂၂ ဆင့်ပဲပါတဲ့ ကလေးနှစ်ယောက်
မိဘတွေကိုအသိမပေးပဲ ၁၄ မိုင်လုံး သူတို့ကြိုးစားသွားခဲ့တာတွေ၊
လမ်းခရီးမှာလူဆိုး၊ လူကောင်း၊ ကူညီပေးတဲ့လူ၊ ဒုက္ခပေးတဲ့လူ၊
လူအမျိုးမျိုး စိတ်အထွေထွေကို သူတို့တွေ့ကြုံကျော်ဖြတ်ခဲ့တဲ့
အကြောင်းတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်
ကလေးနှစ်ယောက်ရဲ့သူငယ်ချင်းသံယောဇဉ်နဲ့ မေတ္တာထုထည်ကိုလည်း မြင်တွေ့ရမှာပါ။
တချို့အနေအထားလေးတွေမှာ လူကြီးတွေသာဆိုရင်
သူတို့လိုစိတ်ထားမျိုးထားဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ကိစ္စပါပဲ
File Size : (759 MB) & ( 280 MB)
Quality : Web-DL 720p
Running Time : 1 hr 22 min
Format : Mp4
Genre : Family
Subtitle : Myanmar Subtitle (Hard Sub)
Translated by Neve
Encoded by May Pyae Sone Oo
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။