Exit print mode Print Data A+ A- Undo all

Citizen Kane (1941)

Some called him a hero...others called him a heel.
Citizen Kane (1941)Citizen Kane (1941)

Synopsis:

Citizen Kane (1941)

~ IMDb – 8.3/10, RT – 99%, Meta – 100% ~

442

 

( I )

One of the Greatest Films of All Time လို့ ရည်ညွှန်းခံရတဲ့ ရုပ်ရှင်တွေက ရုပ်ရှင်ကောင်းတွေ ဖြစ်နေတတ်တာတော့ ကျွန်တော်တို့ ငြင်းမရပါဘူး။ Citizen Kane ဟာ One of the Greatest Films of All Time မဟုတ်တဲ့ The Greatest Film of All Time ဘွဲ့ကို ဒီ၂၁ရာစုအထိ ပိုင်ဆိုင်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ Greatest Films ဆိုတဲ့ Lis‌t‌ တွေရဲ့ ထိပ်ဆုံးမှာ အမြဲရပ်တည်နေခဲ့တယ်။ တစ်နှစ်ကတော့ Rotten Tomatoes 100% ရထားတဲ့ Paddington 2 က 99% ရထားတဲ့ Citizen Kane ကို ကျော်ပြီး ဒီဘွဲ့ရသွားပြီလို့ မျက်ခွက်ပြောင်ခဲ့ကြသေးတယ်။ ဒီအချက်ကတော့ ဟာသမှန်းအားလုံးသိကြပေမဲ့ ကိန်းဟာ တကယ့် Greatest Film of All Time ဟုတ်မဟုတ်တော့ တချို့အတွက် အငြင်းပွားစရာဖြစ်နေခဲ့တယ်။ Rating အရကြည့်ရင်တော့ ကျွန်တော်ကတော့ IMDb ကို လုံးဝမယုံသလို Rotten Tomatoes ကိုလည်း နည်းနည်းပဲယုံပြီး Metacritic ကို ပိုယုံတယ်ဆိုတော့ IMDb – 8.3/10, RT – 99% , Meta – 100% ရထားတဲ့ ကိန်းရဲ့ Rating အခြေအနေက လက်ခံချင်စရာတော့ကောင်းတယ်။

တချို့ကတော့ လက်ရှိခေတ်ရုပ်ရှင်တွေကို ဖြတ်သန်းပြီးမှ ကိန်းကို ပြန်ကြည့်မယ်ဆိုရင် ကောင်းတော့ကောင်းပေမဲ့ ဒီဘွဲ့ကြီးကတော့ မဟုတ်သေးပါဘူးကွာလို့ ပြောကောင်းပြောလိမ့်မယ်။ ကျွန်တော်တို့ ထည့်စဉ်းစားရမယ့်အချက်က ကိန်းဟာ ၁၉၄၁တုန်းက ရုပ်ရှင်ဆိုတာပါပဲ။ သူ့မှာသုံးခဲ့တဲ့ အရင်ကမရှိဖူးခဲ့တဲ့ ဆန်းသစ်မှုတွေအကုန် မဆန်းတော့တာတွေ ဖြစ်ကုန်ပါပြီ။ ရယ်ရတာကတော့ အဲဒီလိုမဆန်းတော့တာတောင် လူတစ်ယောက်အကြောင်း ဒီလိုပုံဖော်ထားတဲ့ထဲ ကိန်းလောက် အရသာရှိတဲ့ပုံစံမျိုး ကျွန်တော်တော့ မကြည့်ဖူးဘူး။

 

( II )

သူ့မှာ သုံးထားတဲ့ Storytelling စတိုင်ကလည်း သူ့ခေတ်အနေနဲ့ဆို ဆန်းသစ်မှုတစ်ခုဖြစ်နေသလို ကျွန်တော်ကြည့်ဖူးသလောက်ထဲလည်း ဒီလောက်သပ်ရပ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ဟန်မျိုးတော့ မတွေ့ဖူးဘူး။ ပြောရရင် သူ့ဇာတ်ကောင်က ဂတ်စ်ဘီ၊ ဂျော်ဒန်ဘဲဖို့ဒ်နဲ့ ဟောင်းဝတ်ဟုဒ်ကို ပေါင်းထားသလိုမျိုးပဲ။ ဒါပေမဲ့ အဲဒီကားတွေကိုရိုက်ခဲ့တဲ့ဆရာကြီးတွေရဲ့ Storytelling စတိုင်တောင် ဒီလောက်သပ်ရပ်နေတာမျိုးတော့ မဟုတ်ခဲ့ဘူး။ သူ့ခေတ်သူ့အခါမှာ ဆန်းသစ်ခဲ့သလို အခုထိလည်း ခေတ်မီနေသေးတဲ့ ကိန်းရဲ့ Storytelling စတိုင်ဟာ ဒီရုပ်ရှင်ကို အစ ၅မိနစ်လောက်ဖွင့်လိုက်တာနဲ့ အဆုံးထိကို အရှိန်တင်ပေးနိုင်တဲ့ အရည်အသွေးမျိုးရှိတယ်။ စီနီမာတိုဂရပ်ဖာဖြစ်တဲ့ Gregg Toland ရဲ့ စီနီမာတိုကလည်း အဲဒီခေတ်အနေနဲ့ ထူးခြားခဲ့သလို တည်းဖြတ်ပိုင်းကလည်း အပြစ်ပြောစရာမရှိအောင် သေသပ်ခဲ့တယ်။ နှုတ်ခမ်းမွှေးသစ်ပင်ကြီးလို မထော်မနန်းတွေလည်း ကင်းတယ်။

 

( III )

ဒီဇာတ်လမ်းဟာ အမေရိကရဲ့ ကူဘလိုင်ခန်လို့ နာမည်ကျော်တဲ့ သတင်းစာလုပ်ငန်းပိုင်ရှင် ရွှေတွင်းသူဌေးကြီး ချားလ်ဖော်စတာကိန်း သေပြီးနောက်မှာ အစပြုခဲ့တယ်။ သူသေခါနီး သူနောက်ဆုံးပြောသွားတဲ့စကားကတော့ “ရို့စ်ဘတ်”တဲ့။ နာမည်တစ်ခုလို့တော့ထင်ရပေမဲ့ ဒီနာမည်ပိုင်ရှင်က ဘယ်သူလဲ၊ ဒီနာမည်က ဘာလဲဆိုတာကို ဘယ်သူမှမသိခဲ့ကြဘူး။ ဒါပေမဲ့ လုပ်သမျှအကုန် သတင်းစာခေါင်းစီးမှာပါနေတဲ့ ကိန်းကိုယ်တိုင် နောက်ဆုံးပြောသွားတဲ့စကားဆိုတော့ ဒါကသတင်းဖြစ်ဖို့လုံလောက်ခဲ့တယ်။

 

( IV )

ကိန်းဟာ ကမ္ဘာပေါ်မှာ ဆဠမအချမ်းသာဆုံးသူဌေးဖြစ်ခဲ့သလို တစ်နှစ်ကို အဲဒီခေတ်တန်ကြေး ဒေါ်လာတစ်သန်းရှုံးနေတဲ့ သတင်းစာတိုက်ကို နှစ်ပေါင်းများစွာ ဦးစီးခဲ့တဲ့သူလည်းဟုတ်ခဲ့တယ်။ လုပ်ငန်းပေါင်းများစွာပိုင်တဲ့ ခရိုနီတစ်ယောက်ဖြစ်ခဲ့သလို အလုပ်သမားလူတန်းစားဘက်က ရပ်တည်သူလည်းဖြစ်ခဲ့တယ်။ နိုင်ငံရေးသမားတွေကို ရှုံ့ချခဲ့သူဖြစ်သလို နိုင်ငံရေးသမားလုပ်ခဲ့တဲ့သူလည်းဟုတ်ခဲ့တယ်။ ကိန်းဟာ လူအားလုံးကို ရက်ရက်ရောရော ပေးနေကမ်းနေတဲ့လူဖြစ်ခဲ့သလို ဘယ်သူ့ကိုမှ ဘာမှမပေးခဲ့တဲ့သူလည်း ဟုတ်ခဲ့တယ်။ ကိန်းဟာ အများအကျိုးကြည့်သူဖြစ်ခဲ့သလို အတ္တကြီးလွန်းသူလည်းဖြစ်ခဲ့တယ်။ ကိန်းဟာ စစ်ကိုဆန့်ကျင်ခဲ့သလို စစ်ကိုလည်း အားပေးခဲ့တယ်။ ကိန်းဟာ သူချစ်တဲ့မိန်းမအတွက် အားလုံးကိုစွန့်လွှတ်ခဲ့ပြီး အော်ပရာဇာတ်ရုံကြီးဆောက်ပေးခဲ့သူဖြစ်သလို ကိန်းဟာ ဘယ်သူ့ကိုမှ မချစ်ခဲ့သူလည်းဖြစ်ခဲ့တယ်။ ကိန်းဟာ အားလုံးကိုလုပ်ခဲ့သလို ဘာကိုမှမပြီးမြောက်ခဲ့သူလည်းဟုတ်တယ်။ ကိန်းဟာ အားလုံးရဲ့အချစ်ကိုရခဲ့သလို အားလုံးရဲ့အမုန်းကိုလည်းရခဲ့တယ်။ ကိန်းဟာ အမှန်ဘက်က ရပ်တည်ချင်သူဖြစ်ခဲ့သလို အမှားတွေကို လုပ်နေသူလည်း ဖြစ်ခဲ့တယ်။ ကိန်းဟာ အရာအားလုံးကို ပိုင်ဆိုင်ခဲ့ရသူဖြစ်ခဲ့သလို အရာအားလုံးကို ဆုံးရှုံးသူလည်းဖြစ်ခဲ့တယ်။ ဒီလိုလူရဲ့သမိုင်းကို ခြေရာပြန်ကောက်ဖို့ ဖြစ်လာတဲ့ သတင်းသမားတွေဟာ “ရို့စ်ဘတ်”ဆိုတဲ့ နာမည်ရဲ့ ဇစ်မြစ်ကိုရှာခဲ့ကြတယ်။

 

( V )

သွမ်ဆန်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ကိန်းနဲ့ပတ်သက်တဲ့လူတွေကို တစ်ယောက်ချင်း လိုက်တွေ့ရင်း “ရို့စ်ဘတ်”ဆိုတာကို လိုက်မေးရင်း ကိန်းရဲ့ဘဝကို ကိန်းကိုသိခဲ့တဲ့သူတွေရဲ့ အမြင်ကနေ မတူတဲ့ရှထောင့်ပေါင်းစုံနေ ကြားခဲ့ရတယ်။ တစ်ယောက်ရဲ့အမြင်မှာ ကိန်းဟာ ကြီးကျယ်ခမ်းနားသူ၊ ရိုးသားသူ၊ ရက်ရောသူ။ တစ်ယောက်ရဲ့အမြင်မှာ ကိန်းဟာ ကြီးကျယ်ခမ်းနားချင်ယောင်ဆောင်သူ၊ ရိုးသားချင်ယောင်ဆောင်သူ၊ ရက်ရောချင်ယောင်ဆောင်သူ။ ဒါကို ကျွန်တော်တို့ ခေါ်ကြတာက Rashomon Effect ပေါ့။ ကိန်းဟာ ရာရှိုးမွန်ထက် ဆယ်စုနှစ်တစ်ခုစောတဲ့အတွက် ဒါကို ကိန်းအဖက်လို့ ပြောရလိမ့်မယ်။ ဒါပေမဲ့ ရာရှိုးမွန်ကလည်း ပိုပြည့်စုံအောင်လုပ်ပေးခဲ့တယ်ဆိုလည်း ငြင်းမရပါဘူး။ ဒါကလည်း သူ့ခေတ်အရ တော်တော်ဆန်းသစ်တဲ့ တင်ဆက်ပုံထဲပါတယ်။ ဒါပေမဲ့ ကိန်းက ဒီ Effect ရဲ့ သက်ရောက်မှုလို တစ်လမ်းတည်းမသွားဘဲ ပိုရှုပ်ထွေးတယ်လို့တော့ ပြောရမယ်။

 

( VI )

သူ့ဇာတ်လမ်းကိုသိရပုံဟာ သတင်းထောက်က သတင်းလိုက်တာဖြစ်တဲ့အတွက် ဒီထဲက ကိန်းရဲ့ဘဝဖြစ်စဉ်ကို သတင်းထောက်သိရပုံက Linear အတိုင်းမဟုတ်ခဲ့ဘူး။ ဒါတော့ သူ့ရှေ့မှာလည်း ရှိတော့ရှိခဲ့တယ်။ ဒါပေမဲ့ သိပ်တော့အသုံးမများသေးဘူး။ တည်းဖြတ်မှုပိုင်းမှာလည်း အရိပ်တွေ အမှောင်တွေကိုအဓိကထားသုံးပြီး Transition လုပ်သွားတာတွေက ထူးခြားခဲ့တယ်။ သူ့တင်ဆက်ပုံမှာ သတင်းထောက်နဲ့ ကျွန်တော်တို့က အတူတူပဲသိရလိမ့်မယ်။ စစချင်းမှာ ကိန်းရဲ့ကြီးကျယ်ခမ်းနားမှုတွေအကြောင်းကို ဇာတ်ကြောင်းပြောသွားပုံကလည်း ဩချရလောက်တယ်။ လုပ်ဆောင်ဆဲသတင်းရဲ့ နမူနာဗီဒီယိုကိုပြရင်းနဲ့ပဲ အပြင် Narrative ကို သုံးသွားတာမဟုတ်ဘဲ Narrative မဟုတ်တဲ့ Narrative ကို သုံးသွားသလို ဖြစ်နေတယ်။ သတင်းထောက်ဖွင့်ပြတဲ့ အဲဒီဗီဒီယိုမှာ ကျွန်တော်တို့က သတင်းထောက်သိထားတဲ့ ကိန်းအကြောင်းကို သတင်းထောက်နဲ့ ထပ်တူသိရလိမ့်မယ်။ သတင်းထောက်မသိသေးတာတွေကို သတင်းထောက်မေးမြန်းတဲ့အခါမှာ သတင်းထောက်သိတဲ့အချိန်မှာပဲ ကျွန်တော်တို့သိရလိမ့်မယ်။ ဆိုပေမဲ့ ခုနပြောခဲ့သလို ဒီသိရတာတွေက ပုဂ္ဂိုလ်စွဲအမြင်တွေမကင်းဘူး။ ဒီဇာတ်လမ်းမှာ ကျွန်တော်တို့အတွက် ရာနှုန်းပြည့်မှန်ကန်တဲ့အဖြစ်မှန်မရှိဘူး။ ဒီကြားရတာတွေကို သတင်းထောက်က သူ့ဉာဏ်နဲ့သူ ကောက်ချက်ချပြီး ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ကိန်းအပေါ် သူ့အမြင်ကို သူတည်ဆောက်ခဲ့တယ်။ ပြောရရင် သတင်းထောက်နဲ့ ကျွန်တော်တို့ကြည့်နေတဲ့လူတွေ သိထားသိလာတာတွေက အတူတူပဲ။ သတင်းထောက်က သူ့အမြင်သူတည်ဆောက်ခဲ့သလို ကျွန်တော်တို့ကိုလည်းကျွန်တော်တို့အမြင်တည်ဆောက်ခွင့်ပေးထားတယ်။ ဘယ်လိုမြင်မလဲက ကျွန်တော်တို့အတာပေါ့။ ဒီStorytelling စတိုင်က ခြောက်ပြစ်ကင်းတဲ့ ပုံစံလို့ ကျွန်တော်တော့မြင်တယ်။

 

( VII )

ဒီလိုနဲ့ “ရို့စ်ဘတ်”ဆိုတဲ့ အရာနောက်ကို လိုက်ရင်း ကိန်းအကြောင်းကို စကားလုံးတွေကနေ သိလာတဲ့ သတင်းထောက်ဟာ လူတစ်ယောက်ရဲ့ဘဝကို ဘယ်လိုစကားလုံးနဲ့မှ သရုပ်ဖော်ပြလို့မရဘူးလို့ သတင်းထောက်ဟာ နှောင်းပိုင်းမှာ ပြောခဲ့တယ်။ “ရို့စ်ဘတ်”ဆိုတဲ့အရာဟာ ဒီဇာတ်လမ်းရဲ့ ကျောရိုးဖြစ်ခဲ့သလို ဒီဇာတ်လမ်းထဲ ကိန်းကလွဲ ဘယ်သူမှမသိခဲ့တဲ့အရာလည်းဖြစ်ခဲ့တယ်။ သတင်းထောက်တောင်မသိခဲ့ရတဲ့ “ရို့စ်ဘတ်”ကို ကျွန်တော်တို့ပရိသတ်တွေကို သိခွင့်ပေးထားခဲ့တယ်။ “ရို့စ်ဘတ်”ဟာ ကိန်းကို ကျွန်တော်တို့ တကယ်နားလည်စေမယ့်အရာလည်း ဟုတ်ခဲ့သလို ဘာမှမထူးခြားတဲ့ အရာလည်းဟုတ်ခဲ့တယ်။ သတင်းထောက်ကတော့ “ရို့စ်ဘတ်”ကိုသိရလည်း ဘာမှမထူးသွားဘူးလို့ ထင်ခဲ့သလို တကယ်လည်း ဘာမှမထူးတဲ့အရာလည်း ဟုတ်ခဲ့တယ်။ ဘာလို့ဆို သတင်းထောက်ဟာ ကိန်းကို နားလည်သွားခဲ့လို့ပါပဲ။ သတင်းထောက်ဟာ “ရို့စ်ဘတ်”ဟာ အရာရာကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့ကိန်း မပိုင်လိုက်ရတဲ့အရာလို့ ကောက်ချက်ချခဲ့တယ်။ သူ့ကောက်ချက်ချခြင်းကလည်း မှန်ခဲ့ပါတယ်။ “ရို့စ်ဘတ်”ဟာ ကိန်းရဲ့ အရာရာကိုရရှိခဲ့ခြင်းကို ရည်ညွှန်းသလို ကိန်းရဲ့ အရာရာကို ဆုံးရှုံးခဲ့ခြင်းကိုလည်း ရည်ညွှန်းထားတယ်။ အနုပညာလက်ရာတစ်ခုမှာ မက်ဆေ့တော့ ဘယ်တော့မှမလိုပေမဲ့ အမြင်တစ်ခုတော့ အမြဲလိုပါတယ်။ Citizen Kane ဟာ အဲဒီအမြင်တစ်ခု ခံယူချက်တစ်ခုလည်း ခိုင်ခိုင်မာမာရှိခဲ့တဲ့ ရုပ်ရှင်ဆိုတာကို “ရို့စ်ဘတ်”က ကျွန်တော်တို့ကို သက်သေပြထားတယ်။

 

( VIII )

ဒီ Citizen Kane ရုပ်ရှင်ကို Orson Welles ကိုယ်တိုင် ဒါရိုက်တာ သရုပ်ဆောင်လုပ်ခဲ့ပြီး ဇာတ်ညွှန်းပိုင်းကိုတော့ Herman J. Mankiewicz နဲ့ တွဲဖက်ပြီး ရေးခဲ့တယ်။ သေချာသိချင်ရင်တော့ ဒေးဖစ်ဖင်ချာရဲ့ Mank (2020) မှာ ဒီရုပ်ရှင်ဇာတ်ညွှန်း ဖြစ်တည်လာပုံကို အသေးစိတ်ကျကျ မြင်နိုင်တယ်။ ကြည့်လည်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ကိန်းဇာတ်ကောင်ကိုတော့ အမေရိကန်သတင်းစာထုတ်ဝေသူနဲ့ မီဒီယာလုပ်ငန်းရှင် နိုင်ငံရေးသမားဖြစ်တဲ့ William Randolph Hearst ကို အဓိကမှီးပြီး တည်ဆောက်ထားခဲ့တယ်။ သူ့ချည်းတော့မဟုတ်ဘူးပေါ့။ Herman ဟာ Hearst ကို တကယ်သိခဲ့သလို သူ့ကိုသူ့အသိုင်းအဝိုင်းထဲက နှင်ထုတ်လိုက်တဲ့အတွက် မုန်းတီးနေသူလည်းဖြစ်ခဲ့တယ်။ စစကတော့ ဒီဇာတ်ညွှန်းကို The American ဆိုပြီး နာမည်ပေးထားခဲ့တယ်။ ဒါလည်း ဆီလျော်တဲ့နာမည်ပဲဆိုတာ ကြည့်ပြီးရင်သိမှာပါ အခုလောက်တော့ ဂန္ထဝင်မဆန်ပေမဲ့ပေါ့။

 

( IX )

ရိုက်ကူးရေးဘက်မှာလည်း Citizen Kane ဟာ အော်ဆန်ဝဲလ် ပထမဆုံးရိုက်တဲ့ ရုပ်ရှင်လည်းဟုတ်ခဲ့ပါတယ်။ အရင်းတောင်မကြေတဲ့အထိ ဘတ်ဂျက်သုံးခဲ့သလို Frank Capra, René Clair, Fritz Lang နဲ့ Jean Renoir တို့ရဲ့ ရုပ်ရှင်တွေကိုကြည့်ပြီး လေ့လာခဲ့တယ်။ John Ford ရဲ့ Stagecoach ကိုဆို အကြိမ်လေးဆယ်အထိကြည့်ပြီး လေ့လာခဲ့တယ်။ နည်းနည်းကြာပြီးမှ Greatest Film of All Time ဆိုပြီး ဖြစ်လာခဲ့တဲ့ Citizen Kane ဟာ အော်စကာမှာ ကိုးဆုထိ ဆန်ခါတင်ဝင်ခဲ့ပေမဲ့ Best Original Screenplay တစ်ခုတည်းရခဲ့သလို ဝင်ငွေအရလည်းရှုံးနိမ့်ခဲ့တယ်။

 

( X )

Citizen Kane ဟာ အခုထိ Greatest Film of All Time ဟုတ်မဟုတ်က တချို့အတွက်တော့ အငြင်းပွားစရာကိစ္စဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့လည်း သူ့ခေတ်အခါမှာ သူသုံးခဲ့တဲ့ တက္ကနစ်တွေနဲ့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဇာတ်လမ်းအရတော့ မဟုတ်ဘူးလို့ပြောရတော့ခက်ပါတယ်။ သေချာတာတော့ Citizen Kane ဟာ The Greatest Film of All Time ဘွဲ့ကို ပေးမယ်ဆိုလည်း ထိုက်တန်တဲ့ရုပ်ရှင်ပါပဲ။

 

(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 3.5GB, 1.75GB
Quality – BluRay 1080p, 720p
IMDb Rating – 8.3/10
Format – mp4
Duration – 1H 59Min
Genre – Epic, Drama, Mystery
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Orson Welles
Stars
Agnes Moorehead, Al Eben, Alan Ladd, Art Dupuis, Arthur Kay, Arthur O'Connell, Arthur Yeoman, Benny Rubin, Bert LeBaron, Bert Moorhouse, Bert Stevens, Bob Terry, Bruce Sidney, Bryan 'Slim' Hightower, Buck Mack, Bud Geary, Buddy Messinger, Buddy Swan, Carl Deloro, Carl Ekberg, Carl Faulkner, Carmen Laroux, Charles Bennett, Charles Meakin, Clyde McAtee, Cyril Ring, Danny Borzage, Demetrius Alexis, Dick Scott, Don Ackerman, Don Roberts, Dona Dax, Dorothy Cleveland, Dorothy Comingore, Eddie Coke, Eddie Dew, Edith Evanson, Edmund Cobb, Edna Mae Jones, Edward Peil Jr., Edward Ryan, Ellen Lowe, Ernest Grooney, Erskine Sanford, Everett Sloane, Field Norton, Finn Zirzow, Fortunio Bonanova, Frances E. Neal, Francis Sayles, Frank McLure, Frank O'Connor, Gene Coogan, George Coulouris, George DeNormand, George Noisom, George Sherwood, George W. Jimenez, Georgia Backus, Gerald Pierce, Gino Corrado, Gohr Van Vleck, Gregg Toland, Gus Schilling, Guy Repp, Harry A. Bailey, Harry Burkhardt, Harry J. Vejar, Harry Shannon, Henry Hebert, Herbert Corthell, Hercules Mendez, Herman J. Mankiewicz, Irving Mitchell, J.J. Clark, Jack Curtis, Jack Egan, Jack Gargan, Jack Gwynne, Jack Raymond, James T. Mack, Jan Wiley, Jesse Graves, Jimmy Grant, Joan Blair, John Alban, John Dilson, John McCormack, John Northpole, Johnny Eckert, Jolane Reynolds, Joseph Cotten, Joseph North, Juanita Fields, Landers Stevens, Larry Wheat, Larry Williams, Leda Nicova, Lew Harvey, Lillian Nicholson, Lillian O'Malley, Louis Natheaux, Louise Currie, Louise Franklin, Ludwig Lowry, Major McBride, Maurice Costello, Mickey Martin, Mike Lally, Milton Kibbee, Mitchell Ingraham, Morgan Brown, Myrtle Rishell, Olin Francis, Orson Welles, Paddy O'Flynn, Paul Stewart, Perc Launders, Peter Gowland, Philip Morris, Philip Van Zandt, Ray Collins, Renee Godfrey, Richard Wilson, Robert Dudley, Robert Haines, Roland Winters, Rudy Germane, Russ Powell, Ruth Warrick, Sally Corner, Sam Ash, Sam Harris, Sam Rice, Shimen Ruskin, Sonny Bupp, Suzanne Dulier, Suzanne Ridgway, Teddy Mangean, Terrance Ray, Thomas A. Curran, Thomas Pogue, Tim Davis, Tom Coleman, Tom Steele, Tudor Williams, Victor Romito, Walter Bacon, Walter James, Walter Lawrence, Walter Sande, William Alland, William Alston, William H. O'Brien
Release Date
1941
Rated
PG
Runtime
1h 59m
Awards
Won 1 Oscar, 11 wins & 13 nominations total
Country
United States
Budget
USD $839 727,00
Revenue
USD $23 218 000,00
Popularity
18.759
Status
Released
ID IMDb.com
tt0033467
IMDB Rating
8.3
IMDB votes
471000
ID Themoviedb.org
15
TMDb Rating
8.01
TMDb votes
5429