စတော့ခ်ဟုမ်းမ် ဆိုင်ဒရုမ်းဆိုတာကို Money Heist ပရိသတ်တွေဆိုရင် သေချာပေါက် သိကြပါတယ်။ ပြန်ပေးဆွဲခံရတာ၊ ဓားပြတိုက်ခံရတာ၊ အဖမ်းခံရတာလို အခြေအနေမျိုးမှာ ဓားစာခံတွေဘက်က ဖြစ်လေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားရောဂါ တစ်မျိုးပေါ့။ ဒီရောဂါကို ခံစားရတဲ့သူတွေက သူတို့ကို ဖမ်းခေါ်ထားတဲ့ . . . သူတို့ကို အန္တရာယ်ပြုနိုင်တဲ့လူတွေနဲ့ တစ်ဖက်တည်း သွားပူးပေါင်းလိုက်တာမျိုး၊ ကူညီပေးတာမျိုးတွေ လုပ်လေ့ရှိတာပါ။
‘Billion Dollar’ Bluff လို့ခေါ်တဲ့ ပြီးခဲ့တဲ့ လပိုင်းကမှ ထွက်ထားတဲ့ ရုပ်ရှင်ကလဲ အဲဒီအိုင်ဒီယာပေါ်မှာ အများကြီး အခြေခံထားပါတယ်။ ဆာရှာဂျွိုင်းအမည်ရတဲ့ ကောင်မလေးက ‘ဖလစ်ခ်မို’ လို့ အမည်ရ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုပေါ်မှာ သန်းနဲ့ချီတဲ့ ဖော်လိုဝါကို ပိုင်ဆိုင်ထားတဲ့ ဆိုရှယ်အင်ဖလူဝမ်ဇာမလေးပါ။ အင်ဖလူဝမ်ဇာတွေရဲ့ ထုံးစံအတိုင်း လိုက်ဖ်တွေလွှင့်၊ သူ့ရဲ့ နေပုံထိုင်ပုံတွေနဲ့ ပတ်သက်လို့ စတေးတပ်စ်တွေ အမြဲတင်နေတော့ လူတွေကလဲ အဟုတ်မှတ်ကြပါတယ်။
ဘီလျံနာသူဌေးကြီး တစ်ဦးရဲ့ သမီးအဖြစ်လဲ သိထားကြတာပါ။ ဒါပေမဲ့ တကယ့်တကယ်တမ်းက အဲဒီဆာရှာဂျွိုင်းဆိုတာ နာမည်အတုဖြစ်ပြီး အဲဒီကောင်မလေးကလဲ ဘီလျံနာသမီး ဟုတ်မနေပါဘူး။ ဒီလိုအယောင်ဆောင်ရင်းပဲ လူတွေရဲ့ စိတ်ဝင်စားမှုကို ရနေတဲ့ ဆာရှာတစ်ယောက် ပွဲတစ်ခုကို သွားရင်း အပြန်မှာ ပြန်ပေးဆွဲခံရပါတယ်။ ပြန်ပေးဆွဲသမားတွေက သူ့ကို တကယ့်သူဌေးသမီးမှတ်ပြီး ငွေညှစ်ဖို့ ဖမ်းခေါ်လာခဲ့ကြပေမဲ့ အဖြစ်မှန်တွေ သိသွားတဲ့အခါ . . .
မီဒီယာရဲ့ အတန်ရှင်ကို တအားလိုချင်တဲ့ ဆာရှာနဲ့ ငွေလိုအပ်နေတဲ့ ပြန်ပေးသမားတို့ ပေါင်းမိကြပြီး တကယ့် ဒိတ်ဒိတ်ကြဲလှပါချည်ရဲ့ဆိုတဲ့ သူဌေးတွေရဲ့ အိမ်တွေကို တစ်အိမ်ပြီး တစ်အိမ် လိုက်ဖောက်ထွင်းပါတော့တယ်။ အဓိကဇာတ်ကောင် ဆာရှာဂျွိုင်းနေရာမှာ The Last Man စီးရီးက Bukola Ayoka က ပါဝင်ထားပြီး ပြန်ပေးသမားခေါင်းဆောင်အဖြစ်နဲ့ Kim’s Convenience မှာ ဆစ်ဒ်နေအဖြစ် သိခဲ့ကြတဲ့ Nicolette Pearse ကို မြင်ရပါလိမ့်မယ်။ Stefan Brogren ရိုက်ကူးထားပြီး Mariam Barry က တွဲဖက်ကူညီပေးထားပါတယ်။ ဇာတ်လမ်းဇာတ်ကွက်အရတော့ ပျင်းစရာ မကောင်းပေမဲ့ အချိန်ပိုမှ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားလို့တော့ မယုတ်မလွန် ပြောပါရစေ။
File size…(635 MB)
Quality….Webrip 720p
Format…mp4
Duration….01:37:00
Genre… Crime, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Thu Kha
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။