ဒီတစ်ခေါက်မှာ CM က တင်ဆက်ပေးလိုက်တာကတော့
American Wages လို့ ခေါ်တဲ့ Comedy , Crime အမျိုးအစား
ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် ။
မိန်းမလှလေးတစ်ယောက်ဖြစ်တဲ့ အက်ရှလေဟာ ကားဝပ်ရှော့မှာ
စက်ပြင်ဆရာလုပ်တဲ့ ဂျက်ခ်နဲ့ ယူထားပြီးတဲ့နောက် ဆန်ကုန်
မြေလေးနဲ့ ယူလိုက်လေခြင်းရယ်လို့ အမေဖြစ်သူဆီက နေ့စဥ်
ရက်ဆက် အပြောခံနေရသလို တစ်ဖက်မှာလည်း သူတို့ဟာ
ကိုယ်ပိုင်အိမ်တောင် မရှိဘဲ Trailer ကားထဲမှာ နေရတာဖြစ်ပြီး
မီတာခတွေပေးဖို့တောင် အနိုင်နိုင်ဖြစ်နေရတဲ့ အခြေအနေပါ ။
ဒီလို အခြေအနေမျိုးမှာ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို
ဒဏ်ရာရထားတဲ့လူတစ်ယောက်ဟာ ငွေထုပ်ကြီး တင်လာတဲ့
ကားတစ်စီးနဲ့အတူ သူတို့အိမ်ရှေ့ကို ရောက်လာခဲ့ပါတယ် ။
သူတို့ လင်မယားက ဆေးရုံပို့ပေးဖို့ စဥ်းစားခဲ့ပေမဲ့ အဲဒီလူက
ဆေးရုံမပို့ဖို့ ဆရာဝန်ကိုလည်း မခေါ်ဖို့ ပြောလာတဲ့အခါ သူတို့
ဘယ်လိုဆုံးဖြတ်ကြမလဲ …
အဲဒါအပြင် ငွေထုတ်ကြီးထဲက ပိုက်ဆံပမာဏကို မြင်လိုက်တဲ့
အခါမှာ လောဘတက်လာတဲ့ သူတို့ နှစ်ယောက် ဘာဆက်လုပ်
ကြမလဲ …….
လောဘရဲ့ တစ်ခဏစေ့ဆော်မှုနောက်ကို လိုက်မိတဲ့ သူတို့
နှစ်ယောက် အဲဒီပိုက်ဆံတွေကိုရော လူမမိအောင် သေချာ
ထိန်းသိမ်းနိုင်မှာလား …
နောက်ဆုံးမှာ သူတို့ ထင်ထားသလို သူတို့ နှစ်ယောက်
သန်းကြွယ်သူဌေးတွေအတွက် ကောင်းစားသွားမလား
ဆိုတာကိုတော့ American Wages ရုပ်ရှင်မှာ အတူတူ
ကြည့်ရှုလိုက်ရအောင်နော် ။
File size… (847 MB)
Quality… WEB-DL 1080p HEVC
Format…mkv
Duration….1h 19m
Genre …..Comedy , Crime , Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Hazelle
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။