Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Riley Keough
5.5
Kiss of the Damned (2012)
ပါလိုဆိုတဲ့ဇာတ်ညွှန်းရေးဆရာလေးဟာ နယ်မြို့လေးတစ်ခုကို ပရောဂျက်အသစ်တစ်ခုအတွက် အေးအေးဆေးဆေးစာရေးဖို့ရောက်လာခဲ့ပါတယ်။မိုးတွေသည်းတဲ့ ညတစ်ညမှာတော့ မြို့ခံတစ်ဦးဖြစ်တဲ့ ဒီယွန်နာဆိုတဲ့ မိန်းကလေးတစ်ဦးနဲ့တွေ့ဆုံခဲ့ပြီးဇာတ်လမ်းအရှိန်တက်တော့မယ့်အချိန်မှာ ဒီယွန်နာက ရှောင်ဖယ်ထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့် အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ ပါလိုဟာ ဒီယွန်နာကိုမှ အရူးအမူးဖြစ်သွားခဲ့ပြီး ဘာတွေပဲဖြစ်လာဖြစ်လာ လက်ခံရင်ဆိုင်ပါတော့မယ်ဆိုတဲ့ အနေအထားနဲ့ သူ့ဘ၀တစ်ခုလုံးကိုပုံအပ်လိုက်ပါတော့တယ်။အဲ့ဒီမှာပဲ သူ့အတွက်အသစ်အဆန်းဖြစ်နေတဲ့လောကတစ်ခုနဲ့တွေ့ဆုံခဲ့ရတော့တာပါပဲ။ ဒီယွန်နာဟာသွေးစုပ်ဖုတ်ကောင် တစ်ဦးဖြစ်ပြီး သူတို့လိုသွေးစုပ်ဖုတ်ကောင်တွေဟာလည်းမြေအောက်လောကတစ်ခုလို ကမ္ဘာအနှံ့စိမ့်ဝင်ပျံ့နှံ့ပြီးလူတွေကြားထဲမှာ ရောနှောနေထိုင်ကြပါတယ်။သွေးစုပ်ဖုတ်ကောင် အများစုက လူတွေကိုရန်မရှာတော့ပဲ တိရိစ္ဆာန်သွေးလူလုပ်သွေးတွေနဲ့ အသက်ဆက်နေကြပေမယ့် စိတ္တဇဆန်ဆန် လူသားတွေကိုအုပ်စိုးလိုတဲ့၊ ရန်မူလိုတဲ့ အနည်းစုကလည်းရှိနေပြန်ပါသေးတယ်။အဲ့ဒီထဲကတစ်ယောက်ကတော့ ဒီယွန်နာရဲ့ညီမ မီမီဖြစ်ပြီး သူတို့လက်ရှိနေထိုင်နေတဲ့ စံအိမ်ကြီးကိုရောက်လာပြီး သူတို့ကိုဒုက္ခပေးပါတော့တယ်။မြင်ဖူးနေကျ သွေးစုပ်ဖုတ်ကောင်ဇာတ်ကားတွေနဲ့ကွဲထွက်ပြီး ပုံစံအသစ်နဲ့ချဉ်းကပ်ထားတဲ့ drama/horror ဇာတ်လမ်းကောင်းလေးတစ်ခုပါ။ Heroes မင်းသား Milo Ventimiglia နဲ့ အရမ်းမိုက်တဲ့ ပြင်သစ် မင်းသမီးချောတွေဖြစ်တဲ့ Joséphine de La Baume နဲ့ Roxane Mesquida တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ ခံစားကြည့်ကြပါဦး။ (မိသားစုနဲ့ကြည့်ဖို့အဆင်မပြေတဲ့ အဖော်အချွတ်ခန်းအနည်းငယ်ပါဝင်ပါတယ်)( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.4GB)/(680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, ...
movie
Kiss of the Damned (2012)
6.8
The House That Jack Built (2018)
The House that Jack Built(2018) IMDb: 6.8/10 Rotten Tomatoes: 60% Genre: Psychological Horror/ Psychological Thriller "ဂျက်ခ်တည်ဆောက်ခဲ့တဲ့အိမ်လေး" တဲ့ရုပ်ရှင်ခေါင်းစဉ်က။မသိရင်ပဲ သာယာလှပတဲ့ ရုပ်ရှင်လိုလိုနဲ့။ တကယ်တမ်းဒီရုပ်ရှင်ကအတော်လေးစိတ်ညစ်ဖို့ကောင်းပါတယ်။ တကယ်လည်းကောင်းတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။American Psycho ကြိုက်ရင် ဒီရုပ်ရှင်ကိုသဘောကျမှသေချာပါတယ်။ ကျွန်တော်ကအကျင့်တစ်ခုရှိတယ်။ အဲဒါက ရုပ်ရှင်တစ်ခုကို ဘာသာမပြန်ချင် အဲဒီရုပ်ရှင်နဲ့ပတ်သက်သမျှကို လိုက်ရှာကြည့်တာ။ ရှာကြည့်တော့ တကယ်ပဲ ဒီရုပ်ရှင်က လူကြိုက်များလှပါတယ်။ တချို့ဆိုရင် ရုပ်ရှင်ဝေဖန်ရေးသမားတွေပြောတာကိုနားမယောင်နဲ့။ ဒီရုပ်ရှင်ကိုကြည့်ဖြစ်အောင်ကြည့်လို့ဆိုပါတယ်။ တကယ်ပဲကောင်းတယ်လို့ပြောပါရစေ။ဇာတ်ညွှန်း ဂျက်ခ် ဟာ OCD ရောဂါခံစားနေရတဲ့ စိတ်ရောဂါရှင် ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာလူကိုကြုံရင်ကြုံသလိုသတ်နေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာလူသတ်ရတာကိုအနုပညာမြောက်တယ်လို့ထင်နေပြီး လူသတ်တာကိုပဲပျော်မွေ့နေတဲ့လူဖြစ်ပါတယ်။ သူ့ရဲ့အယူအဆတွေက တကယ့်လက်တွေ့လောကနဲ့လုံးဝကိုဆန့်ကျင်နေပြီး အတော်လေးလည်းကြောက်ဖို့ကောင်းလှပါတယ်။ သူဘယ်နှစ်ယောက်ထိထပ်ပြီးတော့သတ်နိုင်မှာလဲ။ ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကိုကြည့်လိုက်ပါ။ ကြည့်နေရင်းနဲ့ သူ့ရဲ့အယူအဆတွေကိုတောင်လက်ခံမိမလိုလို ဘာသာပြန်ရင်းဖြစ်သွားပါသေးတယ်။ဂျက်ခ်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Matt Dillion ဟာလည်းအတော်လေးကိုသရုပ်ဆောင်ကောင်းလှပါတယ်။ ဒီဇာတ်လမ်းလေးကိုတော့ ၁၂ နှစ်တာကာလအတွင်းမှာ သူသတ်ခဲ့တဲ့လူတွေအကြောင်းကိုပြန်ပြောပြတဲ့ပုံစံနဲ့ ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ File size… 4.5 GB / 1.5 GB Quality… ...
movie
The House That Jack Built (2018)
2018
5.9
Sasquatch Sunset (2024)
Sasquatch Sunset (2024) ခြေပြားကြီးတို့ မိသားစု ဒီရုပ်ရှင်ကိုတော့ နာမည်ကျော် ဒါရိုက်တာ ပရိုဂျူဆာAri Aster က ထုတ်လိုက်ခဲ့တာဖြစ်ပါတယ်။ Ari ကိုHereditary တို့ Midsommar တို့နဲ့ သိကြမှာပါ။မင်းသားကတော့ Social Network ကားတို့ Now You See Meတို့နဲ့ ရင်းနှီးနေကြမဲ့ Jesse Eisenberg ပါပဲ။ရုပ်ရှင်ကတော့ Sasquatch မိသားစုတစ်ခုအကြောင်းပါပဲ။Sasquatch ဆိုတာကို မသိရင်တောင် သူနဲ့ အဓိပ္ပါယ်တူတဲ့Bigfoot ကောင်ကြီးတွေဆိုရင် သိကြမှာပါ။ဒီရုပ်ရှင်က သူတို့ရဲ ဘဝနေထိုင်မှုအကြောင်းနဲ့ လူတွေရဲ့အမြင်အကြောင်းကို လေးလေးနက်နက်ရိုက်ပြထားတာပါပဲ။အပိုဆောင်းအနေနဲ့ကတော့ ခက်ခဲတဲ့ ဘာသာစကားအသုံးအနှုန်းတွေကို သေချာ ဘာသာပြန်ရှင်းပြပေးထားလို့အင်္ဂလိပ်စာ လေ့လာသူတွေလည်း ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ခံစားကြည့်လိုက်ပါဦး..................... ( Mr. Anderson အထူးခံစားဘာသာပြန်ထားသည် ) File size…1.64GB / 652MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Action ...
movie
Sasquatch Sunset (2024)
6.8
Under the Silver Lake (2018)
Under the Silver Lake (2018)IMDb Rating (6.5)ငွေရောင်ကန်ရဲ့ အောက်မှာတဲ့ ဇာတ်ကားနာမည်က လန့်စရာကြီး သတ်တော့မယ်..ဖြတ်တော့မယ်။Crime, Drama ဆိုတော့ ခြောက်ခြားစရာဘာညာထင်ချင်စရာ...ဒါပေမယ့် မဟုတ်ပါဘူး။ဒီ ၂၀၁၈ ထွက် Ultimate Spider-man မင်းသား Andrew Garfield ပါဝင်သရုပ်ဆောင်ထားတဲ့ Under the Silver Lake ဇာတ်ကားလေးကA24 က ထုတ်တဲ့ရုပ်ရှင်ဆိုတော့ သိသာထားလိုက်တော့။ပုံမှန် Crime, Drama တွေနဲ့ပုံစံမတူဘဲ လူတော်တော်များများက Psycho(ဆိုက်ကို) ကားလို့ခေါ်ကြတဲ့ကားမျိုးဖြစ်နိုင်ပါတယ်။နည်းနည်းလည်းကြောင်တောင်တောင်နိုင်သလိုပါပဲ။ဒါပေမဲ့ ဒီဇာတ်လမ်းထဲကလို လူတိုင်းမြင်နေကြားနေတဲ့ သတင်းတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာ လူတချို့ပဲသိနိုင်မယ့် ထူးခြားတဲ့ လျှို့ဝှက်သတင်းစကားတွေကို ထည့်သွင်းထားသလိုမျိုး ဒီဇာတ်ကားထဲမှာ တချို့လူတွေပဲ ခံစားနားလည်နိုင်မယ့်ခံစားမှုမျိုးတွေ သတင်းစကားတွေ အများကြီးပါနေတာတော့ အသေအချာပါပဲ။ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် လူတိုင်းမြင်နေကြပေမယ့် လူတိုင်းမသိကြတဲ့လျှို့ဝှက်ချက်တွေကိုတော့ ကိုယ်တိုင်ရှာကြည့်ကြပါတော့။လူသိပ်မသတ်ပေမယ့် ကြမ်းခန်းရမ်းခန်းနည်းနည်းပါတဲ့ R-rated ဇာတ်ကားဖြစ်တဲ့အတွက် ...
movie
Under the Silver Lake (2018)
2018
Manodrome (2023)
Manodrome (2023)အာဖရိက အကယ်ဒမီမှာ Best Film ဆုရဖူးတဲ့ တောင်အာဖရိကဒါရိုက်တာ John Trengove ရဲ့ ဟောလိဝုဒ်ဘက်မှာ ပထမဆုံးရိုက်တဲ့ရုပ်ရှင်ပါ။ ထုံးစံအတိုင်း မိန်းစထွင်းမ်တက်ရိုက်တဲ့ ဘဲတွေရဲ့ အထာအတိုင်း ပျော့ကွက်လေးတွေရှိသွားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က မင်းသားတွေက Jesse Eisenberg နဲ့ Adrien Brody တို့လို တကယ့်ထိတ်ထိတ်ကြဲတွေ။ ဇာတ်ကလည်း သိပ်အားရစရာတော့ ရှိမနေပေမဲ့ သူတို့ဘာလို့ ဝင်သရုပ်ဆောင်လဲဆိုတာကတော့ ပဟေဠိပဲ။ အိုင်ဆန်ဘတ်အတွက်ကတော့ တန်တယ်လို့ပြောရမယ်။ ဒီရုပ်ရှင်ကတော့ ပြီးခဲ့တဲ့နှစ်က သူရိုက်ခဲ့တဲ့ကားလောက် ကောင်းမနေပေမဲ့ ဝေဖန်ရေးသမားတွေကတော့ အိုင်ဆန်ဘတ်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အများကြီး ချီးကျူးထားကြတယ်။ ဆယ်စုနှစ်တစ်ခုအတွင်း အိုင်ဆန်ဘတ် စကေးအပြထားဆုံးရုပ်ရှင်လို့တောင် ဆိုကြတယ်။ ဇာတ်က Psychological Thriller ဆန်ဆန်သွားထားတော့ ဒိသွားရင်လည်း မတရားဒိမယ့်ဇာတ်၊ အခုတော့ အလှမ်းကျယ် အလယ်လပ်လောက်ဖြစ်သွားပေမဲ့ သရုပ်ဆောင်တွေရဲ့ ဝိတ်နဲ့ မဆိုးလှတဲ့ ...
movie
Manodrome (2023)
2023
8.1
Mad Max: Fury Road (2015)
Mad Max ဇာတ်ကား(၄)ကားစလုံးကို 4K BluRay နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ဒါကတော့ ၄ ကားမြောက်ဖြစ်တဲ့ Mad Max: Fury Road (2015)ဇာတ်ကားပါ။ IMDb (8.1) နဲ့ Rotten Tomatoes(97%) ရရှိထားပါတယ်။Mad Max ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=mad+max မှာ Download ရယူပါ။)+++++++++++++++++++++++Mad Max ဇာတ်ကားအကုန်လုံးအတွက် ပြည့်စုံလှတဲ့ အောက်ပါအညွှန်းကို International Movie News - IMN Facebook Page ကနေကူးယူဖော်ပြလိုက်ပါတယ်။+++++++++++++++++++++++Mad Max: Fury Roadဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် Action Movies များကို ကြိုက်ပါသလား?” ကြိုက်တယ်ဆိုရင် နောက်ထပ် မေးခွန်းတစ်ခုကတော့ “သင် ထို Action Movies တွေကို ဘယ်လောက်ထိ ...
movie
Mad Max: Fury Road (2015)
4K HEVCHDR
American Honey(2016)
American Honey(2016)**********************အဖော်အချွတ် ၊ ဆေးသုံးတဲ့အခန်းတွေ နဲ့ ကြမ်းတမ်းတဲ့စကားလုံးများစွာပါဝင်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ American Honey ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။၇၀ကြိမ်မြောက် BAFTA ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး British Film အဖြစ်ဆန်ကာတင်ရွေးချယ်ခံခဲ့ရပြီး ၂၀၁၆ ကိန်းစ် ရုပ်ရှင်ပွဲတော်မှာလဲ Palme d'Or ဆုအတွက်ရွေးချယ်ခံခဲ့ရပြီး Jury Prize ဆုကို ရရှိခဲ့ပါတယ်။ အခြားဆုတွေလဲ တစ်သီကြီးရထားတဲ့ ဒရာမာ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ IMDB 7/10 ရရှိထားပြီး ခရမ်းချဉ်သီးမှာလဲ Rating ကောင်းကောင်းရရှိထားပါတယ်။ ဇာတ်ကောင်တွေကတော့ Sasha Lane၊ Shia LaBeouf နဲ့ Riley Keough တို့အဓိကထား ပါဝင် သရုပ်ဆောင် ထားပါတယ်။ စတားဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ ကလေးမဟုတ်တဲ့ ကလေးနှစ်ယောက်ကို ထိန်းကျောင်းနေရပြီး အမြဲတစေ လိင်ပိုင်းဆိုင်ရာစော်ကားနေတဲ့ ...
movie
American Honey(2016)
Magic Mike (2012)
Mike Laneဟာ Tempaမြို့က အဖော်အချွတ်ကလပ်တစ်ခုမှာ အဖော်အချွတ်ပြစားနေသူ တစ်ယောက်ဖြစ်ပြီး ပိုတဲ့အချိန်တွေမှာလည်း အပိုငွေလေးတွေ ရှာလေ့ရှိပါတယ်။ ဒါတွေဟာ ကိုယ်ပိုင်ပရိဘောဂလုပ်ငန်းလေး တစ်ခုကို ထူထောင်ပြီး အေးအေးလူလူ လုပ်ကိုင်စားသောက်မယ်ဆိုတဲ့ အတွေးနဲ့ပါ။ ဒီလိုနဲ့တစ်နေ့မှာတော့ ဆောက်လုပ်ရေးဆိုက်တစ်ခုထဲမယ် Adamဆိုတဲ့ ၁၉နှစ်အရွယ်ကောင်လေး တစ်ယောက်နဲ့တွေ့ပြီး အဲဒီကောင်လေးကိုပါ အဖော်အချွတ်လောကထဲ ခေါ်ယူဖို့ ဖြစ်လာတဲ့အခါမှာတော့...။ဒီဇာတ်ကားကို ဒါရိုက်တာ Steven Soderberghက စီစဉ်ရိုက်ကူးတင်ဆက်ထားပြီး ရုပ်ရှင်ဆုတွေနဲ့ Nominationများစွာကိုလည်း ရရှိဆွတ်ခူးခဲ့တဲ့အပြင် IMDb 6.1နဲ့ Rotten Tomatoesမှာလည်း 78% ရရှိထားပါတယ်။File size…(1.74GB) / (`943.14MB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:50:00 Genre... Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hugo
movie
Magic Mike (2012)
6.5
Lovesong(2016)
Lovesong (2016)===============IMDb 6.3, Rotten Tomatoes 83%''နင်ဒီကို ဘာလို့လာတာလဲ''''ငါ့အချစ်ဆုံးသူငယ်ချင်းရဲ့လက်ထပ်ပွဲမလို့ပေါ့''''ငါမေးတာက နင် ဒီကို ဘာလို့လာတာလဲလို့''''ငါ နင့်ကို လွမ်းလို့... အချိန်တိုင်း...''ယောက်ျားဖြစ်သူရဲ့လစ်လျူရှုခြင်းကိုခံထားရတဲ့ဆာရာတစ်ယောက် သူ့သမီးလေးရယ် အချစ်ဆုံးသူငယ်ချင်းမင်ဒီတို့နဲ့အတူ ခရီးတိုတစ်ခု စတင်ထွက်ခဲ့တယ်ခရီးတစ်လျှောက် ဆာရာနဲ့ မင်ဒီတို့ကြားကသူငယ်ချင်းထက်ပိုတဲ့ ခံစားချက်လေး ပြင်းထန်အားကောင်းလာချိန်မှာပဲ အခြေအနေတွေဟာသူတို့နှစ်ယောက်ကို ဝေးကွာစေခဲ့တယ်သုံးနှစ်ခန့်ကြာပြီးတဲ့နောက်မှာတော့ဆာရာတစ်ယောက် မင်ဒီ့ရဲ့လက်ထပ်ပွဲမတိုင်ခင်ရက်တွေမှာ သူတို့နှစ်ယောက်ကြားက ခံစားချက်လေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ...ဒီရုပ်ရှင်ဟာ အကောင်းဆုံးဇာတ်ညွှန်းဆုကို ရရှိပိုင်ဆိုင်ထားပြီးအဓိကသရုပ်ဆောင်တွေအဖြစ် ဝါရင့်မင်းသမီးကြီးတွေဖြစ်တဲ့Jena Malone နဲ့ Riley Keough တို့က သဘာဝကျကျပါဝင်သရုပ်ဆောင်ထားတဲ့ GL Dramaရုပ်ရှင်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ် File size…1.14GB / 520MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 24m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe
movie
Lovesong(2016)
6.5
[18+] Zola (2021)
[18+] Zola (2021) IMDb - 6.5/10, RT - 88%, Meta - 76%A24 ဟာ ပြီးခဲ့လေးငါးခြောက်နှစ် နောက်ပိုင်းကနေ အခုထိ နာမည်တဟုန်ထိုး တက်လာတဲ့ အင်တာတိန်းမန့် ကုမ္ပဏီပါ။ A24က ထုတ်တာတွေမှာ Thriller Horror ဆန်ဆန်ကားတွေ နည်းနည်းထူးခြားတယ်ပြောလို့ရတဲ့ကားတွေချည်းပါပဲ။ ဒါကြောင့် သူ့ပရိတ်သတ်နဲ့ သူအခိုင်အမာရှိနေပြီး သူ့ဖန်တွေကြား A24 ရုပ်ရှင်တွေလိုမျိုး အရသာပေးနိုင်တဲ့ ရုပ်ရှင်တွေ့ရင် A24 vibe ဆိုပြီး ပြောကြတဲ့အထိကို A24 ရဲ့ လွှမ်းမိုးမှုကကြီးခဲ့ပါတယ်။ သူ့ဆီက ကားတွေဟာ အော်စကာဆုတွေရတာတွေလည်း ရှိပါတယ်။A24 ဟာ Midsommar, Hereditary, The Lighthouse, The VVitch, Uncut Gems, Lady Bird, Moonlight စတဲ့ ရုပ်ရှင်ကောင်းတွေ အပါအ၀င် တခြားရုပ်ရှင် အကောင်းတွေချည်း ...
movie
[18+] Zola (2021)
2021
6.1
The Guilty (2021)
The Guilty (2021)စောင့်မျှော်နေကြတဲ့ Jake Gyllenhaalရဲ့ Crime, Thrillerကားသစ် ရပါပြီ၊ ဒီကားကတော့ 2018 တုန်းက ထွက်ခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင် The Guilty ကို Remake ပြန်ရိုက်ထားတာပါသူ့နာမည်က ဂျိုးဘေလာ၊ LAရဲတပ်ဖွဲ့ရဲ့ အရာရှိတစ်ဦးဖြစ်ပေမယ့် အတိတ်ကအကြောင်းတစ်ခုကြောင့် ၉၁၁- အရေးပေါ်ဌာနကို ရာထူးချခံထားရသူအရေးပေါ်ဌာနတို့ရဲ့ ထုံးစံအတိုင်း ကားပိတ်တာ၊ ကြောင်သစ်ပင်ပေါ်တက်တာကအစ သဘာဝဘေးအန္တရာယ်အဆုံး ဖုန်းတဂွမ်ဂွမ်ဆက်လာတာကို ပြန်ဖြေပေးရတဲ့နေရာဆိုတော့ဂျိုးတစ်ယောက် သိပ်နေသားမကျလှ၊ ရဲအရာရှိဘဝကလာတာမလို့ ပေါင်းသင်းဆက်ဆံရေးကလည်းညံ့တော့ အတော်ဘုကလန့်ကျနေတာပေါ့၊ ဒီကြားထဲ အိမ်ထောင်ရေးကလည်း အဆင်မပြေတော့ တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်နေတာပေါ့တစ်ရက် LAမှာ မီးအကြီးအကျယ်လောင်မှုကြောင့် အရေးပေါ်ဌာနတစ်ခုလုံး ဗျာများနေချိန် ဂျိုးဆီကို ဖုန်းတစ်ကောလ်ဝင်လာတယ်၊ ဖုန်းဆက်လာသူအမည်က အမ်မလီလိုက်တန်၊ ဂျိုးဖုန်းကိုင်ကိုင်ချင်းပဲ သူ့ကို Sweetyဆိုပြီး စခေါ်တော့ လူဂွစာကြီးဂျိုး ထောင်းခနဲဒေါသထွက်သွားပြီ၊ ဌာနတစ်ခုလုံးအလုပ်များနေချိန် မျက်နှာပြောင်ပြီး ဖုန်းဆက်တာပဲပေါ့ဒါပေမယ့်အဲ့ဒီအမျိုးသမီးရဲ့အသံက တုန်နေတယ်၊ ငိုသံပါနေတယ်၊ ကြောက်လန့်နေတယ်၊ နောက်ပြောင်ပြီးခေါ်တဲ့ဖုန်းမဟုတ်ဘူး။ဂျိုးလည်းစဉ်းစားရပြီ၊သူ့ကိုဘာလို့ Sweetyလို့ခေါ်ရတာလဲ? ဘာလို့ ဖုန်းပြောတဲ့အသံက ထူးဆန်းနေတာလဲ?စသဖြင့် မေးခွန်းတွေမေး၊ စကားတွေပြောရင်း ကိစ္စကသူထင်ထားသလို ရိုးရှင်းမနေမှန်းသိသွားတဲ့အခါ....အမ်မလီလိုက်တန်ဆိုတဲ့ အမျိုးသမီးက ဘယ်သူလဲ? သူအခုကြုံနေရတဲ့ကိစ္စက ...
movie
The Guilty (2021)
2021
7.6
The Devil All the Time 2020
ရောဘတ် ပတ်တီဆန် နဲ့ တွမ် ဟော်လန်တို့ရဲ့ နက်ဖလစ် ရုပ်ရှင်အသစ်ရပါပြီ။ လက်ရှိမှာတော့ IMDb 7.9 ရထားပါတယ်။ တကယ်ကို ထိုက်ထိုက်တန်တန်ရတာပါပဲ။ နောက်ခံစကားပြောလေးနဲ့ ဂန္ဓဝင်ရုပ်ရှင်ဟောင်းတွေရဲ့ အငွေ့အသက်လေးတွေနဲ့ ဖန်တီးထားတာပါပဲ။ မူရင်း ခေတ်ဟောင်း ဝတ္ထုကို မဖတ်ဖူးပေမယ့် ရုပ်ရှင်ကို ကြည့်လိုက်တာနဲ့တင်အတော်ကို ကောင်းမယ့် ဝတ္ထုဆိုတာ သိလိုက်ပါတယ်။ အရမ်းကောင်းပေမယ့် လူတိုင်းတော့ ကြည့်လို့အဆင်ပြေမယ်မထင်ပါဘူး။ ဘာသာရေးအစွန်းရောက်မှုတွေ၊ ဘာသာရေးအမြတ်ထုတ်တာတွေ၊ စိတ္တဇလူသတ်သမားတွေနဲ့ ချိတ်ဆက်ပြီး ဇာတ်ကို ဖွဲ့စည်းထားတဲ့အပြင် သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေလည်း ပါတော့ ကြောက်စရာတွေ မကြိုက်တတ်တဲ့သူတွေတော့ အတွက်တော့ မကောင်းပါဘူး။ ကျွန်တော်ကတော့ အတော်ကိုကြိုက်ပါတယ်။ ကြည့်ပြီးပြီးချင်း ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါပြီ။ အကြိုက်တူတဲ့သူတွေ သဘောကျကြမှာပါ။ File Size : 1 Gb / 400 mb Quality : webrip 1080p/720p/480p Format…mp4 Duration…2hr 18min Genre ...
movie
The Devil All the Time 2020
6.6
The Lodge (2019)
ဟော်ရာ ရုပ်ရှင်အသစ်လေး ကြည့်ရအောင်။IT ရုပ်ရှင်ထဲက ကလေးသရုပ်ဆောင်လေးလည်း ပါပါတယ်။ဇာတ်လမ်းအကျဉ်း - သားတစ်ယောက် သမီး ၁ ယောက် ရှိတဲ့လင်မယား ၂ ယောက်ဟာ ကွာရှင်းဖို့အကြောင်းဖန်လာပါတယ်။ခင်ပွန်းဖြစ်သူက နောက်မိန်းမလည်း ယူတော့မယ့် အခြေအနေမှာမိန်းမဖြစ်သူဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။နောက်မိန်းမကလည်း ငယ်ငယ်တုန်းက တစ်မိသားစုလုံးဘာသာရေးအစွန်းရောက်ပြီး သတ်သေသွားခဲ့တဲ့မိသားစုရဲ့ တစ်ဦးတည်းကျန်ခဲ့တဲ့သူပါ။အဲဒီနောက်မှာတော့ ခရစ္စမတ်အတွက် တောင်ကုန်းတွေပေါ်ကအိမ်ကလေးတစ်လုံးမှာ ကလေး ၂ ယောက်ရယ် မိထွေးလောင်းရယ်အချိန်အတူကုန်ဆုံးဖို့ ကြုံလာခဲ့တယ်။အဲဒီနောက်မှာတော့ သရဲလေလား၊ လူလေလား၊ဘယ်သူက သေပြီးဘယ်သူက ရှင်နေတာလဲဆိုတော့ပဟေဠိတွေနဲ့ ကြောက်စရာတွေ ကြုံလာရပါတော့တယ်။ File Size : ( 1 GB , 314 MB) Quality : ...
movie
The Lodge (2019)
6.0
Earthquake Bird (2019)
ဒီတစ်ခေါက်အသစ်ထွက်ရှိလာတဲ့ကားလေးကတော့Mystery,Thriller အမျိုးအစားကားသစ်လေးပါ။ဇာတ်လမ်းလေးနာမည်ကတော့ Earthquake Bird(2019)ပါ။ရင်တဖိုဖို အားမလိုအားမရခံစားချက်တွေကိုပေးစွမ်းနိုင်တဲ့ဒီကားလေးကတော့ CM ပရိတ်သတ်ကြီးအကြိုက်ဖြစ်မယ်လို့လဲမျှော်လင့်မိပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ပြလိုပါသေးတယ်။ဇာတ်လမ်းကတော့ လီလီဆိုတဲ့ကောင်မလေးတစ်ယောက်ပျောက်နေရာကနေ စတာပါပဲ။လီလီရဲ့ အသိမိတ်တွေ လူဝီဆာဆိုတဲ့ ကောင်မလေးကိုရဲတွေကစစ်ဆေးမေးမြန်းရင်းနဲ့အရင်အတိတ်ဇာတ်ကြောင်းတွေဆီပြန်သွားပါတယ်။လူဝီဆာဆိုတဲ့ကောင်မလေးကအေးအေးဆေးဆေးတိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ဆွီဒင်နိုင်ငံသူလေးပါ။ဂျပန်မှာစကားပြန်အလုပ်လုပ်ကိုင်ရင်း ထဲဂျီဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတော့တယ်။ထဲဂျီနဲ့တွေ့ပြီးတဲ့နောက်လူဝီဆာတစ်ယောက်ဘယ်လိုတွေပြောင်းလဲလာမလဲ?လီလီကရော ဘာလို့ပျောက်ဆုံးသွားတာလဲ?ဘယ်သူ့လက်ချက်လဲ?စတဲ့မေးခွန်းတွေကို တစ်လွှာချင်းခွာချရင်းစိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးပါ File Size : (1 GB , 376 MB )Quality : WEB-DL 720pRunning Time : 1 hr 47 minFormat : Mp4Genre : Crime , Drama , MysterySubtitle : Myanmar Subtitle (Hard Sub)Translated by Aye Mon ...
movie
Earthquake Bird (2019)
2019
5.8
Hold the Dark(2018)
Hold the Dark(2018)သားရဲ တိရစ္ဆာန်တစ်ကောင်ဖြစ်တဲ့ ဝံပုလွေတစ်ကောင်ရဲ့ နေထိုင်မှုပုံစံဟာ ကျွန်တော်တို့အမြင်မှာတော့ရက်စက်ကြမ်းယုတ်နေတယ်...တစ်ခုတော့ရှိတော့ ဝံပုလွေတစ်ကောင်ရဲ့ နှလုံးသားကို ကျွန်တော်တို့တစ်ခါမှမြင်အောင်မကြည့်ခဲ့ကြသလို ဖေးမစာနာစရာလိုတယ်လို့လည်း တစ်ခါမှ မစဉ်းစားခဲ့ကြဘူး....ဝတ္ထုအနေနဲ့ အောင်မြင်ခဲ့တဲ့ Hold the Dark ကိုရုပ်ရှင်အဖြစ်အသက်သွင်းထားတဲ့ Hold the Dark (2018) ဇာတ်ကားဟာ ဝံပလွေတွေနဲ့ အဓိက ဇာတ်အိမ်တည်ထားတယ်...Medora Sloaneဆိုတဲ့အမျိုးသမီးမှာ သိပ်ချစ်ရတဲ့ သား(၃)ယောက်ရှိတယ်...ကံဆိုးစွာပဲ ဒီသားလေးတွေဟာ ဝံပုလွေဆွဲလို့ အသက်ဆုံးရှုံးသွားတယ်...မိခင်ဖြစ်သူအတွက် ဝံပလွေတွေဟာ နာကျဉ်းစရာ စက်ဆုတ်စရာပေါ့...အမေဖြစ်သူဟာ ဝံပုလွေကို အမုန်းကြီးမုန်းလေတော့ ဝံပုလွေအကြောင်းကိုလေ့လာနေသူစာရေးဆရာလည်းဖြစ် မုဆိုးလည်းဖြစ်တဲ့ Russell Core ကို အကူအညီတောင်းတယ်..အဲ့ဒါကတော့ဝံပုလွေတွေကိုလက်စားချေ သတ်ဖြတ်ပေးဖို့ပါပဲ...Russell တစ်ယောက် ဝံပုလွေရှာပုံတော်ဖွင့်ရင်း ဘာတွေဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...ဒီကားက ရှုံထောင့်စုံကနေ ကြည့်ရှုသူကို ဆွဲခေါ်သွားရင်း တွေးစရာလေးတွေပေးသွားတဲ့ကားလေးလည်းဖြစ်ပါတယ်...ဇာလမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်...File Size : (850 MB) and (376 MB) Quality : ...
movie
Hold the Dark(2018)
2018
7.3
Logan Lucky (2017)
အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ၂၀၁၇ မှာ အသစ်စက်စက် ထွက်လာတဲ့ Logan Lucky ဆိုတဲ့ဟာသဆန်ဆန် ဇာတ်ကားကောင်းလေးပါ။ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးနဲ့ညီအစ်ကိုတွေကြားကသံယာဇဉ်လေးတွေကိုမိသားစုစိတ်ဓာတ်လေးတွေကိုရိုက်ပြသွားတာပါ။ဒီထဲမှာတော့ ဂျင်မီလိုဂန်နဲ့ စလိုက်လိုဂန်တို့ ညီအစ်ကို ၂ ယောက်အဖြစ် Channing Tatum နဲ့ Adam Driver တို့ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။အစ်ကိုဖြစ်သူဂျင်မီက ခြေဆာနေပြီး ညီဖြစ်သူ စလိုက်ကတော့ လက်ပြတ်နေသူပါ သူတို့ဟာ မွေးရာပါမဟုတ်ဘဲ လိုဂန်မိသားစုရဲ့ကံဆိုးခြင်းကျိန်စာကြောင့် ဖြစ်ရတယ်လို့ ထင်နေတာပါတစ်နေ့တော့ ဂျင်မီအလုပ်ပြုတ်သွားတဲ့အခါ သူက ဓားပြတိုက်ဖို့ အစီအစဉ်တွေ ဆွဲပြီး သူ့ညီကို ပါအောင်ဆွဲဆောင်ပါတော့တယ်သူတို့ ၂ ဦးသဘောတူသွားချိန်မှာတော့ ဘဏ်မီးခံသေတ္တာကို ဖောက်နိုင်တဲ့ တစ်ဦးတည်းသော သူဖြစ်တဲ့ ဂျိုးဘန်းကို လိုအပ်လာပါတယ်ဂျိုးဘန်းနေရာမှာတော့ ဂျိန်းစဘွန်းမင်းသားကြီး Daniel Craig ကသရုပ်ဆောင်ပေးထားတာပါ။ဒီနေရာမှာဂျိန်းစ်ဘွန်းမင်းသားဟောင်းကြီးရဲ့သရုပ်ဆောင်ဟန်တွေကိုပီပီပြင်ပြင်တွေ့ရမှာဖြစ်ပါတယ်။သူ့ရဲ့ပေါ့ပေါ့ပါးပါးနဲ့ကျရာဇာတ်ကိုသရုပ်ဆောင်ထားပုံကကြည့်ရသူကိုအားရကျေနပ်စေမှာပါ။ထောင်ကျနေပေမယ့်သူ့ရဲ့geniusအတွေးအခေါ်တွေသိပ္ပံပညာတွေသုံးပြီး ထောင်ကျနေချိန်ဖြစ်နေတာတောင် သူတို့ ဘယ်လိုအစီအစဉ်တွေ ချပြီး ဓားပြတိုက်မလဲ ဆိုတာတော့တကယ်စိတ်ဝင်စားဖွယ်နဲ့ဟာသလေးနှောပဲရိုက်ကူးထားတာလေးတွေကို ကြည့်ရှုကြပါဦးIMDb ...
movie
Logan Lucky (2017)
2017
6.9
It Comes at Night (2017)
ဒီဇတ်လမ်းရဲ့အစနိဒါန်းမှာ ပေါလ်ရဲ့ယောက္ခထီးကြီးဟာ ကူးစက်မြန်တဲ့ကတ်ရေဂါကို ခံစားနေရရင်း သေလုမျှောပါအခြေအနေတစ်ခုမှာရင်ဆိုင်နေရပါတယ်ဒီတော့ ပေါလ်ဟာ ရောဂါမကူးစက်နိုင်ခင် သူ့ယောက္ခမကြီးကိုသူကိုယ်တိုင်သတ်ပစ်လိုက်ပါတယ်....အဲဒီနောက်မှာ ထူးဆန်းတာတစ်ခုက အဲဒီညမှာပဲ ပေါလ်တို့အိမ်ကို ဝေလ် ဆိုတဲ့လူတစ်ယောက်ဖောက်ဝင်လာပါတယ်ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပေါလ်တို့ဟာထိုလူနဲ့ရင်းနှီးသွားကြပြီး ဝေလ်တို့ရဲ့မိသားစုနဲ့ပေါလ်တို့မိသားစု အတူတူနေထိုင်ကြပါတယ်ဒါပေမယ့် ဝေလ်တို့မိသားစုရောက်လာတာ သဘောရိုး ဟုတ်ပါရဲ့လားပေါလ်ကိုလူသတ်မှုနဲ့ဖမ်းချင်လို့ လှည့်ကွက်ဆင်ပြီးလာတာမျိုးလားပေါလ်သတ်လိုက်တဲ့ အဖိုးကြီးကိုတစ်ခါပြန်ကြည့်မယ်ဆိုရင်လည်း သူဟာ မကျွတ်မလွှတ်တဲ့ဘဝနဲ့ လာပြီးခြောက်နေမှာလားဆိုတာ....ဇတ်လမ်းသွားက ခပ်အီအီတော့နိုင်ပေမယ့် ခြောက်ခြားမှုတွေကိုနှစ်သက်ရင်တော့ ကြည့်ပါစေလို့ တိုက်တွန်းရင်းဒီမှာတင်ခဏနားလို့ တစ်ခန်းရပ်ပါရစေ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က စောင်အက်ဖ်အေ ဂျွန်လယောငိပါ) File Size : (700 MB) and (230 MB) Quality : 720pWebdl Running Time : 1hr 31minutes Format : Mp4 Genre : Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
It Comes at Night (2017)
2017