Channel Myanmar

Action

Kingdom 2: Far and Away (2022) 6.8
Kingdom 2: Far and Away (2022)  Kingdom 2: Far and Away (2022)Alice in Borderland ထဲက အာရိဆု ပါင်သရုပ်ဆောင်ထားတဲ့ Kingdom 2: Far and Away ဆိုတဲ့ ဂျပန်ဇာတ်ကားလေး ထွက်ရှိလာပါပြီခင်ဗျာ။ သူ့ရှေ့ကား Kingdom 2019 လည်း ရှိပါသေးတယ်။ Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာ https://www.channelmyanmar.to/?s=kingdom+live+action အကုန်လုံးကိုကြည့်လို့ရပါတယ်။ဇာတ်လမ်းအကျဉ်း ... တစ်မိုးအောက်စစ်သူကြီးဖြစ်ချင်တဲ့ ရှင်းတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဒုတိယမြောက် ဇာတ်ကားလေးပါ။ ဒီတစ်ခေါက်မှာလည်း မပျင်းရအောင်ဖန်တီးထားပြီး ဇာတ်အိမ်ကတော့ ရှင်းပြည်ထောင်နဲ့ ဂီပြည်ထောင်ကြားက နယ်မြေလုစစ်ပွဲတစ်ခု ကို အခြေတည်ထားပါတယ်။ဒီလိုနဲ့ပဲ ဘာမဆို ရှေ့တန်းကပါတတ်တဲ့ ရှင်းတစ်ယောက်လည်း စစ်ချီထွက်လို့လာခဲ့ပါတယ်။ လူကသာအာကျယ်ပေမယ့် ခန္ဓာကိုယ်က သေးသေးလေးမို့ အုပ်စုဖွဲ့ရာမှာအကျဉ်ခံရရင်း အားအနည်းဆုံးသော လူတွေနဲ့အတူတကွ စစ်ပွဲဆင်နွှဲဖို့ ဖြစ်လာပါတော့တယ်။ရှင်းတစ်ယောက် ဘယ်လိုလူတွေနဲ့ ဘယ်လိုသံယောဇဉ်တွေဖန်တီးပြီး ရွတ်ရွတ်ချွန်ချွန် တိုက်ခိုက်သွားမလဲ? နယ်မြေလုစစ်ပွဲကြားက ...
movie

Kingdom 2: Far and Away (2022)

2022
Kingdom (2019) 7.1
Kingdom (2019) Kingdom (2019)IMDb Rating (6.7) / Rotten Tomatoes (93 %)ဒီဇာတ်လမ်းရဲ့ထူးခြားချက်ကတော့ တရုတ်ပြည်ရဲ့ ရာဇဝင်ဇာတ်လမ်းကို ဂျပန်က ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂျပန်ရဲ့ နာမည်ကြီး Manga ရေးဆရာဖြစ်တဲ့ Yasuhisa Hara ရဲ့ ဇာတ်လမ်းကို ပြန်လည်အသက်သွင်းပြီး ရုပ်ရှင်အနေနဲ့ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာ https://www.channelmyanmar.to/?s=kingdom+live+action အကုန်လုံးကိုကြည့်လို့ရပါတယ်။Kingdom Live Action တွေရဲ့အစ ဒီ ၂၀၁၉ ရုပ်ရှင်ကားရဲ့ ဇာတ်လမ်းကတော့....ဟရူးနဲ့ ရှင်း ဆိုတဲ့ မိဘမဲ့ အစေခံလေး နှစ်ယောက်မှာ အိပ်မက်ကြီးတစ်ခု ရှိကြပါတယ်။ ကြီးမြတ်တဲ့ စစ်သူကြီးတွေ ဖြစ်လာဖို့ပါပဲ။ဒီလိုနဲ့ တစ်နေ့မှာ သူတို့၂ယောက်ထဲက ဟရူးကို နန်းတော်က အမတ်တစ်ယောက်က အမှုထမ်းဖို့သပ်သပ် ရွေးခေါ်သွားခဲ့ပါတယ်။ဒါပေမယ့် ဟရူးက ရှင်းဆီကို မကြာခင်မှာပဲ ပြန်ရောက်လာပြီး သူနဲ့အတူ နန်းတွင်းအရှုပ်တော်ပုံနဲ့ပြည်တွင်း စစ်ပွဲကြီးတစ်ခု သယ်ဆောင်လာတဲ့အခါမှာတော့ Kingdom ...
movie

Kingdom (2019)

2019
Soodhu Kavvum 2: Nadum Naatu Makkalum…(2024) 5.3
Soodhu Kavvum 2: Nadum Naatu Makkalum…(2024) Soodhu Kavvum 2 (2024) "မမွှေးသင့်သောမီး"အသစ်ထွက်ရှိထားတဲ့ တမီးလ်အက်ရှင်ဟာသဇာတ်လမ်းလေးကို ပရိသတ်တို့အတွက် တင်ဆက်လိုက်ရပါတယ်၁၉၈၇ ခုနှစ်မှာ ကျင့်ဝတ်စောင့်ထိန်းပြီး အများချစ်ခင်တဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဟာ တမီးလ်နာဒူပြည်နယ် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ မတော်တဆ ချော်လဲသွားပါတယ်ကံဆိုးပုံကတော့ သူ့တပည့်တစ်ယောက်က ကျမ်းကျိန်တဲ့နေ့မှာ သားကလေးမွေးလို့ သူ့ကို ကလေးနာမည်ပေးခိုင်းရာမှာ ကလေးက သေးပေါက်ချမိလို့ သေးစိုနေတဲ့ကြမ်းပြင်ပေါ် နောက်ပြန်လဲကျမိကာ ကိုမာဝင်သွားခဲ့ပါတယ်နှစ်များစွာအကြာ ပါတီခေါင်းဆောင် သတိပြန်ရလာချိန်မှာတော့ ခုနက ဂြိုဟ်ကောင် ကလေးက အကျင့်ပျက်ခြစားတဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်နေပြီး သူ့ပါတီကလူတွေလည်း သူ့ခံယူချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတော့တယ်တစ်ဖက်မှာလည်း ထောင်ကလွတ်လာတဲ့ စည်းမျဉ်းတွေနဲ့အညီ လုပ်ကိုင်တတ်တဲ့ ဂုရုနဲ့ သူ့ဘော်ဒါတွေက အာဏာပါဝါရှိတဲ့လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့ စီစဉ်တဲ့အခါမှာတော့ ....အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 3.2 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Soodhu Kavvum 2: Nadum Naatu Makkalum…(2024)

The Lord of the Rings: The War of the Rohirrim (2024) 6.6
The Lord of the Rings: The War of the Rohirrim (2024)  ကမ္ဘာကျော် The Lord of the Rings ဇာတ်လမ်းတွေထဲက တစ်ခုကိုထုတ်နုတ်ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ လက်စွပ်စစ်ပွဲကြီးမဖြစ်ခင် နှစ် ၂၀၀ အကွာလောက်က ဇာတ်လမ်းဖြစ်ပြီး The Two Towersထဲမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ Helm's Deep ရဲတိုက်ကြီးရဲ့ သမိုင်းကိုအခြေခံထားပါတယ်။ ဒီတော့ အလယ်ကမ္ဘာရဲ့ တတိယခေတ်အတွင်းကဇာတ်လမ်းပါပဲ။ ဇာတ်ကြောင်းကို နောက်ခံပြောသူအဖြစ် The Two Towers နဲ့ The Returnof the Kings မှာပါတဲ့ Éowyn က ပြောပြသလို ဖန်တီး ထားတာဖြစ်ပြီးÉowyn ရဲ့ အသံသရုပ်ဆောင်အဖြစ် Miranda Otto က ပါဝင်ထားပါတယ်။ဘုရင်ကြီး သီအိုဒန်ဟာ ရိုဟန်ရဲ့ ၁၇ ဆက်မြောက်ဘုရင်ဖြစ်ပြီး အခုရုပ်ရှင်ထဲမှာတော့ ရိုဟန် ၉ ဆက်မြောက်နဲ့ ၁၀ ဆက်မြောက်ဘုရင်ရဲ့ သမိုင်းကိုပြသထားတာဖြစ်ပါတယ်။ LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက တတိယခေတ်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ...
movie

The Lord of the Rings: The War of the Rohirrim (2024)

4K HEVC
Arena Wars (2024) 5.8
Arena Wars (2024)  ဒီဇာတ်ကားကတော့ ဒါရိုက်တာ Brandon Slagle ရိုက်ကူးထားပြီးSheri Davis, Jon Wells စတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုလူသတ်ဂိမ်းဇာတ်လမ်းလေးဖြစ်ပါတယ်...တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုဖြစ်ပေမယ့် ဒီဂိမ်းကတော့ထူးဆန်းတဲ့ပုံစံနဲ့ ပြုလုပ်ကျင်းပပါတယ်။ ထောင်အသီးသီးကတစ်သက်တစ်ကျွန်းနဲ့ သေဒဏ်ကျနေတဲ့ အကျဉ်းသားတွေကိုခေါ်ယူပြီးတော့ ကမ္ဘာ့အဆိုးဆုံးလို့ပြောလို့ရတဲ့ စိတ္တဇလူသတ်သမားတွေနဲ့ ကွင်းပြင်တစ်ခုထဲမှာ ယှဉ်သတ်ခိုင်းတာပါ။အနိုင်ရတဲ့သူတွေကတော့ လွတ်လပ်မှုကိုပြန်ရနိုင်မှာပါ။ဒီလိုနဲ့ ဂိမ်းစီစဉ်သူတွေက ကြည့်ရှုသူများအောင် အထက်လူကြီးအတွက်အပြစ်ဝင်ခံ‌‌ပေးထားတဲ့ ရေတပ်သားဟောင်း လုခ်ဘန်ဒါကိုအပြစ်ကင်းတဲ့ပထမဆုံး ယှဉ်ပြိုင်သူအနေနဲ့ ထည့်ချင်တဲ့အခါမှာတော့သတို့သမီးလောင်းနဲ့ ပြန်‌တွေ့ချင်နေတဲ့ လုခ်က ပါဝင်သတ်ဖြတ်ဖို့ဖြစ်လာပါတယ်။လုခ်တစ်ယောက် ဂိမ်းတွေကိုဘယ်လိုဖြတ်ကျော်မလဲ...။ဂိမ်းစီစဉ်သူကရော ဒီဂိမ်းကိုဘယ်လိုထိန်းချုပ်ထားတာလဲ...။လုခ်ကရော ပြန်ပြီးလွတ်လပ်နိုင်မှာလား...။လုခ်နဲ့အတူ ဆိုးရွားတဲ့လူမိုက်တစ်ဖွဲ့က စိတ္တဇလူသတ်သမားတွေလက်က ရှင်သန်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ...။ဒီဇာတ်ကားလေးထဲမှာ သွေးသံရဲရဲသတ်ဖြတ်ခြင်းတွေကြားကြည့်ရှုအဖြေရှာရမှာပါ။ File size… (1.41GB) / (844MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Action , ...
movie

Arena Wars (2024)

Flying Swords of Dragon Gate ( 2011 ) 5.9
Flying Swords of Dragon Gate ( 2011 ) Jet Li ရဲ့အမိုက်စားအက်ရှင်တွေနဲ့ သဘာဝကျတဲ့ Effectsအလန်းစားတွေနဲ့ သိုင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကျော် လုံမိန်တည်းခိုခန်းမီးလောင်သွားပြီးတော့ ပိုင်ရှင်ဖြစ်တဲ့သူပျောက်သွားပြီး (၃)နှစ်မှာ တိုင်းပြည်အုပ်ချုပ်ရေးမျာကြီးစိုးနေတဲ့ အာဏာကိုအလွဲသုံးစားလုပ်နေတဲ့ မိန်းမစိုးအင်အားစုကို ကျောက်ဟွိုင်အန်းတို့လူစုက ဖြိုလှဲဖို့ကြိုးစားနေခဲ့ကြတယ်။တစ်ချိန်ထဲမှာပဲ ကျောက်ဟွိုင်အန်းဆိုတဲ့နာမည်နဲ့ လူတွေကိုကယ်တဲ့သူတစ်ယောက်ရှိလာတယ်။ နန်းတွင်းကိုအပျိုတော်လေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်းနဲ့ သဲကန္တာရထဲက လုံမိန်တည်းခိုခန်းကိုရောက်လာခဲ့ကြတယ်။ သိပ်မကြာခင်မှာ သဲမုန်တိုင်းကြီးကျလာတော့မှာဖြစ်တဲ့အတွက် တည်းခိုခန်းထဲမှာ ပိတ်မိမလိုဖြစ်လာတဲ့အခါ သဲမုန်တိုင်းကြားကသူတို့ရဲ့တိုက်ပွဲဟာ ဘယ်လိုတွေပြင်းထန်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။ ဒီကားမှာ Jet Li အပြင် မမZhou Xun နဲ့ Chen Kun တို့ကအားဖြည့်ပါဝင်ထားပါတယ်။ Filesize : 2.55 GB / 1.24 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure , Drama Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Flying Swords of Dragon Gate ( 2011 )

Cyborg She (2008) 6.9
Cyborg She (2008) Cyborg She (2008) IMDB - 6.9 / 10ဘယ်လောက်ကြာကြာရိုးမသွားနိုင်တဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် IMDB 6.9 ရရှိထားပြီး ကြည်နူးလွမ်းမောဖွယ်ကောင်းတဲ့အချစ်ဇာတ်လမ်းလေးကို ပုံဖေါ်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်အချိန်ခရီးသွားပြီးပြန်ရောက်လာတဲ့ စက်ရုပ်မလေး ဟာ 2008 ခုနှစ်က ဂျီရို ဆီကို လာပြီး ဂျီရိုဖြစ်လာမယ့် အန္တရာယ်တွေကြားမှာ ပြန်ကယ်.. ဖြစ်လာမယ့်စိတ်ထိခိုက်စရာတွေကိုလိုက်လံဖယ်ရှားပြင်ဆင်ပေးရင်ကနေ.. ဂျီရိုတစ်ယောက် စက်ရုပ်မလေးအပေါ်ကိုသံယောဇဉ်တွေ တွယ်လာပါတယ်..စက်ရုပ်တစ်ရုပ်ကို ချစ်မိတဲ့ ဂျီရို ..နှလုံးသားဆိုတာမပါပဲ.. စက်ချည်းသက်သက်သာဖြစ်တည်နေတဲ့ စက်ရုပ်မလေး ဒီ၂ဦးကြားမှာဘာတွေဖြစ်မလဲ..အချစ်ဇာတ်လမ်းတွေဘယ်လိုရှေ့ဆက်မလဲဆိုတာ ကြည့်လိုက်ဦးနော်..မထင်မှတ်ထားတဲ့ Plot လေးတွေနဲ့အတူ သပ်ရပ်စွာရိုက်ကူးထားတဲ့ Movie လေးပဲဖြစ်ပါတယ် အကြိုက်ဆုံး ဂျပန်ကားတွေထဲက တစ်ကားလို့သာဆိုပါရစေ Filesize : 2.06 GB / 1 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Comedy , Romance , Science Fiction Runtime : 1h 55 ...
movie

Cyborg She (2008)

2008
Meet The Robinsons (2007) 6.9
Meet The Robinsons (2007) Time Travelနဲ့ ပတ်သက်တဲ့ ရုပ်ရှင်‌တွေ၊ ဇာတ်လမ်းတွဲတွေ ရေပန်းမစားခင်ကတည်းကWalt Disneyမှာ ဒီ topicနဲ့ပတ်သက်တဲ့ animation ကားတစ်ခု ထွက်ရှိခဲ့ပါတယ်။ဒီဇာတ်ကားကို ငယ်စဉ်က ကြည့်ဖူးခဲ့တဲ့သူ‌‌တွေ ရှိသလို သိပ်မရင်းနှီးတဲ့သူတွေလည်း ရှိမှာပါ။ဒါပေမဲ့ ဒီကားဟာDisneyရဲ့ animation ဇာတ်ကားတွေထဲမှာ အတော်လေး Underrated ဖြစ်ခဲ့တဲ့ ဇာတ်ကားလို့ ပြောရမှာပါ။ဇာတ်လမ်းအကြောင်းကို ပြောရရင် မွေးကင်းစအရွယ်မှာ ကတည်းက မိခင်ရင်းဖြစ်သူရဲ့ စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့လူးဝစ်ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သိပ္ပံကို ရူးသွပ်တဲ့ ကလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။သူက သူရူးသွပ်တဲ့ သိပ္ပံပညာရပ်နဲ့ တီထွင်မှုတွေမျိုးစုံလုပ်ခဲ့ပြီးသူ့ကိုစွန့်ပစ်သွားခဲ့တဲ့ မိခင်ကို ပြန်တွေ့နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေခဲ့တာပါ။သူ့ရဲ့ရူးသွပ်မှု‌တွေ ဖန်တီးမှုတွေရဲ့ ဒဏ်ကိုအများဆုံးခံခဲ့ရတာက သူ့ရဲ့အခန်းဖော်လေးဖြစ်တဲ့ ဂုဘ်ဆိုတဲ့ကောင်လေးပဲ ဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ လူးဝစ်တစ်ယောက် မှတ်ဉာဏ်ဖတ်စက်ဆိုတဲ့ စက်လေးကို တီထွင်နိုင်ခဲ့ပါတယ်။သူ့အကြံကတော့ အဲဒီစက်က‌‌တဆင့် သူ့အမေကို ပြန်တွေ့နိုင်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ဒီလိုနဲ့ပဲသူ့ရဲ့စက်ကို ကျောင်းသိပ္ပံပြပွဲကို ယူသွားပြီး စမ်းသပ်တဲ့ ...
movie

Meet The Robinsons (2007)

2007
As Far As My Feet Will Carry Me (2001) 7.3
As Far As My Feet Will Carry Me (2001) As Far As My Feet Will Carry Me (2001) **************************************ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်စစ်သားတစ်ဦးဖြစ်တဲ့ စစ်သုံ့ပန်းတစ်ယောက် ကလီမန်စ်ဖော်ရဲလ်ဟာဆီဘီးရီးယားအရှေ့ဘက်ခြမ်းမှာရှိတဲ့ အကျဉ်းထောင်စခန်းမှာ အနှစ်နှစ်ဆယ် အလုပ်ကြမ်းနဲ့ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်...သို့ပေမယ့်အချိန်ရှိတိုင်းထွက်ပြေးဖို့ကြံဆနေလေ့ရှိတယ်...မိုင်းတွင်းထဲမှာလေးနှစ်ထိအလုပ်လုပ်ပြီးနောက်ထွက်ပြေးခဲ့ပြီးတော့ သူ့ရဲ့ဇနီးနဲ့သမီးရှိတဲ့အိမ်ကိုပြန်ဖို့အတွက် ကြိုးစားပါတော့တယ်...သူအိမ်သို့ပြန်ရာလမ်း သို့မဟုတ် သူထွက်ပြေးတဲ့ လမ်းကြောင်းဟာ ရှည်လျှားလွန်းပါတယ်...ရာသီဥတုက ဆိုးရွားတဲ့အပြင် လမ်းမှာလည်းဒုက္ခမျိုးစုံတွေ့ရတယ်...အဆိုးတကာ့အဆိုးဆုံးကတော့ ထွက်ပြေးတဲ့သုံပန်းကို ဖမ်းဆီးသတ်ဖြတ်ဖို့ ဗိုလ်ကြီးကန်မန်နဗ်ကတစ်ချိန်လုံးနောက်က လိုက်နေလို့ပါပဲ...ဖော်ရဲလ်ဟာနောက်တစ်ကြိမ်ပြန်အဖမ်းခံရမလား...ဒါမှမဟုတ်လွတ်သွားမလားဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားကြည့်ကြပါဗျာ...အက်ရှင်၊ဒရာမာ၊စွန့်စားမှု၊စစ်ပွဲစတဲ့ ခံစားမှုရသမျိုးစုံပါဝင်ပြီး တကယ်ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပါ...ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်...File Size : 4.63GB / 1.92GB Quality : Blu-Ray 1080p 5.1ch / 720p Duration : 02:38:00 Genre : War, Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded ...
movie

As Far As My Feet Will Carry Me (2001)

100 Crores (2024) 7
100 Crores (2024) 100 Crores (2024) "ကုဋေ ၁၀၀ ရှာပုံတော်"ရိုးရိုးအချစ်ကားတွေချည်း ကြည့်ရတာ ငြီးငွေ့နေတဲ့ပရိသတ်ကြီးအတွက် ရသတစ်မျိုးပေးစွမ်းမဲ့ မှုခင်းဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးပါရစေ။မှုခင်းဇာတ်လမ်းဆိုပေမဲ့ ဇာတ်ကောင်စရိုက်စုံစုံလင်လင်နဲ့ twist အမျိုးမျိုးကို ပေါ့ပေါ့ပါးပါး ကြည့်ကြရမှာပါ။ဇာတ်လမ်းအစမှာတော့ ဆိုင်ကယ်ပြင်ဆိုင်က စက်ပြင်ဆရာလေးရယ်၊ သူ့ချစ်သူရယ်၊ အခွန်ရှောင်တဲ့ သူဌေးကြီးရယ်၊ သူ့ရဲ့စမောလေးရယ်၊ သူဌေးကြီးရဲ့၀န်ထမ်းရယ်နဲ့ ရဲတစ်စုရဲ့နေ့စဉ်ဘ၀နဲ့ အဖြစ်အပျက်တွေကို ခပ်ရိုးရိုးပဲ ပုံဖော်ထားပါတယ်။တစ်နေ့မှာတော့ စမောလေးနဲ့ပျော်ပါးနေတဲ့ သူဌေးကြီးဟာ သူ့အိမ်ကို အခွန်ဌာနက ရှောင်တခင်၀င်စစ်မဲ့သတင်းကြောင့် ဖွက်ထားတဲ့ပိုက်ဆံတွေကို အိတ်တွေနဲ့ထုပ်ပိုးပြီး အိမ်ပေါ်ကနေ အိမ်နောက်ဖက်ကို ပစ်ချထားလိုက်ပါတယ်။ လာစစ်တဲ့သူတွေ ပြန်သွားတဲ့နောက် သူ့ပိုက်ဆံထုပ်တွေလည်း ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တာကြောင့် သူဌေးကြီးလည်း ရှော့ခ်ရပြီး သေဆုံးသွားခဲ့ပါတယ်။အဲဒီအခါ ကုဋေချီတဲ့ပိုက်ဆံတွေကို ရှာဖွေဖို့အတွက် ရဲတွေရော လောဘသားကောင်တွေပါ အလုပ်များကုန်ပါတော့တယ်။ အဲဒီပိုက်ဆံတွေ ဘယ်လိုပျောက်ဆုံးသွားတာလဲ၊ ဘယ်သူတွေက ဘယ်လိုလှည့်ကွက်တွေ သုံးနေတာလဲဆိုတာ စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size… 2 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 52min Subtitle….Myanmar Subtitle ...
movie

100 Crores (2024)

Heat (1995) 8.3
Heat (1995) HEAT (1995) ****************** IMDb...8.3,,,,Rotten...86  ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာရိုးစင်းလွန်းတယ် ...ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့အဲဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်....ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး ..ဒါပေမဲ့ ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်.... ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ....တစ်ယောက်က ရဲ။... သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. .ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်.....အယ် ဒါပေမဲ့ တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်..တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်... အဲဒီဓားပြက အကွက်ချတာတော်တယ်... ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်းအကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ....လက်အောက်ငယ်သားတွေကိုကြည့်တယ်...ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ...ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ...အရံသရုပ်ဆောင်တွေကလည်း ထိပ်တန်းသရုပ်ဆောင်တွေအတော်များတယ်..ဇာတ်အိမ်ခိုင်သလား ...
movie

Heat (1995)

The Gardener (2025) 5.8
The Gardener (2025)  ငယ်ငယ်တုန်းက အသည်းစွဲ‌ အက်ရှင်မင်းသားကြီးဖြစ်ခဲ့တဲ့ဗန်ဒိမ်းရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ The Gardener (2025)Le jardinier ဆိုတဲ့ ပြစ်သစ်ဇာတ်ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အာနိုးတို့ စတားလုံးတို့နဲ့ခေတ်ပြိုင်ဆိုတဲ့အတိုင်း အခုအချိန်မှာအသက်ကြီး နေပြီဖြစ်ပေမဲ့ မပျက်စီးသေးဘဲ ခန္ဓာကိုယ်အချိုးအစားကလည်း လူငယ်တွေထက်တောင်ပိုလန်းပြီး အက်ရှင်တွေကိုလည်းချပြနိုင်တုန်းပါပဲ။ဒီကားလေးကတော့ အက်ရှင်သီးသန့်ချည်းမဟုတ်ဘဲဟာသဒရာမာပါပေါင်းထားတဲ့အတွက် မိသားစုနဲ့အတူတူ ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေအတွက်လည်းအဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++ဇာတ်လမ်းရဲ့အစမှာတော့ အထူးတပ်ဖွဲ့တစ်ဖွဲ့က လူတစ်ယောက်ကိုဝိုင်းအမဲလိုက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။သူတို့ရဲ့တာဝန်ကအဲ့ဒီလူကိုရှင်းပစ်ဖို့ဖြစ်ပြီး ဘာလို့အဲ့လိုလိုက်လုပ်နေရတယ်ဆိုတာကိုသိချင်ရင်တော့အချိန်နောက်နည်းနည်းပြန်ဆုတ်ရပါလိမ့်မယ်။အဲ့ဒီအထူးတပ်ဖွဲ့ကိုဝန်ကြီးချုပ်က ခိုင်းထားတာဖြစ်ပြီး ဝန်ကြီးချုပ်နဲ့ဇယားရှိတဲ့လူဆိုရင်တစ်နှစ်တစ်ခါရှင်းပစ်ဖို့သူတို့ကိုနာမည်စာရင်းတွေပေးနေကျဖြစ်ပါတယ်။ဒီနှစ်မှာတော့ ဆာ့ဂျ်ဆိုတဲ့နိုင်ငံရေးအသိုင်းအဝိုင်းထဲက လူတစ်ယောက်လည်းပါဝင်နေပြီး သူကစာရင်းထဲမှာနောက်ဆုံးပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်သူ့ကိုဦးစားပေးရှင်းပစ်ဖို့ဖြစ်လာပါတော့တယ်။သူကတော့အဲ့ဒါတွေကိုမသိဘဲ ကျေးလက်ကအိမ်လေးမှာ မိသားစုနဲ့အတူတူအားလပ်ရက်အပန်းဖြေနေပါတော့တယ်။ဒီလိုနဲ့အဲ့ဒီလူတွေရောက်ချလာပြီး သူ့ကိုရှင်းဖို့လုပ်တဲ့အခါမှာတော့မိသားစုတစ်ဖက်နဲ့ဘာလုပ်လို့လုပ်ရမယ်မှန်းမသိဖြစ်နေတဲ့ ဆာ့ဂျ်ကိုလျှို့ဝှက်ဆန်းကြယ်မှုတွေအများကြီးနဲ့ သူ့ဥယျာဉ်မှူးကဘယ်လိုတွေကူညီပေးသွားမလဲဆိုတာကို စိတ်ဝင်စားစရာ ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးရှုစားရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size… (1.38GB) / (859MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Gardener (2025)

Ad Vitam (2024) 6.0
Ad Vitam (2024)  ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ပြင်သစ်အက်ရှင်ဒရမ်မာကားလေးပဲဖြစ်ပါတယ်ဒီကားလေးမှာဆိုရင် ပြင်သစ်အထူးတပ်ဖွဲ့ဝင်ဟောင်းဇနီးမောင်နှံနှစ်ယောက်တို့ရဲ့ အသက်ရှင်သန်ဖို့ရုန်းကန်ရမှုကိုဒရမ်မာဆန်ဆန်ဇာတ်အိမ်ဖွဲ့ရိုက်ကူးတင်ဆက်ထားပါတယ်..ပြင်သစ်အထူးတပ်ဖွဲ့အရာရှိများဖြစ်ကြတဲ့ Franck Lazareff နဲ့Leo တို့ဇနီးမောင်နှံဟာ အပတ်စဉ်တူသင်တန်းသားများဖြစ်ပြီးအရာရှိဘဝမှာလည်း တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရင်းဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြသူတွေဖြစ်ပါတယ်..ဖခင်ဆုံးရှုံးလိုက်ရတဲ့ အတိတ်ဖြစ်ရပ်ဆိုးကြောင့် ကလေးယူဖို့ကြောက်ရွံ့နေသူ Franck Lazareff နည်းတူ Leo ဟာလည်း ကလေးမလိုချင်ခဲ့သူဖြစ်ကာ နှစ်ယောက်တည်းကမ္ဘာကို ပျော်ရွှင်စံစားနေရင်းနှစ်အနည်းငယ်အကြာမှာတော့ Leo မှာ ကိုယ်ဝန်ရှိလာခဲ့ပါတယ်ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ယောက်ျားဖြစ်သူကို ပြောပြဖို့လုပ်နေချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် စစ်ဆင်ရေးလုပ်ရမယ့်အမှုအခင်းတစ်ခုပေါ်ပေါက်လာပါတော့တယ်..၎င်းအမှုအခင်းမှာပဲ အရင်းနှီးဆုံး အဖွဲ့ဝင်တပ်သားနှစ်ယောက်သေနတ်ပစ်ခံခဲ့ရတဲ့မှုအတွက် တာဝန်ရှိသူ Franck Lazareffတစ်ယောက် တပ်ဖွဲ့ကနေထုတ်ပယ်ခြင်းခံရဖို့ ဖြစ်လာပါတယ်ထုတ်ပယ်ခံရပြီးသိပ်မကြာခင်မှာပဲ ထိုအမှုအခင်းဟာ သာမန်ဓားပြတိုက်မှုသက်သက်မဟုတ်နိုင်ကြောင်း သံသယဝင်သွားတဲ့ Franck Lazareffတစ်ယောက်တစ်ကိုယ်တော်စုံစမ်းမှုတွေလုပ်ရင်း အကြောင်းမှန်ကိုသိရှိသွားချိန်မှာတော့…ဒီဇာတ်ကားလေးဟာဆိုရင် ပျော်ရွှင်စရာ အထူးတပ်ဖွဲ့အရာရှိဘဝများမိသားစုဘဝများကို ဒရမ်မာကားသဖွယ်ရိုက်ကူးထားတာဖြစ်လို့အက်ရှင်ကားချစ်ပရိသတ်များသာမက ဒရမ်မာချစ်ပရိသတ်များကိုလည်းကျေနပ်စေနိုင်တဲ့ဇာတ်ကားလေးဖြစ်တာကြောင့် လက်မလွတ်ကြရစေဖို့ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ… File size… (1.92GB) / (1.03GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre ….. ...
movie

Ad Vitam (2024)

Unnaipol Oruvan (2009) 7
Unnaipol Oruvan (2009) Unnaipol Oruvan 2009Imdb 8/10တောင်းဆိုမှုတွေကြောင့်အဟောင်းထဲက ရွှေကားလေးတင်ဆက်ပေးချင်ပါတယ် နာမည်ကြီးမင်းသားတွေဖြစ်တဲ့ ကာမယ်ဟာဆန်နဲ့ မိုဟန်လယ်တိုလည်းပါဝင်ထားတဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းအစမှာတော့ ကမ်းခြေတစ်ခုမှ လူတစ်ယောက်ရပ်နေပါတယ် သူ့ဘေးမှာလည်း သူ့အဖော်ခွေးလေးတစ်ကောင်နဲ့ပေါ့ ဒီလူရဲ့အတိတ်ကတော့ သူမကျူးလွန်ထားတဲ့မှုခင်းတစ်ခုကို အပြစ်ပေးခံခဲ့ရပါတယ်တဲ့ဘယ်ကိစ္စတွေကိုများပတ်သက်မိလို ဒီလိုဖြစ်လာတာဖြစ်မလဲ သူကတော့တခြားမဟုတ် တရားနည်းလမ်းတကျ သမာသမတ်ကျကျနဲ့ ဖြေရှင်းတတ်တဲ့ ရဲတစ်ယောက်ပါပဲအတိတ်ကိုပြန်သွားကြည့်မယ်ဆိုရင် မွမ်ဘိုင်းမြိုအတွင်း ဗုံးပေါက်မှုဖြစ်ခဲ့တယ် ပါကစ္စတန်တွေပတ်သက်နေတဲ့ကိစ္စလို သံသယရှိပေမဲ့ သက်သေကမရှိဘူးပေါ့မင်းသားအကြောင်းထပ်ပြောရမယ်ဆိုရင် ရဲမင်းကြီးရဲ့လက်ရုံးတော် ရဲတပ်ဖွဲရဲ့အတော်ဆုံးလူတစ်ယောက် သူ့ရှေ့မှာ လာဘ်စားတဲ့ရဲတွေမြင်ရင်တောင် ပိုက်ဆံကိုပြန်ပေးခိုင်းတဲ့အပြင် လာဘ်စားတဲ့ရဲအိတ်ထဲကပိုက်ဆံပါ ထုတ်ပေးအောင်လုပ်တဲ့လူတစ်ယောက်ပေါ့ တစ်နေ့..ရထားဗုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတွေ အများအပြားသေဆုံးကြရတယ် ဒါက အကြမ်းဖက်သမားတွေရဲ့လက်စားချေမှုကြောင့်လိုယူဆပြီး အမှုကိုကိုင်တွယ်ဖို သူ့ကိုတာဝန်ပေးခဲ့လိုက်ပါတယ် ဒီတာဝန်ကို သူအောင်မြင်သွားမလား ကျရှုးသွားမလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…2.5 GB / 960 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Unnaipol Oruvan (2009)

Aap Mujhe Achche Lagne Lage (2002)
Aap Mujhe Achche Lagne Lage (2002) Aap Mujhe Achche Lagne Lage 2002 မင်းနဲ့မှချစ်တတ်ပြီပေါ့အဟောင်းပေမဲ့ရွှေဆိုပြီး 2000 ခုနှစ်များဆီက အချစ်ဇာတ်လမ်းလေးတွေကို သဘောကျသူတို့အတွက် မင်းသားကြီး Hrithik Roshan ရဲ့အချစ် အမုန်း ရင်သပ်ရှုမောစရာလေးတွေအပြင် အက်ရှင်ပါ ပါဝင်တဲ့ဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဆက်ပနာဟာ မြေအောက်လောကခေါင်းဆောင်ကြီးရဲ့ သမီးချောလေးပါ။ အများအမြင်မှာတော့ အဖေနဲ့အစ်ကိုရယ် အစ်ကို့မိန်းမရယ်ရဲ့ စောင့်ရှောက်မှုအောက်မှာ အပူအပင်ကင်းစွာကြီးပြင်းလာရတဲ့ မင်းသမီးလေးပေါ့။ဒါပေမဲ့သူ့ဘဝဟာ စာသင်ရင်လည်းအိမ်မှာခေါ်သင်ရ၊ အပြင်ထွက်လည်ပတ်ခွင့်လည်းမရှိတဲ့အပြင် သူ့အဖေတို့ရဲ့ ကလဲ့စားချေသတ်ဖျက်မှုတွေကို မြင်နေကြားနေရတဲ့ လှောင်အိမ်ထဲက မင်းသမီးလေး ဖြစ်လို့နေပါတယ်။သူ့ယောက်မဖြစ်သူကို သူဒီဘဝမှာနေမပျော်ကြောင်း၊ ဘယ်လောက်ကြာအောင် နေရမယ်မသိကြောင်းပြောရင် မကြာခင် သူ့ကိုကယ်တင်မယ့် မင်းသားလေးရောက်လာမှာမို့ စိတ်ရှည်ပါဆိုပြီးပဲ နှစ်သိမ့်ခံနေရပါတယ်။သူ့ရဲ့မွန်းကြပ်မှုကနေ ထွက်ပြေးဖို့တစ်နေ့ သူ့ငယ်သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို ခိုးထွက်လာခဲ့လေရဲ့။ ဖြစ်ချင်တော့ သူ့အဖေရဲ့ရန်သူတော်တွေဆီက လိုက်လံတိုက်ခိုက်ခံရပါတော့တယ်။ အဲဒီအချိန်မှာ ကောလိပ်ကျောင်းသားလေး ရိုဟစ်က တွေ့ပြီးကယ်တင်လိုက်ရာကစ သူတို့တွေ့ဆုံခဲ့ပါတယ်။နောက်တစ်နေ့သတင်းစာမှာ ဆက်ပနာအကြောင်းပါလာမှ ရိုဟစ်ဟာ သူဘယ်သူဆိုတာသိပြီး တွေ့ဖို့နည်းလမ်းရှာပါတော့တယ်။ဆက်ပနာကတော့ အဲဒီနေ့အဖြစ်အပျက်ပြီးတည်းက အိမ်ထဲကခြေတစ်လှမ်းတောင်မထွက်ဖို့ အမိန့်ပေး ပိတ်လှောင်ခံထားရတာပါ။ အဲဒီအပြင်သူ့အဖေက သူ့သမီးကို အိမ်ထောင်ပြုပေးပြီး အဝေးပို့ဖို့ပါ စီစဉ်နေပါတော့တယ်။ဒီလိုနဲ့ ရိုဟစ်က နည်းလမ်းစဉ်းစားပြီး သူတို့အိမ်မှာ လုပ်တဲ့ဆုတောင်းပွဲမှာ ဒရမ်သမားလေးအနေနဲ့လိုက်ပါသွားလေရဲ့။ရိုဟစ်အနေနဲ့ သူမြင်မြင်ချင်းချစ်မိသွားတဲ့ မင်းသမီးလေးနဲ့ ...
movie

Aap Mujhe Achche Lagne Lage (2002)

Bachhala Malli (2024) 7.3
Bachhala Malli (2024) Bachhala Malli (2024)"မာလီ" =======================၂၀၂၄ ခုနှစ်က ရုံတင်ခဲ့ပြီး အခုမှ ဒစ်ဂျစ်တယ်ဗားရှင်းထွက်လာခဲ့တဲ့ အက်ရှင်နဲ့ ဒရာမာကို လှလှပပတွဲဖက်ပြီး ပုံဖော်ထားတဲ့ တေလေဂူးစကားပြော တောင်ပိုင်းရုပ်ရှင်ကောင်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လမ်းအစမှာတော့ ပွတ်ရှ်ပါဇာတ်လမ်းအစပိုင်းထဲက အာလူးအာဂျွန်လိုမျိုး မုတ်ဆိတ်ဗရပွ၊ ဆံပင်ဘုတ်သိုက်၊ စုတ်တီးစုတ်ပဲ့အဝတ်အစားနဲ့ ဘာကိုမှထီမထင်တဲ့လူတစ်ယောက်ကို တွေ့ကြရမှာပါ။သူကတော့ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ဘာချလာ မာလီဖြစ်ပါတယ်။ သူဟာ ဂုန်နီအိတ်ချုပ်တဲ့အလုပ်ရုံက အလုပ်သမားတစ်ယောက်ဖြစ်ပြီး ဘာကိုမှအလေးမထားပဲ ပေတေလေလွင့်နေတဲ့သူပါ။အဲဒီလို လေလွင့်လူဖြစ်နေတဲ့ မာလီဟာ တချိန်ကတော့ အင်မတန်လိမ္မာတဲ့သားတစ်ယောက်၊ ခရိုင်အဆင့်ပထမရခဲ့တဲ့ ထူးချွန်ကျောင်းသား၊ ဆရာတွေရဲ့အချစ်တော် စံပြလူငယ်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။အဲဒီလိုလူရိုးလူအေး ဘဝကနေ ဘဝမြစ်ပြင်ထဲကို အလျားလိုက်ဖြတ်ကူးနေတဲ့ လေလွင့်လူတစ်ယောက် ဘယ်လိုဖြစ်လာခဲ့တာလဲ၊ ဘယ်လိုစိတ်ဒဏ်ရာတွေက သူ့ကိုလှိုက်စားခဲ့တာလဲ၊ သူ့ရဲ့ ဘဝခရီးမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ အားလုံးမြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.3 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Bachhala Malli (2024)

Hitman’s Wife’s Bodyguard (2021) 6.9
Hitman’s Wife’s Bodyguard (2021) Hitman's Wife's Bodyguard (2021)IMDb Rating (6.9)ရုံတင်တုန်းက မပါတဲ့အခန်းတွေကို ပြန်ထည့်ပေးထားတဲ့ BluRay Extended Version နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ဒီကားကတော့ မြေနိုးကြီးရဲ့သက်တော်စောင့် ဇာတ်လမ်း အပိုင်း ၂ ဖြစ်ပါတယ်။ ရှေ့မှာထွက်ထားတဲ့ အပိုင်း ၁ ရုပ်ရှင်ကား The Hitman’s Bodyguard (2017)  ကိုကြည့်ထားရင်တော့ ပိုချိတ်ဆက်မိပါမယ်။ဒီအပိုင်းမှာတော့ ကင်ကိတ်ကြီးက ထောင်ကထွက်ပြေးပြီး မိန်းမနဲ့အကြည်ဆိုက်နေချိန်၊ သက်တော်စောင့် လိုင်စင် မရှိတော့တဲ့ ဘရိုက်စ်က တိုင်ပတ်နေပါတယ်။ဒါနဲ့ စိတ်ပြေလက်ပျောက် အနားယူဖို့ ထွက်လာချိန်မှာပဲ ကင်ကိတ်ကြီးကိုမာဖီးယားတွေဖမ်းထားတယ်ဆိုပြီး သူ့မိန်းမ ဆိုညာက လာခေါ်တဲ့အချိန်မှာ လူသတ်သမား၊ သက်တော်စောင့်၊ လူလိမ်မ သုံးယောက်တွဲပြီး ပေါက်ကရတွေလုပ်ရင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်ရမယ့် လမ်းစပေါ် ရောက်သွားပြန်ပါတော့တယ်။ပထမကားက သရုပ်ဆောင်တွေဖြစ်တဲ့ Ryan Reynolds နဲ့ မားသားဖက်ခါ Samuel L. Jackson နဲ့ Salma Hayek တို့အဓိကပါဝင်ထားပြီး ဒီကားမှာတော့ Morgan Freeman လဲအားဖြည့်ထားပါသေးတယ်။ ဝါရင့်တွေချည်း ...
movie

Hitman’s Wife’s Bodyguard (2021)

2021
4K HEVC
The Hitman’s Bodyguard (2017) 6.9
The Hitman’s Bodyguard (2017) The Hitman's Bodyguard (2017)IMDb Rating (6.9)2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ IMDb 6.9 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ချ်ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ချ်ရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ဝါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့  လုံးဝမတည့်ပဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ချ်ရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ......သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ပိုကောင်းတယ်ယူဆသူ၊ သူတို့ နှစ်ယောက်ရဲ့ အလွဲတွေ ဟာသတွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို တစ်ကားလုံး အလန်းစား ...
movie

The Hitman’s Bodyguard (2017)

2017
4K HEVC