Channel Myanmar

Sport

Victory (2024) 7.5
Victory (2024) Victory (2024)***************Reply 1988 ထဲမှ Lee Hyeri၊ Seoul Busters ထဲမှ Park Se Wan၊ Doctor Cha ထဲမှJo Aram တို့ကို ၁၉၉၉ ခုနှစ်က အက ဝါသနာထုံတဲ့ ကောင်မလေးတွေအဖြစ် မြင်တွေ့ရမဲ့ဇာတ်ကားသစ်လေး ထွက်ရှိလို့လာပါပြီ။ဂေါဂျယ်မြို့လေးမှာ နေထိုင်တဲ့ ဖီးဆွန်းနဲ့ မီနာတို့ သူငယ်ချင်း နှစ်ယောက်ဟာDancer ဖြစ်ဖို့ အိပ်မက်မက်နေကြတဲ့ ကျောင်းသူ နှစ်ဦးဖြစ်ပြီး ကျောင်းမှာလည်းအခွင့်အရေးရရင် ရသလို တိပ်ခွေတွေ ဖွင့်ပြီး ကတတ်ကြပါသေးတယ်။အက ဘုရင်မ ဖီးဆွန်းတို့ရဲ့ ကျောင်းကို Cheer Leader အတွေ့အကြုံရှိတဲ့ ဆယ်ဟျွန်းရောက်ရှိလာတဲ့ အခါမှာတော့...အကအသင်းဖွဲ့ချင်တဲ့ ဖီးဆွန်းတစ်ယောက် ဆယ်ဟျွန်းနဲ့အတူ သူ့ရဲ့ အိပ်မက်တွေကိုဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော်သွားပြီး ဘယ်လိုအောင်မြင်အောင် လုပ်ကြမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာပဲ ရှုစားလိုက်ကြ‌ရအောင်။အိပ်မက်ရှိတဲ့ လူငယ်တွေရဲ့ သဘာဝကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးမလို့အချိန်ပေးရကြိုးနပ်မှာတော့ အသေအချာပါပဲ။ (ဇာတ်လမ်းအကျဉ်းကို Treasure ...
movie

Victory (2024)

Padu (2024) 6.8
Padu (2024) Padu (2024)"ရွှေအိပ်မက်" =====================မလေးရှား အမျိုးသမီး ဘတ်စကတ်ဘောအသင်းအကြောင်း ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ စိတ်ခွန်အားရစရာ ရုပ်ရှင်ကောင်းလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။၁၉၉၇ ခုနှစ်ကစပြီး ၂၀၀၇ ခုနှစ်အထိ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၁၁ ခု ယူနိုင်ထားတဲ့ မလေးရှား အမျိုးသမီးဘတ်စကတ်ဘောအသင်းဟာ ရွှေတံဆိပ်နဲ့ ဝေးကွာခဲ့တာ ဆီးဂိမ်းနှစ်ခုရှိသွားခဲ့ပါပြီ။သူတို့တွေဟာ ၂၀၁၃ မြန်မာဆီးဂိမ်းမှာလည်း ရွှေတံဆိပ်ပြန်ရဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြပေမဲ့ ရွှေတံဆိပ်နဲ့ ဆက်လက်ဝေးကွာနေဆဲပါပဲ။အဲဒါကြောင့် ၂၀၁၅ ဆီးဂိမ်းမှာ ရွှေတံဆိပ်ပြန်ယူနိုင်ဖို့အတွက် နည်းလမ်းရှာကြရင်းနဲ့ သူတို့အဖွဲ့ဟာ ကာလိုင်ဆိုတဲ့ မလေးရှားနိုင်ငံသူ အိန္ဒိယလူမျိုး ပါရမီရှင်ကောင်မလေးကို အဖွဲ့ထဲခေါ်ပြီး အတွေ့အကြုံရင့် ကစားသမားတွေနဲ့ ပူးပေါင်းကာ ၂၀၁၅ ဆီးဂိမ်းအတွက် တိုဂာ်ပွဲဝင်ဖို့ ပြင်ဆင်ကြပုံကို ဒီရုပ်ရှင်ထဲမှာ စိတ်အားတက်ဖွယ်ရာမြင်တွေ့ရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ပါ။) File size… 1.8 GB / 971 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard ...
movie

Padu (2024)

Breaking the Ice (2023) 6.0
Breaking the Ice (2023)  Breaking the Ice (2023)IMDb Rating (6.0)ရေခဲပြင်အားကစားနဲ့ပတ်သက်တဲ့ LGBT ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားလာပါပြီ။သြစတြီးယားဒါရိုက်တာ ကလာရာ စတာန် (Clara Stern) ရဲ့ ပထမဆုံး ရုပ်ရှင်ဖြစ်ပါတယ်။ဒီဇာတ်ကားဟာ Tribeca ရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့ပြီး အကောင်းဆုံး ဇာတ်ညွှန်းဆုကို Max Ophüls ဆုပွဲမှာ ရရှိခဲ့ပါတယ်။​သြစတြီးယားရုပ်ရှင်ဖြစ်ပြီးတော့ မင်းသမီး Alina Schaller မှ အဓိကပါဝင်ထားပါတယ်။ မီရာဟာ သြစတြီးယားရေခဲပြင်ဟော်ကီအားကစားသမားတစ်ယောက်ပါ ....သူမက သာမန်မိန်းကလေးတွေနဲ့ မတူဘဲ Lesbian တစ်ယောက်ဖြစ်ပေမယ့်မိသားစုရဲ့ဖိအားပေးမှုတွေကြားမှာ သူ့ဘဝဟာ အချုပ်အနှောင်တွေနဲ့ရှင်သန်နေခဲ့ရပါတယ်...တနေ့မှာတော့ သူတို့အဖွဲ့ထဲကို သီရိဆာဆိုတဲ့ အဖွဲ့ဝင်သစ်တစ်ယောက် ရောက်ရှိလာခဲ့ပြီးတော့မီရာရဲ့ဘဝအပြောင်းအလဲတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ........။(အညွှန်းနဲ့ဘာသာပြန်ကတော့ Lux ပဲဖြစ်ပါတယ်)File size…(1.9 GB) / (830 MB) Quality….WEB-DL 1080p HEVC / 720p Format…. ...
movie

Breaking the Ice (2023)

2023
Mr. Perfect (2014) 6.7
Mr. Perfect (2014) Mr. Perfect (2014) ***************** ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် ၂၀၁၄ တုန်းကထွက်ခဲ့တဲ့ Comedy/Sport Drama အမျိုးအစား ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ Yoon Shi Yoon၊ Yeo Jin Goo၊ Lee Kyung Young တို့အပြင် ပရိသတ်နဲ့ရင်းနှီးပြီးသား သရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ************* ပါရမီရှင် ဂေါက်ရိုက်သမားတစ်ယောက်ဖြစ်တဲ့ ဘဲ့ဆယ်ဂျင်း(Yoon Shi Yoon)ဟာ အချိန်တိုအတွင်းမှာ အဓိကပြိုင်ပွဲပေါင်းများစွာကို အနိုင်ရဗိုလ်စွဲခဲ့ပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမဲ့ သူ့ရဲ့ ပင်ကိုယ်စရိုက်ကြောင့် အောင်မြင်မှုကို ရေရှည်မထိန်းနိုင်ဘဲ အရှုပ်အပွေသတင်းပေါင်းများစွာနဲ့ လက်ရည်ပိုင်းမှာရော ကြေးစားအဆင့်သတ်မှတ်ချက်မှာပါ ကျဆင်းလာခဲ့ပါတယ်။တစ်နေ့ အရက်မူးပြီးကားမောင်းရင်းနဲ့ မတော်တဆမှုဖြစ်ခဲ့ပြီး ကားပေါ်မှာပါလာတဲ့ သူ့ရဲ့သူငယ်ချင်းပါ အသက်ဆုံးရှုံးခဲ့ရတယ်။ အဲဒီအချိန်ကစလို့ ဘဲ့ဆယ်ဂျင်းဟာ စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်ဖြစ်သွားခဲ့ရပါတယ် ..ဒီလိုနဲ့ နောက် ၁ နှစ်လောက်အကြာမှာတော့ ..ရွာငယ်လေးတစ်ရွာက ကျောင်းအုပ်ဖြစ်သူက ကျောင်းမှာဆရာ မရှိတဲ့အတွက် ကျောင်းကို ပိတ်လိုက်ရမဲ့အရေးနဲ့ရင်ဆိုင်နေရတာကြောင့်ကျောင်းသားတွေကို ဂေါက်ရိုက်သင်ပေးပြီး အငယ်တန်းဂေါက်ရိုက်ပြိုင်ပွဲမှာအသိအမှတ်ပြုခံရရင် ကျောင်းမပိတ်ရအောင် ကယ်တင်နိုင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဘဲ့ဆယ်ဂျင်းကို ဖိတ်ခေါ်ခဲ့ပါတော့တယ် ..ကျောင်းသားမိဘတွေအနေနဲ့ စကားမပြောတတ်သူတစ်ယောက်ကို ...
movie

Mr. Perfect (2014)

Our School’s E.T. (2008) 6.1
Our School’s E.T. (2008) Our School's E.T. (2008) ************************ ပရိတ်သတ်ကြီးတို့ကို အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ Drama ဟာသနဲ့ အားကစားအကြောင်းလေးတွေရောပြီး ပါဝင်တဲ့ Our School’s E.T. ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ..အဓိကသရုပ်ဆောင်အနေနဲ့ charisma ပြည့်ဝတဲ့ မင်းသားကြီး Kim Soo Ro နဲ့အတူ ပရိသတ်တို့အသည်းစွဲ မင်းသမီးလေး ဘုံဘုံ (Park Bo Young), နှုတ်ခမ်းနီမလေးတွေအကြိုက် မင်းသား Lee Min Ho, မင်းသား Baek Sung Hyun, မင်းသမီး Moon Chae Won နဲ့ မင်းသား Kim Gi Bang တို့လို့ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေ ပါဝင်ထားပါတယ် ..ဇာတ်လမ်းအကျဉ်းကတော့ ******************** ချွန်းဆောင်းဂွန်း (Kim Soo Ro) ဟာ ဂန်းနမ်မှာရှိတဲ့ အထက်တန်းကျောင်းတစ်ကျောင်းရဲ့ အားကစားဆရာတစ်ယောက်ပဲဖြစ်ပါတယ်။ကျောင်းသူကျောင်းသားတွေအပေါ် ချစ်ခင်တဲ့အပြင် မဟုတ်တာတွေလုပ်ရင်လည်း ဆုံးမလေ့ရှိသူပါ။တစ်ရက်မှာတော့ ချွန်းဆောင်းဂွန်း အလုပ်လုပ်နေတဲ့ကျောင်းဟာ အကြောင်းကိစ္စအမျိုးမျိုးကြောင့် အားကစားဆရာအရေအတွက်ကို လျှော့ချပြီး အင်္ဂလိပ်စာဆရာအရေအတွက်ကို တိုးမြှင့်လာတဲ့အခါမှာတော့ ချွန်းဆောင်းဂွန်းတစ်ယောက် ...
movie

Our School’s E.T. (2008)

Fourth Place (2015) 6.9
Fourth Place (2015) Fourth Place (2015) ******************* The World of the Married, Doctor Stranger တို့ထဲမှ မင်းသားကြီး Park Hae Joon၊ Love Alarm ထဲမှ Jung Ga-Ram နဲ့ Yoo Jae Sang တို့ အဓိက ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်ဇာတ်လမ်းအကျဥ်းကတော့ ..၁၁ နှစ်သားလေး ဂျွန်ဟိုက ရေကူးကစားသမားတစ်ယောက်ပါ သူဟာ ရေကူး ပါရမီရှိပေမဲ့ ပြိုင်ပွဲတွေမှာ နှမြောဖို့ကောင်းစွာ အမြဲ အဆင့် ၄ပဲ ရနေပါတယ်သားဖြစ်သူကို အားမလိုအားမရဖြစ်လာတဲ့ ဂျွန်ဟိုရဲ့အမေက သားလေး ဆုတံဆိပ်ဆုရနိုင်ဖို့အတွက် ..အရင်ကအမျိုးသားရေကူးအဖွဲ့မှာ ကစားသမားဟောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ ဂင်ဂွမ်ဆူကိုနည်းပြအဖြစ် ခန့်လိုက်ပါတော့တယ် ..အဲဒီနည်းပြကို ခန့်ပြီးတဲ့နောက် အံ့သြဖို့ကောင်းစွာ ဂျွန်ဟိုက ပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့ပါတယ် ..သူ့မိသားစုတွေ အရမ်းပျော်ခဲ့ကြတယ် အထူးသဖြင့်ဂျွန်ဟိုရဲ့အမေပေါ့ ..ဒါပေမဲ့ ဂျွန်ဟိုရဲ့ကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေ ...
movie

Fourth Place (2015)

The Champion (2024) 5.4
The Champion (2024)  ဒီကားလေးကတော့ အခုနှစ်ပိုင်းမှ ထွက်ရှိထားတဲ့ sport/comedyကားလေးဖြစ်ပါတယ်။ ဒီကားလေးကတော့ တခြားအားကစားကားတွေနဲ့မတူဘဲ ‌အားကစားသမားရဲ့ ဇာတ်ကောင်စရိုက်ကို‌ရိုက်ပြထားတဲ့ကားဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်လာပြီး ဇာတ်ကောင်ရဲ့စိတ်အခြေအနေ မိသားစု၀င်အချင်းချင်းတောင် ကိုယ့်အပေါ်အမြတ်ထုတ်တာတွေ ခံစားချက်ကိုမထိန်းချုပ်နိုင်တာတွေ အစရှိတဲ့အကြောင်းကိစ္စတွေကို ရိုက်ပြထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ - ‌ဒီရေဂိုကအသက်ငယ်ငယ်နဲ့ ထူးချွန်တဲ့ဘောလုံးကစားသမားဖြစ်ပြီး အသင်းနဲ့စာချုပ်ချုပ်စ ပထမဆုံးရာသီမှာတင် (၁၁)ဂိုးသွင်းထားသူပါ။ ဒါပေမဲ့ ကမူးရှူးထိုးသမားဖြစ်သူမလို့ လာလီဂါချန်ပီယံရှစ်အဆုံးအဖြတ်အတွက် သုံးပွဲအလိုမှာတင် အသင်းခေါင်းဆောင်နဲ့ရန်ဖြစ်ပြီး နှစ်ပွဲနားလိုက်ရပါတယ်။ တတိယမြောက်ပွဲပါ နားခံထိမှာစိုးရိမ်တဲ့အတွက် သူ့အဖေ အေးဂျင့်နဲ့အသင်းတို့က လက်ဝါးချင်းရိုက်ပြီး သတင်းစာတောင်းပန်ပွဲလုပ်ပြီး စာဖတ်တဲ့နေရာမှာအခက်အခဲဖြစ်နေတဲ့သူ့ကိုတက္ကသိုလ်က စိတ်ရောဂါကျွမ်းကျင်သူနဲ့စာသင်ပေးမယ်လို့ ပရိသတ်ကိုပြောလိုက်ပါတယ်။မရင့်ကျက်တဲ့ဒီရေဂိုတစ်ယောက် သူ့ဆရာအကူအညီနဲ့ ကိုယ်ကိုယ်ကိုယ်ဘယ်လိုပြောင်းလဲသွားမလဲ ဖခင်ရဲ့အရိပ်အောက်ကနေရော ရုန်းထွက်နိုင်ပါ့မလားဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre... Soccer, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie

The Champion (2024)

Tatami (2023) 7.6
Tatami (2023) Tatami 2023 (တာတာမီ)ယခုတစ်ခါမှာတော့ ဂျူဒိုအားကစားပြိုင်ပွဲအကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဂျူဒိုအားကစားသမားဖြစ်တဲ့ လေလာဟာ သူ့ရဲ့နည်းပြဖြစ်သူ မာယမ်နဲ့အတူ ကမ္ဘာ့ဂျူဒိုချန်ပီယံပွဲစဉ်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် တီဘ်လီစီမြို့ကိုရောက်ရှိလို့လာခဲ့ပါတယ်။လေလာဟာ လက်တွဲဖော်ကောင်းဖြစ်တဲ့ သူ့အမျိုးသားနာဒါနဲ့အတူ သူငယ်ချင်းများရဲ့ အားပေးမှုကို ရရှိပြီးတော့ ဒီပွဲစဉ်အတွက် ခွန်အားတွေအပြည့်ဖြစ်လို့နေပါတယ်။ ဒီလိုနဲ့ လေလာဟာ ကမ္ဘာ့ဂျူဒိုချန်ပီယံပွဲစဉ်ကြီးကို ဝင်ရောက်ယှဉ်ပြိုင်ရင်း နိုင်ငံအတွက် ရွှေတံဆိပ်ရဖို့ ကြိုးစားတိုက်ခိုက်ပါရင်း တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလို့လာခဲ့ပါတော့တယ်။တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းလာတဲ့အချိန်မှာပဲ သူတို့အသင်းရဲ့ ခေါင်းဆောင်ပိုင်းထဲကနေ လေလာ့ကို ဒီပြိုင်ပွဲကနေ နုတ်ထွက်လိုက်ဖို့အတွက် နည်းပြဖြစ်သ မာယမ့်ဆီကို ဆက်သွယ်ပြီးပြောပါတော့တယ်။ နည်းပြဖြစ်သူ မာယမ်ဟာလည်း ဒီကိစ္စကို လက်မခံဘဲနဲ့ လေလာ့ကို ဆက်လက်ပြီးတော့ ပြိုင်စေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လေလာတစ်ယောက် ကမ္ဘာ့ဂျူဒိုချန်ပီယံပွဲစဉ်ကြီးမှာ မျှော်မှန်းထားတဲ့အတိုင်း ဆုတံဆိပ်ကို ပိုင်ဆိုင်နိုင်မှာလား ......အထက်ကပေးတဲ့ဖိအားတွေကို နည်းပြမာယမ်တစ်ယောက် ဘယ်လိုတွေ ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~V~BpL~Alex တို့ဖြစ်ပါတယ်) File size… 1.9 GB / 591 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 45m Subtitle….Myanmar ...
movie

Tatami (2023)

Six Pack (1982) 6.0
Six Pack (1982) ပြိုင်ကားသမားဟောင်း ဘရူးဘိတ်ကာဟာ တက္ကဆက်ပြည်နယ်က မြို့လေးတစ်ခုမှ ဆီထည့်ရင်း သူ၏ပြိုင်ကားအစိတ်ပိုင်းတွေ ဖြုတ်အခိုးခံလိုက်ရပါတော့တယ်။ ခိုးသွားတဲ့တရားခံကို လိုက်ရှာရင်း တရားခံတွေက ကလေးတစ်သိုက်ဖြစ်နေသောအခါ ဘရူးတစ်ယောက် လုပ်ရကိုင်ရကြပ်သွားပါတော့တယ်။ကလေးတွေမှာ သာမန်ထက်ပိုတဲ့ကားပြင်တဲ့အရည်အချင်းတွေ ရှိနေတာကို သတိထားမိသွားတဲ့အခါမှာတော့ ဘရူးဘိတ်ကာဟာ သူ့ရဲ့ပြိုင်ပွဲတွေကို ကလေးတွေကို စတင်ပြီးခေါ်သွားပါတော့တယ်။ ကလေးတွေနဲ့ ပြိုင်ကားသမားကြီး တဖြည်းဖြည်းသံယောဇဉ်ဖြစ်လာပုံ ကားပြိုင်ကွင်းထဲမှာ ပြိုင်ကားတွေ ပြိုင်ဆိုင်မှုပြင်းထန်ပုံတို့ကို မပျင်းရအောင် ကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:48:00 Genre... Motorsport, Comedy, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

Six Pack (1982)

Fuchsia Libre (2024) 5.5
Fuchsia Libre (2024)  Fusha Libre ဟာ အက်ရှင်၊ ဟာသအမျိုးအစားဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ မိခင်ဆုံးပါးပြီးတဲ့နောက်တစ်ဦးကိုတစ်ဦးမှီခိုနေထိုင်လာကြတဲ့ဒန်နီနဲ့အိုလီဗာတို့ဟာသိပ်ချစ်ကြတဲ့သားအဖတွေဖြစ်ပါတယ်။ငယ်ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်ဂေးမှန်းသိနေခဲ့တဲ့အိုလီဗာဟာ ယောကျ်ားပီသစေချင်တဲ့ဖခင်ရဲ့ဆန္ဒကြောင့်သူ့ပုံစံမှန်ကိုမျိုသိပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။လူပျိုအရွယ်ရောက်လာတဲ့အခါမှာတော့ အိုလီဗာကယောကျ်ားလေးချင်းရည်းစားထားနေတာကိုသိသွားတဲ့ဒန်နီကအိုလီဗာကိုစိတ်ဆိုးပြီး သားအဖဆက်ဆံရေးကိုလည်းဖြတ်ပစ်ခဲ့ပါတယ်။အိုလီဗာက ဘဝကိုကြိုးစားရုန်းကန်ရင်း သူတည်ထောင်ထားတဲ့အားကစားခန်းမလေးကိုကယ်တင်နိုင်ဖို့ ကြေးကြီးတဲ့ မြေအောက်လက်ဝှေ့ကြိုးဝိုင်းတစ်ခုမှာ ဝင်ထိုးဖို့ဖြစ်လာခဲ့ပါတယ်။အိုလီဗာထင်မထားခဲ့တာက သူ့အဖေဒန်နီဟာ လက်ဝှေ့ပွဲကျင်းပသူတွေထဲကတစ်ယောက်ဖြစ်နေတဲ့အပြင် သူပတ်သက်ခဲ့မိတာကသာမန်တရားမဝင်လက်ဝှေ့ကြိုးဝိုင်းလေးတစ်ခုမဟုတ်ဘဲ ရက်စက်တဲ့လူသတ်မှုတွေ၊ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ဂိုဏ်းကြီးတစ်ခုဖြစ်နေပါတော့တယ်။ File size…2.41GB / 1.16GB Quality…WEB-DL   1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Comedy , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Fuchsia Libre (2024)

Final Heat (2024) 5.5
Final Heat (2024)  လူ့ဘ၀မှာအရေးအကြီးဆုံးကတော့ပိုက်ဆံတွေ ဂုဏ်ပကာသနတွေထက် ကျန်းမာကြံ့ခိုင်ပြီးကျန်းမာရေးကောင်းနေဖို့ကအရေးအကြီးဆုံးပါပဲ။အဲ့ဒါကြောင့်ကမ္ဘာပေါ်မှာရှိတဲ့လူအများစုကအားကစားတစ်ခုမဟုတ်တစ်ခုတော့လုပ်ကြပါတယ်။Gym ကစားတာ စက်ဘီးစီးတာ ပြေးတာ လမ်းလျှောက်တာအကုန်လုံးကကျန်းမာကြံ့ခိုင်စေနိုင်တဲ့လေ့ကျင့်ခန်းတွေပါပဲ။ဒီလိုကျန်းမာကြံ့ခိုင်စေဖို့လေ့ကျင့်ခန်းတွေကိုပိုမိုလုပ်ဆောင်စေဖို့အတွက်ကမ္ဘာတစ်ဝှမ်းမှာလည်းအားကစားပြိုင်ပွဲအသေးစားလေးတွေကနေ အိုလံပစ်အားကစားပြိုင်ပွဲတွေအထိပါကျင်းပပေးကြပါတယ်။အခုတင်ဆက်ပေးမဲ့ Final Heat ဆိုတဲ့ဇာတ်ကားထဲမှာလည်းကျန်းမာကြံ့ခိုင်ရေးပြိုင်ပွဲဝင်ခွင့်ရဖို့ကြိုးစားနေတဲ့အားကစားသမားတွေရဲ့စွန့်စားခန်းကိုတွေ့ရမှာဖြစ်ပါတယ်။ကမ်နဲ့လိန်းနီတို့ကဟောလီး၀ုဒ်ဘောက်စ်ဆိုတဲ့အားကစားရုံပိုင်ရှင်တွေဖြစ်ကြပြီး သူတို့အားကစားရုံကအခြေအနေမကောင်းပြီးငွေကြေးအဆင်မပြေတော့တဲ့အတွက်အားကစားရုံမပိတ်ရခင်လေးမှာကြိုးစားချင်စိတ်ရှိတဲ့အထောက်အပံ့လိုတဲ့အားကစားသမားတွေကိုငွေကြေးထောက်ပံ့ပေးပြီးပြိုင်ပွဲဝင်နိုင်အောင်ကူညီပေးဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့သူတို့ဆီမှာ လာလျှောက်တဲ့လူတွေအများကြီးထဲကသင့်တော်မယ်ထင်တဲ့ အားကစားသမားတွေကိုရွေးထုတ်ရင်းအဖွဲ့တစ်ခုဖြစ်သွားခဲ့ကြပါတော့တယ်။ဒါပေမယ့် ကမ်တို့ကိုယ်တိုင်ကိုကမပြေလည်တဲ့အတွက်ပြိုင်ပွဲဝင်ခွင့်ရတဲ့အထိသူတို့ကိုလေ့ကျင့်ပေးပြီး ထောက်ပံ့ပေးဖို့ဆိုတာကအခက်အခဲကြီးတစ်ခုပါပဲ။ဒါပေမယ့် သူတို့အဖွဲ့လေးကလည်း ပြိုင်ပွဲဝင်ခွင့်ရဖို့ ရည်ရွယ်ချက်တစ်ခုတည်းကို အတူတူထားတဲ့အတွက်အခက်အခဲတွေကို ကျော်ဖြတ်ပြီး အတူတူကြိုးစားသွားကြပုံတွေကိုတွေ့ရမဲ့အားကစားအမျိုးအစားကို Documentary ပုံစံလိုပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…2.14GB / 872MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 32m Genre …..Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Final Heat (2024)

I Can (2023) 5.9
I Can (2023)  အခုလိုအရာရာ ခက်ခဲပင်ပန်းနေတဲ့အချိန်အခါမှာ လူတိုင်းမှာတော့ဒီခက်ခဲတဲ့ လမ်းခရီးကိုဆက်မလျှောက်ချင်တော့ပဲ လက်လျှော့လိုက်ချင်ကြတဲ့ အတွေးတွေအနည်းနဲ့အများတော့ တွေးဖူးကြမှာပါ။ဒါပေမယ့် ရတောင့်ရခဲတဲ့လူ့ဘ၀မှာကြိုးစားရင်မလုပ်နိုင်ဘူးဆိုတဲ့အရာမရှိဘူးဆိုတာကို I Can ဆိုတဲ့ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားလေးနဲ့စိတ်ခွန်အားရဖို့ တင်ဆက်ပေးချင်ပါတယ်။IMDb Rating 5.9 အထိရရှိထားပြီးခဏတာအချိန်ပေးပြီးကြည့်ရှုလိုက်ရုံနဲ့ ဘ၀မှာအဆိုးဆုံးဆိုတဲ့အရာတွေဖြစ်နေရင်တောင်အနည်းနဲ့အများစိတ်ခွန်အားပြန်လည်တက်ကြွလာစေမှာတော့အမှန်ပါပဲ။အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်နဲ့ စစ်သားဇနီးတစ်ယောက်တို့ကချစ်ကျွမ်းဝင်ခဲ့ကြပြီး သိပ်မကြာခင်မှာပဲသမီးလေးတစ်ယောက်မွေးဖွားလာခဲ့ပါတယ်။ဒါပေမယ့်ကံအကြောင်းမလှစွာနဲ့ပဲ မွေးဖွားလာတဲ့သမီးလေးကိတ်တလင်းမှာ လက်တစ်ဖက်ပဲပါလာပြီး တခြားတစ်ဖက်ကတော့ မသန်စွမ်းဖြစ်နေခဲ့ပါတယ်။ကိတ်တလင်းကြီးပြင်းလာတဲ့အခါမှာတော့ ကံကြမ္မာကတစ်ဖန်ပြန်ပြောင်းလဲခဲ့ပြီး ကိတ်တလင်းကဆော့ဖ်ဘောဆိုတဲ့ဘေ့စ်ဘောနဲ့ဆင်တူတဲ့ ကစားနည်းမှာအရမ်းတော်နေတဲ့ ပါရမီပါနေခဲ့ပါတော့တယ်။အဲ့ဒါကြောင့် ကျောင်းပွဲတွေမှာအမြဲတမ်းအနိုင်ရခဲ့ပြီး ကိတ်တလင်းကထိပ်တန်းကစားသမားဖြစ်ခဲ့ပါတယ်။ဒါပေမယ့်ကံကြမ္မာဆိုတာ ချိုတစ်လှည့်ခါးတစ်လှည့်ဖြစ်နေစမြဲမလို့ကိတ်တလင်းအတွက် အရမ်းအရေးကြီးတဲ့အချိန်တစ်ခုမှာကစားရင်းနဲ့မတော်တဆဖြစ်ပြီးဒူးခေါင်းစုတ်သွားပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကိတ်တလင်းနဲ့ သူ့မိသားစုအတွက်အမြဲတမ်းအလှည့်အပြောင်းဖြစ်နေတဲ့ကံကြမ္မာကြားမှာ ကိတ်တလင်းတစ်ယောက်ဘယ်လိုမလျှော့သောဇွဲနဲ့ဆက်လက်ကြိုးစားသွားပြီး အောင်မြင်တဲ့အမျိုးသမီးမသန်စွမ်းအားကစားသမားတစ်ယောက်ဘယ်လိုဖြစ်လာလဲဆိုတာကို ကြည့်ရှုရမဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1GB / 494MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 25m Genre ….. Drama , Family , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

I Can (2023)

Radio (2003) 6.9
Radio (2003)  ဘောလုံးအသင်းကို မိန်းမနဲ့ကလေးထက် ပိုပြီးတော့ ဦးစားပေးတဲ့ နည်းပြဟာရိုးဂျုံး၊ တစ်ရက်မှာ နည်းပြဂျုံးရဲ့ အသင်းသားတွေက ဉာဏ်ရည်မမှီတဲ့ကောင်လေးတစ်ယောက်ကို အနိုင်ကျင့်ခဲ့ရာကစလို့ သူ့ကို ကူညီပေးခဲ့ပါတယ်။ စစချင်းတွေ့တဲ့အချိန်မှာ ကောင်လေးဟာ စကားတောင် မပြောရဲဘဲ ကြောက်နေတဲ့အတွက် ရေဒီယိုတွေကိုချစ်တဲ့သူ့ကို ရေဒီယိုဆိုပြီးနာမည်ပေးရာကနေ အမည်တွင်ခဲ့ပါတော့တယ်။ရေဒီယိုလေးကို ကြည့်ပြီး ကူညီပေးချင်တဲ့ နည်းပြဂျုံးဟာ ရေဒီယိုကို ဘေးကနေ အဖော်လုပ်ပေးရင်း သူ့ကို တဖြည်းဖြည်း တိုးတက်လာအောင်လုပ်ရင်းနဲ့ လူပေါင်းဆံ့လာပါတော့တယ်။ ဒီလိုနဲ့ နည်းပြဂျုံးနဲ့ ရေဒီယိုတို့ ရှေ့ဆက်ပြီး ဘာတွေဆက်ဖြစ်သွားကြမလဲ ..... ရေဒီယိုလေးဟာရော နည်းပြဂျုံးရဲ့ အကူအညီကြောင့် ဘယ်လောက်အထိ တိုးတက်လာမလဲ...... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:49:00 Genre... Football, Biography, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

Radio (2003)

Color Of Victory (2024) 6.0
Color Of Victory (2024)  အချစ်၊ စစ်ပွဲ၊ မျှော်လင့်ချက်တွေနဲ့ အားကစားအကြောင်းပါတဲ့ ဇာတ်ကားတစ်ကားကိုရှာနေတယ်ဆိုရင်တော့ ၂၀၂၄ ခုနှစ်ထွက် Color of Victory တူရကီ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီရုပ်ရှင်ဟာဆိုရင် လွတ်လပ်ရေးစစ်ပွဲကာလအတွင်း တူရကီရဲ့ သမိုင်းကြောင်းကို ပြောပြထားပြီးတော့ ဖင်နယ်ဘာ့ချေး ဘောလုံးအားကစား အသင်းဖြစ်ပေါ်လာပုံအပြင် နယ်ချဲ့ အင်္ဂလိပ်တွေနဲ့ ယှဥ်ပြိုင်ခဲ့တဲ့အောင်ပွဲအကြောင်းရိုက်ကူးထားတဲ့ သမိုင်းဝင်မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ ခက်ခဲတဲ့စစ်ပွဲကာလမှာ ပြည်သူတွေကို ခွန်အားတက်စေခဲ့တဲ့ မျှော်လင့်ချက်၊ ဘောလုံးအားကစားနဲ့ အချစ်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကောင်တွေရဲ့ ရုန်းကန်မှုတွေနဲ့ အောင်ပွဲများကို မီးမောင်းထိုးပြကာ ဆွဲဆောင်မှုကောင်းတဲ့ ဇာတ်လမ်းဇာတ်အိမ်နဲ့ တင်ဆက်ပေးထားပါတယ်။ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:37:00 Genre... Biography, History, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min
movie

Color Of Victory (2024)

Champion (2018) Chaem-pieon 6.4
Champion (2018) Chaem-pieon ကိုရီးယား ဒရာမာဆန်ဆန် ဇာတ်လမ်းကောင်းတွေကို ကြည့်ရှူချင်ကြသူတွေအတွက် ဝတုတ်မင်းသားလို့ခေါ်ကြတဲ့ ကိုရီယားမင်းသား Ma Dong-Seok ရဲ့ ၂၀၁၈ ထွက်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်…မာ့ခ် လို့ခေါ်တဲ့ ကိုရီယားလူမျိုး တစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အမေရိကန်လူမျိုးမိသားတစ်စုရဲ့ မွေးစားခြင်းကိုခံရပြီး အမေရိကန် နိုင်ငံမှာပဲ ကြီးပြင်းခဲ့ပါတယ်..သူဟာငယ်စဉ်ကတည်းက လက်မောင်းလှဲအားကစားကို ရူးသွပ်ပြီး ချန်ပီယံတစ်ယောက် ဖြစ်ချင်ခဲ့တာပါ…ဒီလိုနဲ့အရွယ်ရောက်လာချိန်မှာ အမေရိကန် လက်မောင်းလှဲ အားကစားအသင်းတစ်ခုမှာ ဝင်ရောက်ကစားကာ အောင်ပွဲတွေဆက်တိုက်ယူနေရင်း အကြောင်းတစ်ခုကြောင့် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ သူဟာ ကလပ်တွေ ဘားတွေ ဈေးဆိုင်တွေမှာ လုံခြုံရေးအဖြစ် ကြုံရာ လုပ်ကိုင်နေထိုင်ခဲ့ရပါတယ်တစ်ရက်တော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရီးယားမှာ လက်မောင်းလှဲပြိုင်ပွဲကြီးရှိတဲ့အတွက် သူ့ကို ကိုရီးယားကိုခေါ်ပါတော့တယ်….မာ့ခ်တစ်ယောက် ပြိုင်ပွဲဝင်ဖို့ကိုရီးယားရောက်လာပြီး သူ့ရဲ့ပျောက်ဆုံးနေတဲ့မိသားစုကို ပြန်လည်ရှာဖွေရင်း ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်ပါမလား….။အရမ်းကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပြီး အသည်းနုသူတွေအတွက် မျက်ရည်ဝဲစေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်လို့ အာမခံပေးပါရစေ။Rating တွေအနေနဲ့ကတော့ IMDb- 6.4/10….Rotten Tomatoes – 89 %။ File size…(2.7 GB ...
movie

Champion (2018) Chaem-pieon

2018
Hard Miles (2023) 6.4
Hard Miles (2023)  ၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ Hard Miles ရုပ်ရှင်ဟာစိတ်ဓာတ်ခွန်အားပေး အားကစားဒရမ်မာဖြစ်ပါတယ်။ကော်လိုရာဒိုက ပြန်လည်ပြုပြင်ရေးလူငယ်သင်တန်းကျောင်းရဲ့စက်ဘီးအဖွဲ့တစ်ဖွဲ့ဟာ ဂရန်းကန်ညွန်အထိ မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ခရီးတစ်ခုကို နည်းပြဂရက်ဂ်တောင်းဆန့်ရဲ့ဦးဆောင်မှုနဲ့ရောက်အောင်သွားနိုင်ခဲ့ပုံကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။ရိုးရှင်းတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပေမယ့် လူငယ်တွေရဲ့အားမာန်၊စိတ်ဓာတ်လှုံ့ဆော်ပေးတဲ့ဒိုင်ယာလော့တွေ၊ လူဆိုးလေးတွေကိုလမ်းမှန်ပြပေးခဲ့တဲ့နည်းပြရဲ့သင်ပြပုံတွေကြောင့် ဝေဖန်သူတွေဆီကReview ကောင်းတွေအများကြီးရထားတာဖြစ်ပါတယ်။ဂရန်းကန်ညွန်ကိုစက်ဘီးနင်းသွားရမယ့် ၇၆၂ မိုင်ခရီးဟာဆယ်ကျော်သက်လူငယ်လေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာစမ်းသပ်မှုတစ်ခုဖြစ်သလို ဂရက်ဂ်ရဲ့အဆုံးစွန်အထိတွန်းအားပေးမှုတွေကလူငယ်လေးတွေကို ဘဝမှာဘာအခက်အခဲကိုမှမကြောက်ရွံ့တော့အောင် သင်ကြားပေးနိုင်ခဲ့တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ File size… 1.72GB  / 809MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 48m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Hard Miles (2023)

Mr. & Mrs. Mahi (2024) 6.5
Mr. & Mrs. Mahi (2024) IMDb 6.5/10 Rotten tomato 64%မာဟန်ဒရာဆိုတဲ့​ကောင်လေးခရစ်ကတ်ကစားသမားနဲ့ ဆရာဝန်မလေး မာဟီမာတို့ကို သူတို့ရဲ့မိဘ​တွေလက်ထက်ဖို့စီစဥ်ကြရာက​နေ ဇာတ်လမ်း​​လေးကိုအစပျိုးပဲဖြစ်ပါတယ်။ခရစ်ကတ်အရှုံးသမား​လေးနဲ့ဆရာဝန်မ​လေးတို့မှာ မာဟီဆိုတဲ့နာမည်​ပြောင်တူ​နေကြတာက​နေ အချင်းချင်းနီးစပ်လာကြပါ​တော့တယ်။ ဒီလိုနဲ့ပဲတစ်​နေ့မှာ​တော့ မာဟီမာတစ်​ယောက် ​ ခရစ်ကတ်နဲ့​ဘောလုံးကိုရိုက်လိုက်တာကို မာဟန်ဒရာမြင်သွားပြီး​နောက်မှာ ပါရမီပါလာတာကိုသတိထားမိပြီး သူ့မိန်းမကို ခရစ်ကတ်ကစားသမားတစ်​ယောက်ဖြစ်လာ​အောင် သင်​ပေးဖို့ကြိုးစားလာပါ​တော့တယ်။မာဟီမာကလဲဆရာဝန်ဘဝကိုစွန့်လွှတ်ပြီး သူဝါသနာပါတဲ့ ခရစ်ကတ်ကစားတာကို စိတ်နှစ်ဖို့လုပ်လာတဲ့အခါမှာ လင်မယားနှစ်​ယောက်အတူတူလက်တွဲပြီး ပြိုင်ပွဲ​တွေကိုရင်ဆိုင်​ကျော်ဖြတ်ကြပါ​တော့တယ်။အညွှန်းနဲ့ဘာသာပြန်က​တော့ CM Bollywood team ပဲဖြစ်ပါတယ်။ File size… 2.06GB / 1GB  Quality…WEB DL 1080p / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood team 
movie

Mr. & Mrs. Mahi (2024)

2024
Kapil Return (2023) 6.2
Kapil Return (2023) Kapil returns 2024 အိပ်မက်ပန်းတိုင်မနက်ခင်းနိုးထလာရင် ပျော်စရာတွေနဲ့အစပြုတတ်တဲ့မိသားစုတစ်စု ယောကျာ်းကအလုပ်သွားဖို့ပြင်ဆင် မိန်းမကအိမ်မှုကိစ္စလုပ် သားဖြစ်သူဘာရတ်ကစာတွေလုပ်ရင်းပေါ့ သားဖြစ်သူကိုမျှော်မှန်းထားကြတာက ဒေါက်တာတစ်ယောက်ဖြစ်ဖို့ အကောက်ခွန်ဦးစီးဖြစ်ဖို့ စသဖြင့်ပါဒါပေမဲ့ဒီကလေးက ခရစ်ကတ်မှာ ပါရမီပါလာပါတယ် ခရစ်ကတ်မှာနာမည်ကြီးတစ်ယောက်ဖြစ်ချင်ပေမဲ့ ဖခင်ဖြစ်သူကတော့ ခရစ်ကတ်ဆိုအရမ်းမုန်းတီးတာပါ ဘော်လီဘော ဘောလုံးကြိုက်တာကစားလို့ရပေမဲ့ ခရစ်ကတ်ကိုတော့ အသုံးမဝင်တဲ့ကစားနည်းလို့မှတ်ယူထားတာပေါ့ သူဒီလိုမုန်းတီးရတာလည်းအကြောင်းရှိပါတယ်ခရစ်ကတ်ကို အရမ်းသဘောကျခဲ့ပေမဲ့ အကြောင်းတချို့ကြောင့်ခရစ်ကတ်လောကထဲကထွက်ခဲ့ရလို့ပါ ဒါကဘာများဖြစ်မလဲဖခင်မုန်းတီးနေတဲ့ခရစ်ကတ်ကိုမှ ဝါသနာပါမိသူဘာရတ်နဲ့ အထိမခံမုန်းတီးနေတဲ့အာရှို့ခ်ကြား ဘယ်လို၂ပါးသွားမယ်ဆိုတာ ထင်မှတ်မထားတဲ့ plot twist တွေနဲ့ ခံစားကြည့်ရှုလိုက်ပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…1.9GB / 940MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 51mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by CM Bollywood Team
movie

Kapil Return (2023)

2023
Dreamer: Inspired By a True Story (2005) 6.8
Dreamer: Inspired By a True Story (2005) ဒီဇာတ်လမ်းမှာ ပြိုင်မြင်းလေ့ကျင့်ရေးသမားဖြစ်တဲ့ Benက အလုပ်များတာကြောင့် သူ့သမီးလေး Cale ကို လျစ်လျူရှုပြီး နေရင်းက အလုပ်မှာ ခြေထောက်ကျိုးသွားတဲ့ပြိုင်မြင်းမလေးတစ်ကောင်ဖြစ်တဲ့ Sonador ကိုကယ်ရင်း အလုပ်ပြုတ်သွားခဲ့တယ်။Cale လေးက Sonador ကိုချစ်ပြီး Ben နဲ့အတူ အိမ်မှာ Sonador ခြေထောက်သက်သာအောင်ကူညီရင်းက သားအဖနှစ်ယောက် ပြန်လည်စည်းလုံးလာပြီး နွေးထွေးတဲ့ မိသားစုတစ်ခုပြန်လည်ရရှိခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံအကျပ်အတည်းဖြစ်နေတဲ့ Ben တို့မိသားစု ငွေကြေးအတွက် Sonador မြင်းမလေးနဲ့ ပြိုင်မြင်းလောင်း​ကြေးလောကမှာ ဘယ်လိုရုန်းကန်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ နွေးထွေးတဲ့ မိသားစုချစ်ခြင်းမေတ္တာနဲ့ ကလေးမလေး Cale ရဲ့ ကိုယ့်အိပ်မက်တွေအပေါ် ယုံကြည်မှုရှိတဲ့ အတုယူစရာစိတ်ဓာတ်နဲ့ သတ္တိကို ရင်ထဲနွေးထွေးပြီး​ အနှစ်သာရအပြည့်နဲ့ ကြည့်ရှုရမဲ့ အရမ်းကောင်းတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p ...
movie

Dreamer: Inspired By a True Story (2005)