Channel Myanmar

Special Package

Trouble Makers ( 2019 ) 5.7
Trouble Makers ( 2019 ) အိမ်ထောင်ရေးသက်တမ်းကြာလာတဲ့အခါ လင်မယားကြားမှာပြောစရာစကားတွေနည်းသွားပြီး သံသယတွေများလာတတ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ကိုယ့်ထင်ကြေးနဲ့သံသယတွေလျှောက်တွေးရင်း လင်မယားကြားမှာ မလိုအပ်တဲ့ပြဿနာတွေဖြစ်လာတဲ့အကြောင်း ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။မာစန်းဟာအသက်လတ်ပိုင်းရောက်လာတဲ့အခါ အရင်လိုမသန်စွမ်းတော့တာကြောင့် မိန်းမကိုအရင်လိုပျော်ရွှင်မှုတွေမပေးနိုင်ဖြစ်ရပါတယ်။ အဲဒါကမိန်းမဖြစ်သူက သူ့ကိုမချစ်တော့လို့လား အပြင်မှာတခြားတစ်ယောက်ရှိနေပြီလားဆိုပြီး သံသယဝင်ကာ အသက်ငယ်ငယ်သရုပ်ဆောင်မလေးကိုငှားပြီး ယောင်္ကျားကို စမ်းသပ်လိုက်မိတဲ့အတွက်အခြေနေတွေပိုဆိုးသွားခဲ့ပါတယ်။အစမ်းသပ်ခံလိုက်ရတဲ့ မာစန်းဟာလဲမကျေမချမ်းဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်ကိုပြန်ငှားပြီး မိန်းမကိုပြန်လက်စားချေဖို့စီစဉ်ပါတယ်။ တဖြည်းဖြည်းနဲ့ မိန်းမဖြစ်သူက သူများလက်ထဲပါသွားနိုင်တာကိုတွေးရင်း ကြောက်လာတဲ့အတွက် ရပ်တန့်ဖို့ကြိုးစားပေမယ့် သူနောက်ကျသွားပါပြီ။ မာစန်းတစ်ယောက် မဟေသီကိုပြန်ရအောင်ကြိုးစားခွင့်ပြန်ရနိုင်ပါဦးမလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Trouble Makers ( 2019 )

Do the World Darts 10 (2007) 5.7
Do the World Darts 10 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဝမ်ကျန့်ဝေးနဲ့ဖေးယန့်ဟာ နောက်ဆုံးတော့လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြပါပြီ။ သူတို့ရဲ့မင်္ဂလာပွဲကိုစည်စည်ကားကားကျင်းပနေတဲ့အချိန်မှာ တော်ဝင်လျှို့ဝှက်အမိန့်တော်ရောက်လာခဲ့ပါတယ်။ ဂျပန်ပင်လယ်ဓားပြတွေဟာ ဂျိုဆွန်းပြည်ကိုဝင်ရောက်ကျူးနေတာကြောင့် ဂျိုဆွန်းဘုရင်ဟာ မင်တိုင်းပြည်ကိုအကူအညီတောင်းလိုက်တဲ့အတွက် မင်ဘုရင်ကြီးက ဂျိုဆွန်းကိုကူညီမယ့် အမြှောက်ကြီး(၁၀)လက်ကို ထျန်းရှန်ပို့ဆောင်ရေးလုပ်ငန်းကိုတာဝန်ပေးလိုက်တာပဲဖြစ်ပါတယ်။ထျန်းရှပို့ဆောင်ရေးလုပ်ငန်းအဖွဲ့ဝင်တွေဟာ အမြှောက်တွေကို လက်လွှဲယူမယ့်ရွာလေးကိုရောက်တော့ သူတို့ဟာနောက်ကျသွားခဲ့ပါပြီ...... ဒါဟာထျန်းရှပို့ဆောင်ရေးလုပ်ငန်းအတွက် အန္တရာယ်အများဆုံးနဲ့ အရေးကြီးဆုံးတစ်ခုတာဝန်ဖြစ်လာပါတော့တယ်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Do the World Darts 10 (2007)

Do the World Darts 9 ( 2007 ) 5.7
Do the World Darts 9 ( 2007 ) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက 9 ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါမင်းကြီးကြိုက်နှစ်သက်ဆုံး ခုနှစ်စဉ်ကြယ်မင်သွေးတုံးကို နယ်ကနေ နန်းမြို့တော်ကို တာဝန်ယူပို့ပေးရတဲ့ ဟွေ့ယိုပို့ဆောင်းရေးက လမ်းခုလတ်မှာ ဓားပြတွေဆီကနေပစ္စည်းအလုခံလိုက်ရပါတယ် ။ဒီကိစ္စကို ဒေသခံရုံးတော်ကသိသွားတော့ အထက်ကိုမပေါက်ကြားခင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းဖို့လုပ်ခဲ့ပါတယ်။ ပို့ဆောင်ရေးက လူတွေကို၇ရက်အတွင်းပစ္စည်းမပို့ဖို့နဲ့ သတင်းကိုလည်းအပြင်ကို မပေါက်ကြားဖို့မိန့်ကြားခဲ့ပါတယ် ။ ဒီလိုအမိန့်ကိုလက်မခံနိုင်တဲ့ ဝမ်ကျန့်ဝေးတစ်ယောက် ရုံးတော်မှာအစ်ကိုလီကိုသွားရှာပြီ းမေးမြန်ခဲ့ချိန်မှာတော့ ဓားပြတွေက ပစ္စည်းနဲ့ ရုံးတော်ကဖမ်းထားတဲ့ ထူအိမ်တော်ရဲ့ တတိယသားကိုလဲလယ်ဖို့ချိန်းခြောက်စာပို့ထားတာကိုသိသွားခဲ့ပါတယ် ။ဒီလိုနဲ့ ဝမ်ကျန့်ဝေးတစ်ယောက် ဓားပြတွေကြီးစိုးတဲ့နယ်မြေက မိတ်ဆွေဟောင်းကိုသွားရှာပြီး ဓားပြတွေကိုရင်ဆိုင်ဖို့လုပ်ပါတော့တယ် ။ ကဲ ဓားပြတွေကိုရင်ဆိုင်ရင်း ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ ? နောက်ကွယ်မှာရော ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိစောင့်ကြည့်ဖို့မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

Do the World Darts 9 ( 2007 )

Do the World Darts 8 ( 2007 ) 5.7
Do the World Darts 8 ( 2007 ) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၈ ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီတစ်ခေါက် CMကတင်ဆက်ပေးမှာကတော့ ထျန်းရှပို့ဆောင်ရေးအဖွဲ့ အစည်းသခင်ငယ်ဖြစ်တဲ့ ဝမ်ကျန့်ဝေးက စီးပွားရေးသူဌေးတစ်ယောက်ဖြစ်တဲ့ ကွမ်ချင်းရှန်းရဲ့ ထန်ခေတ်အမျိုးသမီးပိုးချည်ပြင်ပန်းချီပို့ဆောင် ကာကွယ်ရေးအလုပ်ကိုလက်ခံခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့ဒီပန်းချီဟာ ထန်ခေတ်နာမည်ကျော်ပန်းချီတစ်ခုဖြစ်ပြီး ဒီပန်းချီကိုမကောင်းသူတွေမျက်စောင်းထိုးမှာစိုးလို့ ကွမ်ချင်းရှန်းက ပန်းချီပြပွဲကျင်းပပြီး အလျင်အမြန်ရောင်းထုတ်ချင်ခဲ့တယ် သိုင်းလောကနာမည်ကျော်ဓားပြဖြစ်တဲ့ အမြီးကိုးချောင်းမြေခွေးလဲ ဒီပန်းချီကိုမျက်စောင်းထိုးခဲ့လေရာ ဖေးယန့်ကလက်ခံဖို့တွန့်ဆုတ်ခဲ့ပေမဲ့ ဝမ်ကျန့်ဝေးကအတင်းလက်ခံခဲ့တယ် အဲ့ဒီနောက်မှာတော့ကွမ်ချင်းရှန်းအိမ်တော်မှာ ဓားပြရန်ကာကွယ်ဖို့အတွက် ထောင်ချောက်မျိုးစုံ ပြင်ဆင်ခဲ့တယ် ဒါပေမဲ့ ပန်းချီက နောက်ဆုံးမှာအခိုးခံလိုက်ရလို့ ပန်းချီကိုပြန်ရအောင်ကြိုးစားရင်းက လိမ်ညာမှုကြီးတစ်ခုကို တွေ့ရှိခဲ့ကြပေတယ်ဒီဇာတ်လမ်းလေးမှာ ဝမ်ကျန့်ဝေးတို့က ဘယ်လိုလိမ်ညာမှုမျိုးနဲ့ ကြုံတွေ့ခဲ့ရပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Encoded by LK  
movie

Do the World Darts 8 ( 2007 )

Do the World Darts 7 ( 2007 ) 5.7
Do the World Darts 7 ( 2007 ) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက 7 ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါမင်မင်းဆက်ခေတ်အတွင်းမှာ မြို့တော်မှ ထျန်းရှပို့ဆောင်ရေးရဲ့ သခင်လေးဝမ်ကျန့်ဝေးကို ကျန့်ယွမ်စစ်သူကြီး ချန်ကျန့်နန်က အလုပ်အပ်ခဲ့ပါတယ်။ အလုပ်ကတော့ စစ်သူကြီးရဲ့ သမီးဖြစ်သူ ယင်ယင်နဲ့ ပေချီမင်းသားအိမ်တော်မှ တင်တောင်းလက်ဆောင်သေတ္တာကို နယ်စပ်ကို ကာကွယ်ပို့ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။နယ်စပ်မှာရှိနေတဲ့ ပေချီမင်းသားက သူ့သားတော်နဲ့ ယင်ယင်ကို လက်ထပ်ပေးဖို့ ပြောထားပြီးသား ဖြစ်နေပါသတဲ့။ ဒါပေမဲ့ ချန်ကျန့်နန်က သူ့သမီး ယင်ယင်သာ ဒီကိစ္စကို သိရင် နယ်စပ်ကို ထွက်ခဲ့မှာ မဟုတ်ဘူးဆိုတာ သိနေတဲ့အတွက် သမီးကို သတိရတယ်လို့ အကြောင်းပြပြီး ခေါ်ခဲ့ပါတယ်။နောက်နေ့မှာ ပို့ဆောင်ရေးအဖွဲ့က ခရီးစဉ်ကို စတင်ပါတော့တယ်။ ဖေးယန့်ကလည်း ငယ်စဉ်ကတည်းက ယင်ယင်နဲ့ ခင်မင်ရင်းနှီးခဲ့တဲ့အတွက် အတူတူလိုက်ပါဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့နဲ့အတူ စစ်သူကြီးရဲ့ လက်အောက်ဖြစ်သူဒုတပ်မှူးလီဖုန်းလည်း လိုက်ပါလာခဲ့ပါတယ်။ စစ်သည်တွေနဲ့ ဒုတပ်မှူးလည်း လိုက်ပါလာတဲ့အတွက် ဝမ်ကျန့်ဝေးတို့အတွက် ပေါ့ပါးနေသလို ဖြစ်နေပါတယ်။ဒါပေမဲ့ တကယ်တော့ ဒီလောက်မလွယ်ပါဘူး။ ခရီးထွက်ပြီး သိပ်မကြာခင်မှာပဲ သူတို့ဟာ ဓားပြတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဓားပြတွေက ...
movie

Do the World Darts 7 ( 2007 )

Do the World Darts 6 (2007) 5.8
Do the World Darts 6 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၆ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီကားကတော့ ထျန်းရှပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးဝမ်ကျောက်ရှင်းရဲ့ တစ်ကိုယ်တော်ဇာတ်လမ်းပါ။ ဝမ်ကျောက်ရှင်းမှာ ငယ်ငယ်ကတည်းကရင်းနီးခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရှိခဲ့တယ်။ မိတ်ဆွေဟောင်းလို့ဆိုပေမယ့် ခံယူချက်ချင်းမတူတာကြောင့် သူတို့ကမတည့်ပါဘူး။ဒါပေမယ့် မိတ်ဆွေဟောင်းဟာ ရောဂါအပြင်းအထန်နဲ့ သေလုဆဲဆဲဖြစ်နေချိန်မှာ သူ့ရဲ့အရေးကြီးတဲ့ပစ္စည်းတစ်ခုကို ဇာတိမြေရှန်းရှီးကိုပို့ပေးဖို့အပ်ခဲ့တယ်။ ဒါပေမယ့် ဘာပစ္စည်းမှန်းမသိတဲ့အတွက် ဝမ်ကျောက်ရှင်းကလက်မခံခဲ့ပါဘူး။အကြောင်းရှိလို့ ဝမ်ကျောက်ရှင်းကရှန်းရှီကိုပြန်တဲ့အချိန်မှာ သူ့နောက်ကိုကလေးလေးတစ်ယောက်ကလိုက်နေတာကိုသိလိုက်ရတယ်။ ဒီကလေးလေးက သူ့မိတ်ဆွေဟောင်းရဲ့ တစ်ဦးတည်းသော အမွေဆက်ခံမယ့်သားဖြစ်နေတာကိုသိသွားပြီးတဲ့နောက်မှာ ဇာတိမမြေရှန်းရှီးကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီကလေးကိုလက်ခံလိုက်တဲ့အချိန်ကစပြီးတော့ လမ်းမှာအတားအဆီးတွေ အန္တရာယ်တွေအမျိုးမျိုးနဲ့ကြုံကြပါတော့တယ်။ ဒီကလေးလေးတစ်ယောက်ကိုဘာကြောင့် လူတွေအများကြီးကလိုက်ဖမ်းနေတာလဲ...... အသက်(၅၀)ကျော်အဖိုးကြီးနဲ့ အသက်(၁၀)နှစ်ကျော်ကလေးတစ်ယောက်ဟာ ခရီးစဉ်တစ်လျှောက်ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ....... အဖိုးကြီးရဲ့ငါ့မအိုသေးဆိုပြီးတော့ အစွမ်းတွေပြသွားတဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Do the World Darts 6 (2007)

Do the World Darts 5 (2007) 5.8
Do the World Darts 5 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ငါးကားမြောက်ဖြစ်ပါတယ် အရှေ့ လေးကားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါကွမ်သယ်ပြဇာတ်ရုံအတွက် လိုအပ်တဲ့ပိုးထည်တွေနဲ့ဖဲထည်တွေကို ပိုင်ရှင်ဖြစ်သူ သူဌေးချန်ကကျန်းနန်ကနေမှာခဲ့ပါတယ် ။ နောက်ပြီးအဲဒီအဝတ်အထည်တွေကို ထျန်းရှပို့ဆောင်ရေးကိုတာဝန်ယူပြီး ကွမ်းသယ်လုံကို လာရောက်ပို့ဆောင်ပေးဖို့ အလုပ်အပ်လိုက်ပါတယ် ။ထျန်းရှပို့ဆောင်ရေးရဲ့ ခေါင်းဆောင်ငယ်ဝမ်ကျန့်ဝေက ကတိတည်တဲ့သူဖြစ်ပြီး တရားမျှတမှုကိုလက်ကိုင်ထားတဲ့သူလည်းဖြစ်ပါတယ်။ ပို့ဆောင်ရေးအဖွဲ့မှာ သူချစ်ရတဲ့မိန်းကလေးဖေးယန့်ကလည်းပါနေတော့ သူတို့ကွယ်သယ်လုံရောက်ခါနီးမြို့လေးမှာ ခရီးတစ်ထောက်နားပြီးချစ်သူအတွက် ပစ္စည်းလေးတွေဝယ်ဖို့ ဈေးဆိုင်သွားခဲ့တဲ့အချိန် ပစ္စည်းထားတဲ့အခန်းကိုသူခိုးဝင်ပြီး သေတ္တာနဲ့အတူပါလာတဲ့ စာရွက်စာတမ်းတွေပါ မီးလောင်သွားပါတော့တယ် ။ဒီလိုနဲ့ မီးလောင်သွားတဲ့စာရင်းစာအုပ်ကရုံးတော်ကစစ်ဆေးနေတဲ့ ဆားမှောင်ခိုကူးမှုတဲ့ပတ်သတ်နေတဲ့စာအုပ်ဖြစ်နေချိန်မှာတော့...သူဌေးချန်နဲ့ ဆားမှောင်ခိုကူးမှုက ဘယ်လိုဆက်စပ်နေမလဲ ? အရှုပ်အထွေးတွေ သံသယတွေကြား သူဌေးချန်ကပါ သေဆုံးသွားချိန်မှာတော့ အမှုကပိုမိုရှုပ်ထွေးလာပြီး ရုံးတော်နဲ့ထျန်းရှပို့ဆောင်ရေးပူးပေါင်းပြီး နက်နဲတဲ့အမှု‌တွေကိုဘယ်လိုဖောက်ထုတ်ကြမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှု့ဖို့မမေ့ပါနဲ့နော် ။Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay ...
movie

Do the World Darts 5 (2007)

Do the World Darts 4 ( 2007 ) 5.8
Do the World Darts 4 ( 2007 ) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက လေးကားမြောက်ဖြစ်ပါတယ် အရှေ့သုံးကားကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီ ဇာတ်ကားမှာတော့ ပို့ဆောင်ရေးလောကမှာ အလုအယက် အတိုက်အခိုက်တွေ ရပ်စဲဖို့အတွက် စီရင်စုအရာရှိမင်းက ပို့ဆောင်ရေးပြိုင်ပွဲကြီး ကျင်းပမယ်လို့ ကြေညာလိုက်တယ်…ဒီလိုနဲ့ ထျန်းရှပို့ဆောင်ရေးကလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့တာပေါ့… ဒါပေမယ့် ဒီလောကကို လက်ဝါးကြီးအုပ်ချင်တဲ့ ရှန်ကျိုးပို့ဆောင်ရေးလည်း ရှိနေတယ်…ရှန်ကျိုးပို့ဆောင်ရေးက အမြတ်ရဖို့အတွက်ဆို ဘာမဆို လုပ်တဲ့ ပို့ဆောင်ရေးဖြစ်တာကြောင့် သူဟာ ပြိုင်ပွဲမှာ အနိုင်ရအောင် ဘယ်လို ကလိမ်ကျမလဲ? ထျန်းရှပို့ဆောင်ရေးကရော ကျော်လွှားနိုင်ပါ့မလား?ဆိုတာကို စိတ်ဝင်တစားဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK   
movie

Do the World Darts 4 ( 2007 )

Do the World Darts 3 (2007) 5.8
Do the World Darts 3 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက သုံးကားမြောက်ဖြစ်ပါတယ် အရှေ့ ၂ကား ကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဇာတ်လမ်းအကျဉ်းကတော့ မင်ခေတ် ရှန်းရှီးဒေသမှာ ထျန်းရှပို့ဆောင်ရေးမှာ အမျိုးသမီးပို့ဆောင်ရေးဆရာတစ်ယောက်ရှိတယ်ဆိုတဲ့ သတင်းဟာ မြို့တော်တစ်ခုလုံးမှာ သတင်းပျံ့နှံ့နေပါတယ်။ လူတွေကလည်း အဲဒီအကြောင်းအတွက် သိချင်စိတ်တွေ ပြင်းပြနေပါတယ်။တစ်နေ့မှာ ထုံးကျိုးခရိုင်က သူဌေးကြီးလျိုတာ့ဖုန်က အိမ်တော်ထိန်းတုကို ထျန်းရှပို့ဆောင်ရေးမှာ အမျိုးသမီးပို့ဆောင်ရေးဆရာကို အလုပ်အပ်ဖို့ ခေါ်ခိုင်းလိုက်ပါတယ်။ အိမ်တော်ထိန်းတု ပြောပုံအရတော့ လျိုတာ့ဖုန်က စီးပွားရေးလုပ်ငန်းကြောင့် အမြဲတမ်း ခရီးထွက်နေရတဲ့အတွက်၊ အခုတစ်လော အိမ်မှာလည်း ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်နေတဲ့အတွက် အသက်ကြီးပြီဖြစ်တဲ့ လျိုတာ့ဖုန်ရဲ့ အမေက သရဲခြောက်တယ်လို့ သံသယဖြစ်နေတယ်တဲ့။လျိုတာ့ဖုန်က သရဲရှိတာကို မယုံပေမဲ့ အမေနဲ့ ဇနီးကို နှစ်သိမ့်ပေးဖို့အတွက် အိမ်ကို ကာကွယ်ဖို့ အမျိုးသမီးဆရာတစ်ယောက်ကို ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရှန်ဖေးယန့်ကလည်း လက်ခံခဲ့ပါတယ်။ သူ လျိုအိမ်ကို မရောက်ခင်မှာပဲ ဝိညာဉ်လို ဝတ်စုံဖြူနဲ့ လူတစ်ယောက်က သူ့ကို အပိုတွေ ဝင်မပါဖို့ သတိပေးခဲ့ပါသတဲ့။လျိုအိမ်က နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကြီးက ဘာဖြစ်လိမ့်မလဲ...... ဝတ်စုံဖြူနဲ့လူကရော တကယ် သရဲလား။ ...
movie

Do the World Darts 3 (2007)

Do the World Darts 2 (2007) 5.8
Do the World Darts 2 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ဒုတိယမြောက်ကားဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီ အပိုင်းမှာတော့ ဝမ်ကျောက်ရှင်းနှင့် ရှန်ရုံတို့နှစ်ယောက်က လွန်ခဲ့တဲ့၂၅နှစ်က လုံချီနန်းတွင်းစစ်တပ်မှာ ရဲဘော်ရဲဘက်တွေဖြစ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အချင်းချင်းတိုင်းပြည်သစ္စာဖောက်လို့ အထင်လွဲပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြတယ်ဒီလို သူတို့နှစ်ယောက်တိုက်ခိုက်နေတုန်းမှာပဲ ရှန်ရုံက ထူးဆန်းစွာနဲ့လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ် အဲ့နောက်မှာတော့ ဝမ်ကျောက်ရှင်းက ရှန်ရုံကိုသတ်တယ်ဆိုပြီးစွပ်စွဲခံရလို့ ထွက်ပြေးသွားခဲ့ပြီး ဝမ်ကျောက်ရှင်းရဲ့သားဖြစ်တဲ့ဝမ်ကျန့်ဝေးနဲ့ ရှန်ရုံရဲ့သမီးဖြစ်တဲ့ရှန်ဖေးယန့်တို့က ပူးပေါင်းပြီး တရားခံအစစ်ကိုရှာဖွေဖော်ထုတ်ကြတဲ့ ပုံပြင်လေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းမှာ ဝမ်ကျောက်ရှင်းက စွပ်စွဲခံရမှုကို ဘယ်လိုဖြေရှင်းပြီးဝမ်ကျန့်ဝေးနဲ့ရှန်ဖေးယန့်တို့က တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Encoded by LK  
movie

Do the World Darts 2 (2007)

Do the World Darts 1 (2007) 5.8
Do the World Darts 1 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ပထမဆုံးကားဖြစ်ပါတယ်။၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဇာတ်လမ်းအကျဉ်းကတော့ မင်ခေတ် ရှန်းရှီးဒေသမှာ ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းတစ်ခုရှိတယ်။ ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးရဲ့သားဖြစ်သူ ဝမ်ကျန့်ဝေးဟာ ပို့ဆောင်ရေးလုပ်ငန်းကို ထျန်းရှဆိုတဲ့နာမည်နဲ့ မြို့တော်မှာသွားပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ချင်ခဲ့တယ်။ အဲဒါကြောင့် ဇာတိကနေ မြို့တော်ကိုတစ်ယောက်ထဲထွက်လာပြီး ထျန်းရှပို့ဆောင်ရေးလုပ်ငန်းကိုစတင်ဖို့ကြိုးစားပါတယ်။ဖြစ်ချင်တော့ မြို့တော်ကဒိတ်ဒိတ်ကျဲ ရှန်သခင်မလေးနဲ့တွေ့ပြီးသူ့ရဲ့ ပထမဆုံးပစ္စည်းပို့တဲ့အလုပ်ကိုလက်ခံခဲ့တယ်။ ဒီပထမဆုံးပို့ဆောင်ရေးအလုပ်ကလဲ သူ့ရဲ့ထျန်းရှပို့ဆောင်ရေးရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးသွားမှာဖြစ်တယ်။လမ်းခရီးတစ်လျှောက်မှာ လုယက်သူတွေ တိုက်ခိုက်နှောက်ယှက်သူတွေအများကြီး ကြုံလာရတော့ သူပို့ပေးရမယ့် ပစ္စည်းဟာသာမန်မဟုတ်မှန်း တဖြည်းဖြည်းသတိထားမိလာခဲ့တယ်။ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ သူ့ရဲ့ပထမဆုံးအလုပ်ကို အောင်မြင်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Do the World Darts 1 (2007)

The Knight of Shadows: Between Yin and Yang ( 2019 ) 4.9
The Knight of Shadows: Between Yin and Yang ( 2019 )  သိုင်းပညာရှင်ဖူဆောင်လင်(Jackie Chan)က လူသားတွေကိုရန်ပြုတဲ့မိစ္ဆာတွေကို ဖမ်းဆီးနှိမ်နင်းသူဖြစ်တယ်။ မိစ္ဆာဖမ်းဆီးသူပီပီ ဝေယျာဝစ္စခိုင်းတဲ့မိစ္ဆာတပည့်လေးကောင်လည်းရှိတယ်။ ဆရာဖူက မိစ္ဆာတစ်ကောင်ဖမ်းပြီးတိုင်း မိစ္ဆာဖမ်းရင်းကြုံရတဲ့အဖြစ်အပျက်တွေကို ဇာတ်လမ်းပြန်ရေးပြီး စာအုပ်ထုတ်ရောင်းလေ့ရှိတယ်။ဒီဇာတ်လမ်းထဲမှာတော့ ဆရာဖူရဲ့စွန့်စားခန်းထဲမှာမှကြုံတွေ့ရမဲ့ လူသားနဲ့မိစ္ဆာကြားကလွမ်းဆွေးဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့အတူ ဟာသနဲ့အဆွေး ဆန့်ကျင်ဘက်ခံစားချက်နှစ်မျိုးကိုပေါင်းစပ်ခံစားလို့ရမယ့်ကားတစ်ကားဖြစ်ပါတယ်။ Comedy/ Fantasy Action/ Romance Fanတွေအတွက် အကြိုက်တွေ့မယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ File size…(3.2 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:49:00 Genre... Action, Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

The Knight of Shadows: Between Yin and Yang ( 2019 )

2019
Kung Fu Yoga (2017) 5.2
Kung Fu Yoga (2017)  ဒီတစ်ခါတော့ ဟာသအက်ရှင်မင်းသားကြီး ဂျက်ကီချန်းရယ် တရုတ်နဲ့အိန္ဒိယကသရုပ်ဆောင်တွေများစွာရယ် ပူးပေါင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ ဂျက်ကီချန်းက တရုတ်နိုင်ငံရဲ့ အရမ်းတော်တဲ့ ရှေးဟောင်းရုပ်ကြွင်းပညာရှင်တစ်ဦးပါ။ တစ်နေ့မှာတော့ သူနဲ့ သူ့တပည့်တွေဆီကို အိန္ဒိယက ပါမောက္ခတစ်ဦးရောက်လာခဲ့ပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်က ပျောက်ဆုံးသွားတဲ့ ရတနာတွေရဲ့ သဲလွန်စကိုတွေ့ရပြီဆိုပြီး ဂျက်ကီချန်းဆီကိုအကူအညီလာတောင်းတာပါ။အဲဒီကနေ ဂျက်ကီချန်းတို့ကလဲ ကူညီဖို့လိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့မသိခဲ့တာက ထိုရတနာတွေကိုလိုက်ရှာနေတာက သူတို့တင်မဟုတ်ပဲ နောက်တစ်ဖွဲ့ရှိနေခဲ့တယ်ဆိုတာပါပဲ။ အဲဒီမှာ ထိုအဖွဲ့နဲ့ ဘယ်လိုတွေဆုံပြီး ပြဿနာတွေဖြစ်ကြမလဲဆိုတာကို စွန့်စားခန်းတွေ ဟာသတွေ အက်ရှင်တွေရောနှောထားပြီး ဇာတ်ကားနာမည်အတိုင်း ကွန်ဖူးနဲ့ ယောဂကိုလဲ အသားပေးပြီးရိုက်ကူးထားပါတယ်။ဒီဇာတ်ကားက 2017ကထွက်ခဲ့တာဆိုပေမဲ့ ကြည့်ပြီးသားသူတွေရှိသလို မကြည့်ရသေးတဲ့သူတွေလဲရှိတဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။ File size…(2.4 GB)/(1.7 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre... Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero
movie

Kung Fu Yoga (2017)

2017
Skiptrace (2016) 5.6
Skiptrace (2016)  ဝါရင့်ဟောင်ကောင်ရဲတစ်ယောက်ဖြစ်တဲ့ ဘန်နီချန်းဟာ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သလိုပါတနာလည်းဖြစ်တဲ့ ယန်းရဲ့ သေဆုံးမှုကိုအခုတိုင်မေ့မရသေးပါဘူး။ယန်းရဲ့သမီးငယ် ဆမန်သာကို သမီးရင်းလိုစောင့်ရှောက်ရင်း တစ်ဖက်ကလည်း မက်တဒေါ်ဆိုတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကိုဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။တစ်နေ့တော့ သူ့သမီးလိုစောင့်ရှောက်ထားတဲ့ ဆမန်သာဟာ ကတ်စီနိုပိုင်ရှင်လူဆိုးတွေနဲ့ပြဿနာတစ်ခုထဲမှာ ဝင်ပါမိပြီး အဲဒီပြဿနာအတွက် အမေရိကန်လောင်းကစားသမားတစ်ယောက်ဖြစ်တဲ့ ကွန်နာဝပ်ကိုချန်းကလိုက်ရှာပေးဖို့ဖြစ်လာပါတယ်။ကွန်နာဝပ်ကိုယ်တိုင်ကလည်း ရုရှားမာဖီးယားတွေနဲ့အကြီးအကျယ်ရန်စရှိနေတဲ့သူပါ။အဲဒီလိုနဲ့ ဘန်နီချန်းနဲ့ကွန်နာဝပ်တို့နှစ်ယောက် ဟောင်ကောင်အပြန်လမ်းမှာ ရုရှားမာဖီးယားတွေ၊ဟောင်ကောင်ဂန်းစတားတွေနဲ့အပြိုင်စွန့်စားခန်းတွေဖွင့်ရပါတော့တယ်။ဂျက်ကီရဲ့ Shanghai noon တို့ Rush Hour တို့လိုပဲ အရွှန်းဖောက်ထားတဲ့ အက်ရှင်ပြကွက်တွေ သွက်လက်တဲ့ဇာတ်အိမ်တို့နဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် Buddy cop action comedy တစ်ကားပါပဲ။ File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre... Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias
movie

Skiptrace (2016)

2016
Fights Break Sphere 3 (2024) 5.9
Fights Break Sphere 3 (2024) CM ရဲ့ ပရိသတ်တွေအတွက် Anime ဇာတ်လမ်းကို Live Action ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ Fight Break Sphere 3 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အရှေ့မှာ ၂ ကားရှိပြီး CM ကနေတင်ဆက်ပီးသားပဲဖြစ်ပါတယ်အရှေ့ ၂ကားကိုဒီမှာကြည့်ပါဇာတ်လမ်းအကျဉ်းလေးကတော့ရှောင်းယန်ဟာ ဆေးဆရာကြီးနဲ့အတူ မြွေမျိုးနွယ်နဲ့ လူသားမျိုးနွယ်တို့တိုက်ပွဲကို ဖြေရှင်းပေးပြီးနောက် ချင်းလင်နဲ့ လော်ပုနဲ့အတူ ခရီးနှင်ခဲ့ပါတယ်။ လမ်းတစ်လျှောက် ကျင့်ကြံပြီး အစွမ်းမြင့်တင်ဖို့ လုပ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ယွင်လန်ဂိုဏ်း တပည့်ကြီးရဲ့ ၃ နှစ်တာ ကတိပြုချက်ကို ရရှိခဲ့ပါတယ်။ထာကာအာကန္တာရကို ရောက်တဲ့အချိန်မှာတော့ ချင်းလင် အဖမ်းခံလိုက်ရပါတယ်။ ချင်းလင်ကို ရှာဖို့အတွက် ရှောင်းယန်တို့အဖွဲ့ဟာ အရင်က နာမည်ကြီးခဲ့သူ ရေခဲဘုရင် ဟိုင်ပေါတုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ချစ်ယန်မြို့ကို သွားခဲ့ပါတယ်။ရှုပ်ထွေးနေတဲ့ စည်ကားလှတဲ့ မြို့ထဲမှာ နောက်ကွယ်က လက်မည်းကြီးတစ်စုံဟာ တစ်ဖြည်းဖြည်းပေါ်ထွက်လာပြီး သူတို့ကို ဖမ်းဆီးတိုက်ခိုက်ဖို့ စောင့်နေပါတယ်။ ရှောင်းယန်ဟာလည်း ငယ်စဉ်က အမေ့ရဲ့သေဆုံးခြင်းအမှန်တရားကို ရှာတွေ့သွားပါတော့တယ်။ရှောင်းယန်တို့အဖွဲ့ ချင်းလင်ကို ကယ်တင်နိုင်ပါ့မလား ...... နောက်ကွယ်က လက်မည်းကြီးတစ်စုံက ဘယ်သူဖြစ်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။ Quality : ...
movie

Fights Break Sphere 3 (2024)

Wonder Woman 1984 (2020) 6.8
Wonder Woman 1984 (2020) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Wonder Woman 1984 (2020)

2020
4K HEVC
Mr. Vampire Saga 4 ( 1988 ) 6.4
Mr. Vampire Saga 4 ( 1988 ) တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ၃ ကားကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ နဲ့ ၃ နဲ့ ၄ နဲ့ကအဆက်အစပ်မရှိပါဘူး။ဇာတ်လမ်းအညွှန်းအနေနဲ့ - လူသူမနီးတဲ့ခြံကွက်လေးထဲမှာ အိမ်၂အိမ်ရှိပြီး အဲဒီ၂အိမ်မှာ ‌ဘုန်းတော်ကြီးတစ်ပါးနဲ့ တောက်ဆရာတစ်ပါးတို့က တပည့်လေးတွေနဲ့ အိမ်နီးချင်းနေထိုင်လျက်ရှိပါတယ် ။ ဆရာကြီးနှစ်ယောက်က အမြဲတမ်းပညာစမ်းကြရင်းနဲ့ သိပ်ပြီးတော့ မတည့်ကြပါဘူး။တစ်နေ့ကျတော့ နယ်စပ်ကနေနန်းမြို့တော်ကိုသယ်လာတဲ့ ဘုရင့်ဆွေမျိုးဖုတ်ကောင်ပါတဲ့ ရွှေရောင်ခေါင်းတလားသယ်တဲ့သူတွေက သူတို့ ၂အိမ်ရှေ့ကနေဖြတ်သွားပါတော့တယ် ။အဲဒီခေါင်းတလားကိုတာဝန်ယူသယ်ပေးရတဲ့ တောက်ဆရာဖြစ်သူကလည်း ခြံဝန်းထဲမှာနေတဲ့တောက်ဆရာကြီးရဲ့ဆရာတူညီလေးဖြစ်နေတော့ ကောက်ညှင်းဝင်တောင်းရင်းစကားပြောဖြစ်ခဲ့ကြပါတယ် ။သူတို့ထွက်သွားတဲ့ညမှာပဲ မိုးတွေသည်းပြီး ခေါင်းတလာကိုပိတ်ထားတဲ့ မန္တန်ဆေးမင်တွေ ‌အရောင်လွင့်ကုန်ပါတော့တယ် ။ အဲဒါကြောင့်ပဲ ဖုတ်ကောင်က ခေါင်းတလားထဲကနေထွက်လာပြီး လူတွေလိုက်သတ်ပါတော့တယ် ။အဲဒီဖုတ်ကောင်ကြီးကိုဘယ်လိုတွေရှင်းကြမလဲ ? ဆရာကြီး၂ယောက်က တကယ့်အရေးကိစ္စကြုံလာရင်ရော စည်းလုံးကြပါ့မလားဆိုတာကို ဟာသလေးနဲ့ပါ‌ယှဉ်တွဲရိုက်ကူးထားတာဖြစ်ပြီး ဘယ်အချိန်ကြည့်ကြည့်မရိုးရဘူးမလို့ အသစ်တစ်ခေါက်ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Horror , Comedy Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Mr. Vampire Saga 4 ( 1988 )

1988
Mr. Vampire 3 (1987) 7.1
Mr. Vampire 3 (1987) တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ၁နဲ့၂ ကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ နဲ့ ၃ ကအဆက်အစပ်မရှိပါဘူး။ဦးလေးမင်ဆိုတဲ့ မောင်ရှန်းဆရာဟာ အစွမ်းမထက်ပေမဲ့ အကြံဉာဏ်မျိုးစုံရှိသူ ဖြစ်ပါတယ်။ သူ့အနားမှာ တာ့ပေါင်နဲ့ စေ့ပေါင်ဆိုတဲ့ သရဲနှစ်ကောင်ကို ခေါ်ထားပြီး လိုက်လိမ်နေသူ ဖြစ်ပါတယ်။ သူဌေးကြီး ထန်ပိုင်ဝမ့်အိမ်အတွက် သရဲနှင်ပေးတဲ့အချိန်မှာ သရဲမိသားစုနဲ့ တွေ့ပြီး ထွက်ပြေးခဲ့ရပါတယ်။ညအချိန်ကြီး ဦးလေးမင်ဟာ တိတ်ဆိတ်နေတဲ့ ရွာတစ်ခုထဲ ရောက်လာခဲ့ပါတယ်။ အဲ့ဒီရွာမှာ ဓားပြတွေ သောင်းကျန်းနေတဲ့အတွက် အစောင့်အကြပ်တင်းကျပ်နေချိန်ဖြစ်ပြီး ဦးလေးမင်ကို ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ဖမ်းဆီးခဲ့ပါတယ်။ တာအိုဆရာကြီး ဦးလေးကျိုက အချိန်မီရောက်လာလို့ ဦးလေးမင်လည်း အသက်ရှူချောင်ခဲ့ပါတယ်။ထိုအချိန်မှာပဲ ဓားပြတွေ ရောက်လာခဲ့ပြီး ရွာသားတွေက စည်းလုံးစွာနဲ့ ဓားပြတွေကို နှင်ထုတ်နိုင်ခဲ့ပြီး ဓားပြနှစ်ယောက်ကို ဖမ်းဆီးရခဲ့ပါတယ်။ ဓားပြတွေရဲ့ သွေးအရောင်ကို ကြည့်ပြီး ဓားပြတွေဟာ သာမန်လူမဟုတ်ကြောင်း ဦးလေးကျိုသတိထားမိသွားပါတယ်။ဦးလေးကျိုရဲ့ မွေးနေ့မှာ အလွှဲလေးတွေဖြစ်ပြီး တာ့ပေါင်နဲ့ စေ့ပေါင်က အဖမ်းခံလိုက်ရပါတယ်။ နောက်မှာ ဦးလေးကျိုရဲ့ ဆုံးမမှုကြောင့် ဦးလေးမင်ဟာ သရဲနှစ်ကောင်ကို လွတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ တာ့ပေါင်ကို ဓားပြတွေက အသုံးချဖို့ ဖမ်းသွားခဲ့ပါတယ်။ဓားပြတွေ တာ့ပေါင်ကို ...
movie

Mr. Vampire 3 (1987)

Mr. Vampire 2 ( 1986 ) 5.9
Mr. Vampire 2 ( 1986 ) တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ပထမကားကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ ကအဆက်အစပ်မရှိပါဘူး။ Mr. Vampire II ရဲ့ဇာတ်လမ်းအကျဉ်းကတော့ လောဘသားပါမောက္ခနဲ့တပည့်နှစ်ယောက်က ရှေးဟောင်းအမွေအနှစ်ကိုရောင်းစားဖို့တူးဖော်ကြရင်း ရှေးဟောင်းအလောင်း(၃)ခုကိုရခဲ့ပါတယ်။စျေးကြီးကြီးနဲ့ပြန်ရောင်းဖို့ သယ်လာခဲ့ကြပြီးမှ သွေးစုပ်ဖုတ်ကောင်တွေ မှန်းသိလိုက်ရတယ်။ ကမောက်ကမတွေဖြစ်ပြီး အသေးလေးတစ်ကောင်လွတ်သွားခဲ့ပါတယ်။ ဖုတ်ကောင်မိဘလင်မယားက မြို့အနှံ့ကလေးလေးကိုလိုက်ရှာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ Quality : Bluray 1080p , 720p Format : mp4 Genres : Horror , Comedy , Action Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Mr. Vampire 2 ( 1986 )

1986
Railroad Tigers (2016) 5.8
Railroad Tigers (2016)  ဂျက်ကီရဲ့စတိုင် ဟာသအက်ရှင် ပြန်လာပါပြီ။ ဇာတ်လမ်းအကျဉ်းမှာတော့ မာယွမ်(ဂျက်ကီချန်း) တို့ဟာ ဂျပန်လက်အောက်မှာနေနေရတဲ့ သံလမ်းဘေးက အလုပ်သမား တောသားတွေပါ။ သူတို့ဟာ တိတ်တဆိတ်တတ်နိုင်သလောက် ဂျပန်တွေကို ဒုက္ခပေးနေပေမယ့် ဘယ်သူမှ အထင်တကြီးမရှိလှပါဘူး။တောသားငတုံးတွေဆိုပြီး ဂျပန်တွေက အာရုံမထားသလို တရုတ်တော်လှန်ရေးတပ်သားတွေကလည်း အရေးတယူမရှိပါဘူး။ တစ်နေ့မှာတော့ ဂျပန်တွေ စီးနင်းထားတဲ့ တံတားတစ်ခုကို ဖောက်ခွဲဖို့ကြိုးစားရင်း တရုတ်တစ်တပ်လုံးကျသွားချိန်မှာ လွတ်လာတဲ့ တပ်သားတယောက်ကို မာယွမ်တို့ ကယ်မိပါတယ်။ အဲဒီ စစ်သားကို ဘာလို့တံတားကို ဖောက်ခွဲရလဲမေးပေမယ့် မင်းတို့နားမလည်ပါဘူးလေဆိုပြီး ရှင်းမပြခဲ့တော့ပါဘူး။ (တစ်ကယ်တော့ အဲဒီတံတားဟာ ၁၉၄၂ ကာလမှာ တိုင်ကျင်းကနေ နန်ကျင်းကိုသွားတဲ့ အဓိက စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဖြစ်ပြီး ဖျက်ဆီးနိုင်ခဲ့ရင် ဂျပန်တွေရဲ့တိုက်ခိုက်နိုင်စွမ်းအတော်ကို ကျဆင်းသွားမှာ ဖြစ်လို့ တရုတ်တပ်တွေက ဖောက်ခွဲဖို့ကြိုးစားခဲ့တာပါပဲ)အဲဒီမှာပဲ ဘာမှနားမလည်တဲ့ တောသားတစ်စု ဘာလို့ဖောက်ခွဲရမလဲ နားမလည်ပေမယ့် တရုတ်တပ်ကဖောက်ခွဲဖို့လိုတယ်ပြောရင်ဖောက်တာပေါ့ဆိုပြီး မိုင်းခွဲနည်းလိုက်မေး မိုင်းတွေခိုးဖို့ကြိုးစားရင်း သူတို့တတ်နိုင်တဲ့နေရာကနေ အသက်စွန့်ပြီးကူညီကြတဲ့အခါ.... File size…(2.75 GB)/(1.9 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre... Action, Adventure, ...
movie

Railroad Tigers (2016)

2016